ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio
Land Myanmar
Genres Nachrichten
Sprache MY
Folgen 27
Letzte 17.07.2026

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်သည် နောက်ဆုံးရသတင်းများနှင့် မျက်မှောက်ရေးရာအစီအစဉ်များကို တင်ဆက်ပေးသော မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် ရေဒီယိုအစီအစဉ်ဖြစ်သည်။ ဤပေါ့ဒ်ကတ်စ်သည် ဘီဘီစီမြန်မာပိုင်း၏ နေ့စဉ်သတင်းအစီအစဉ်ကို အသံသွင်းထားခြင်းဖြစ်သည်။

Folgen

  • အာဇာနည်နေ့ အထူးပုဂ္ဂိုလ် တက်မယ်ဆိုတဲ့ သတင်းတွေ ထွက်၊ အစိုးရဌာနတွေနဲ့ချိတ်ဆက်ရာမှာ အဂတိကင်းရေး အဆို အတည်ပြု 17.07.2026 15Min.
    ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ တရုတ် နှောင့်ယှက်တယ် ဆိုပြီး ထရမ့် စွပ်စွဲ
  • မြန်မာကမ်းလွန်မှာ လှေနှစ်စင်း နစ်မြုပ်ပြီး လူ ငါးရာကျော် သေဆုံးနိုင်၊ မြန်မာ-ရုရှား ပူးတွဲ စစ်ရေးလေ့ကျင့်မှု နေပြည်တော်မှာ လုပ် 16.07.2026 14Min.
    ယူကရိန်းကာကွယ်ရေး ဝန်ကြီးနဲ့ တပ်ချုပ်ကြား တင်းမာမှု သမ္မတ စောဒက တက်
  • ဦးမင်းအောင်လှိုင်ကို တရားဝင် လည်ပတ်ဖို့ ထိုင်းက ဖိတ်ကြား ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာဖို့ရှိ 15.07.2026 15Min.
    ဒရုန်းထုတ်လုပ်မှု အရှိန်မြှင့်ဖို့ ယူကရိန်းနဲ့ အီးယူ သဘောတူ
  • စနစ်ဟောင်း တက္ကသိုလ်ဝင် စာမေးပွဲ မဖြေခဲ့သူတွေကို ဖြေခွင့်ပြုမယ် ၊ မြန်မာ နေရပ်စွန့်ခွာထွက်ပြေးသူ လေးသန်းနီးပါးရှိလာ 14.07.2026 15Min.
    အီရန် ဆိပ်ကမ်းမြို့ကြီးတွေကို ထိမှန်တဲ့ အမေရိကန် တိုက်ခိုက်မှု နေ့မှာပါ ဆက်ဖြစ်
  • ဖိလစ်ပိုင်နဲ့ ထိုင်း မြန်မာ လက်နက်ကိုင်အဖွဲ့တချို့နဲ့ တွေ့ဆုံ၊ ရွှေစက်တော်တဝိုက် တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုး 13.07.2026 14Min.
    ဟော်မုဇ် ဖြတ်ဖို့ ကြိုးစားတဲ့ သင်္ဘော နှစ်စင်းကို အီရန် သတိပေး ပစ်ခတ်
  • နေပြည်တော် အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ကို အာစီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံ 12.07.2026 14Min.
    - အိုမန်က အမေရိကန် ဆီဖြည့်စခန်းတွေကို အီရန်တိုက်ခိုက်လို့ အိုမန်က အီရန်သံအမတ်ကို ဆင့်ခေါ်။ - အီရန်နဲ့ အမေရိကန် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နဲ့ ညှိနှိုင်းရေးမှာ သူတို့ဘက်က တဖက်သတ် သဘောတူညီမှုတွေ ကုန်ဆုံးသွားပြီလို့ အီရန် ပါလီမန် ဥက္ကဋ္ဌ က ပြော။ - ဆူဒန်နိုင်ငံအလယ်ပိုင်း အယ်လ်-အိုဘိုက်မြို့မှာ တိုက်ပွဲတွေကြောင့် ကလေးငယ် ငါးသိန်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကလေးများအေဂျင်စီ ယူနီဆက်ဖ် က သတိပေး။ - တောင်ကိုရီးယား ရေတပ်သား ပျောက်ဆုံးမှု ကူရှာပေးဖို့ မြောက်ကိုရီးယား ဆီအကူအညီတောင်း။ - စပိန်တောမီး ငြိမ်းသက်နိုင်ပြီ ဖြစ်ပေမယ့် ပျောက်ဆုံးသူ ၈ ယောက် ရှိနေဆဲ။ - ယခုနှစ် တရုတ်ပြည်မကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်းဘာဗီ ကြောင့် အရှေ့ဘက်ကမ်းရိုးတန်းမှာ မိုးသည်းသည်းထန်ထန် ရွာနေ။ - ရုတ်တရက် နာမကျန်းဖြစ်ပြီး အမေရိကန် အထက်လွှတ်တော်အမတ် Lindsey Graham ဟာ အသက် ခုနစ်ဆယ့်တစ်နှစ်မှာ မနေ့က ကွယ်လွန်။ - အိန္ဒိယက အသက် ၂၂ နှစ်အရွယ် ခရစ်ကက် အားကစားသမား Kranti Gaud ဆိုတဲ့အမျိုးသမီးဟာ လန်ဒန်က လော့ဒ်ခရစ်ကတ်ကွင်းရဲ့ Test Honours Board ဘုတ်အဖွဲ့ဝင် ရာထူးနေရာတစ်ခု ရပြီး သမိုင်း မှတ်တမ်းတင်။ - ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နော်ဝေအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးလေးသင်းအဆင့်ကို တက်ရောက်ခွင့်ရခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ချောက်မြိုနယ်၊ တောင်သာရွာနဲ့ စမ်းကန် ရွာကြားမှာ တော်လှန်ရေး ရဲဘော် ၂၀ ဦး သတ်ဖြတ်ခံရ 11.07.2026 14Min.
    - ပြည်ပကသွင်းရတဲ့ စားသုံးဆီနဲ့ စက်သုံးဆီဟာ နိုင်ငံခြားငွေအများအပြား သုံးစွဲရလို့ တင်သွင်းမှု လျှော့ချရေး ဦးမင်းအောင်လှိုင်က ပြောကြားခဲ့တာကြောင့် အစိုးရ ဆောင်ရွက်နေတဲ့ ရက် ၁၀၀ စီမံချက်နဲ့ သွင်းကုန်လျှော့ချ ရေး၊ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးမူဝါဒဟာ နိုင်ငံ့စီးပွား ရေးအပေါ်သက်ရောက်မှုဘယ်လိုရှိပါသလဲ - ဟောမုဇ် ရေလက်ကြားဖွင့်ထားကြောင်း ကမ္ဘာကိုကြေညာပေးဖို့ အမေရိကန်က အီရန်ကို တောင်းဆို ။ - ကာတာကပေးတဲ့ Air Force One မှာ လုံခြုံရေးအရ စိုးရိမ်စရာ ရှိတယ်လို့ New York Times မှာ ဖော်ပြမိလို့ သတင်းထောက်တွေ ဆင့်ခေါ်ခံရ။ - ရုရှားရဲ့ မနေ့တညလုံး ဒုံးကျဉ်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ဒဏ်ရာရသူ ဒါဇင်ချီ။ - စပိန်တောမီး ငြိမ်းသက်နိုင်ပြီ ဖြစ်ပေမယ့် လူအများအပြား သေဆုံးမှုရှိခဲ့ ။ - အင်ဒိုနီးရှားမှာ အဂတိတိုက်ဖျက် ထိပ်တန်းအရာရှိ အိမ်နဲ့ တခြား ပိုင်ဆိုင်ရာ နေရာကို ရဲက ဝင်ရှာရာမှာ ရွှေချောင်း ကီလို ၇၀ ခန့်နဲ့ ငွေသား ဒေါ်လာ သန်း ၂၀ကျော် သိမ်းဆည်းရမိ။ - ဗီယက်နမ်မှာ ခရီးသွားတင်ဆောင်လာတဲ့ စပိဘုတ်တိမ်းမှောက်မှု လူ၁၅ ယောက်သေဆုံး။ - ဒီနေ့ ကစားမယ့် အင်္ဂလန်နဲ့ နော်ဝေ ပွဲစဉ်အချိန်အတွင်း ရာသီဉတုဆိုးရွားနိုင်တယ်လို့ ခန့်မှန်းထားတဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • လားရှိူး လူနေရပ်ကွက်တွေထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရလို့ လူသေဆုံးတဲ့ အထိ ဖြစ်၊ ရခိုင်မှာလည်း နေရာအများစုမှာ ရေကြီးနေ 10.07.2026 15Min.
    စပိန်တောင်ပိုင်း တောမီး အကြီးအကျယ်လောင်လို့ လူတစ်ဒါဇင်ထက်မနည်း သေဆုံး၊ ၂၀ နီးပါး ပျောက်နေ
  • အမေရိကန်နဲ့ အီရန် ဒုတိယ မြောက် ည အပြန်အလှန် ဆက်လက်တိုက်ခိုက် 09.07.2026 15Min.
    နိုင်ငံဝန်ထမ်းတွေကိုပါ စစ်မှုထမ်းခေါ်ဖို့ အသွင်ပြောင်း အစိုးရ ပြင်ဆင်နေ
  • အမေရိကန်နဲ့ အီရန်ကြား ပြန်လည်တိုက်ခိုက်၊ အပစ်ရပ်သဘောတူမှု မရှိတော့ဘူးလို့ ထရမ့်ပြော 08.07.2026 15Min.
    အခြေခံဥပဒေပြင်ဖို့ ၄၃ ချက် ဆိုပြီး ပြည်ထောင်စု လွှတ်‌တော်ဆီ နေပြည်တော်သမ္မတ ပေးပို့
  • ထောင်လွှတ်ရက်စေ့ပေမယ့် ဆက်ဖမ်းထားတဲ့ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ပုဒ်မ ထပ်တိုးပြီး ထောင် ၅ နှစ်ချ 07.07.2026 15Min.
    ပြင်သစ်သမ္မတတည်းနေတဲ့ ဆီးရီးယား ဒမတ်စကပ်စ်မြို့က ဟိုတယ်အနီး ဗုံး နှစ်လုံးကွဲ
  • အီရန်ခေါင်းဆောင် အလီခါမေနီရဲ့ ခေါင်းတလားကို တဟီရန်မြို့ကို ဖြတ်ပြီး သယ်၊ ပူဆွေးနေတဲ့ လူပင်လယ်ကြီးကို တွေ့မြင်ရ 06.07.2026 15Min.
    ငလျင်မှာ အသေအပျောက်ကြီးမားခဲ့တဲ့ မန္တလေး စကိုင်းဗီလာကွန်ဒို ဆောက်ခဲ့သူကို ထောင် ၅ နှစ်ချ
  • အလီခါမေနီ ဈာပန ဦးတင်အောင်စန်း တက်၊ ရှမ်းမြောက်နဲ့ မိုးကုတ်က စစ်ရှောင်တချို့ နေရပ်ပြန် 05.07.2026 14Min.
    အယာတိုလာ စျာပန သားသုံးယောက် တက်၊ နောက်လ တရက် ရေနံစည် နှစ်သိန်းနီးပါး အိုပက် တိုး ထုတ်မယ်
  • မြန်မာက စတားလင့် အင်တာနက်တွေ ပိတ်သိမ်းခံရ၊ ရန်ကုန် ၊ ဧရာဝတီနဲ့ မန္တလေးတိုင်းမှာ မိုးကြီးလို့ ကမ်းပါးပြို 04.07.2026 14Min.
    စိန့်ပီတာစဘတ်ကို ယူကရိန်း ညလုံးပေါက် တိုက်ခိုက် ၊ ခါမေနီ ရုပ်ကလာပ် သန်း ၂၀ ထိ ဂါရဝပြုမယ်
  • အီရန်ရဲ့ ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်ထားမှုအပေါ် စိန်ခေါ်မှုတွေလုပ်လာရင် တင်းမာမှုတွေ တိုးလာလိမ့်မယ်လို့ အီရန် သတိပေးလိုက် 28.06.2026 15Min.
    - အီရန်ရဲ့ ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်ထားမှုအပေါ် စိန်ခေါ်မှု လုပ်လာခဲ့ရင် တင်းမာမှုတွေ တိုးလာလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး သတိပေးလိုက် - ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲပြင်းထန်နေ - အီရန်စစ်ပွဲရဲ့ အကျိုးဆက် စက်သုံးဆီအကျပ်အတည်းကြောင့် ဒီနှစ် မိုးစပါးအထွက်နှုန်းအပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင် - တက္ကသိုလ်ဝင်တန်းစာမေးပွဲ တစ်နိုင်ငံလုံးအောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိတယ်လို့ဆို - ယူဂန်ဒါမှာ သီးခြားလွတ်လပ်တဲ့ သတင်းမီဒီယာအုပ်စုကြီးပိုင်တဲ့ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကို စစ်ဦးစီးချုပ်အမိန့်နဲ့ ပိတ်ပစ်လိုက် - အီရတ်မှာ ဝန်ကြီးချုပ်သစ်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး စစ်ဆင်မှုအတွင်း နိုင်ငံရေးသမားတွေ၊ အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ဖမ်းဆီးလိုက် - ပြင်သစ်မှာ အပူလှိုင်းဒဏ်ကြောင့် နောက်ထပ် သေဆုံးသူ တစ်ထောင် တိုးလာ
  • ယင်းမာပင် ခရိုင် တပ်ရင်းမှူးကိုပုလဲမောင် လုပ်ကြံပစ်ခတ် ခံရမှု ထိထိရောက်ရောက် အရေးယူပေးဖို့ NUG ကို တောင်းဆို 27.06.2026 14Min.
    - ဟောမုဇ် ရေလက်ကြားမှာ အမည်မသိဒုံးကျည်ထိမှန်ပြီး ရေနံတင်သင်္ဘောထိခိုက်ပျက်စီး ။ - ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ တထောင်ကျော်ပြီး ပျောက်ဆုံးသူ ရှိနေဆဲ။ - ရုရှား ဗိုလ်ဂါ လက်နက်ထုတ်စက်ရုံ ယူကရိန်း ဒရုန်းထိမှန်။ - ဂရိမှာ အဆိပ်ပြင်းငါးဖမ်းပေးမယ့် တံငါသည်တွေကို အစိုးရကငွေပေးမယ့်အစီအစဉ် စတင် ။ - ဘေဂျင်းက အမြင့်ဆုံးမိုးမျှော်တိုက်ကို ဝင်တိုက်တဲ့လေယာဉ်ငယ်ရဲ့ လေယာဉ်မှူး သေဆုံး။ - တရုတ်နဲ့ရုရှား စစ်လေယာဉ် ၁၀စင်း တောင်ကိုရီးယားလေကြောင်းဇုန်ထဲဝင်ပြီးပြန်ထွက်။ - ဥရောပတလွှား အပူပြင်းထန်မှုကြောင့် မြို့ပေါင်း ၈၀၀ ကျော် လူ ဒါဇင်ချီ သေဆုံး - ဗြိတိန်မှာ တက္ကသိုလ်နဲ့ စီးပွားရေး လုပ်ငန်းတွေက ဒုက္ခသည်တွေ ဝင်ရောက်လာမှုကို ပူးပေါင်းကူညီပေးမယ့် အစီအစဉ် ချမှတ် - ကိပ်ဗာဒီ က ဆော်ဒီကို ဂိုးမရှိသရေကျပြီး ရှုံးထွက်အဆင့်တက်သွားတဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ဗင်နီဇွဲလား အားပြင်း ငလျင်ကြီးနှစ်ခုကြောင့် သေဆုံးသူ ခြောက်ရာနီးပါး ရှိလာ 26.06.2026 15Min.
    - ဗင်နီဇွဲလား အားပြင်း ငလျင်ကြီးနှစ်ခုကြောင့် သေဆုံးသူ ခြောက်ရာနီးပါး ရှိလာ - နေပြည်တော် လွှတ်တော်နှစ်ရပ်မှာ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက် - မြန်မာနိုင်ငံက မူးယစ်ဆေး သုံးစွဲမှု ၊ တိုက်ဖျက်မှုအခြေအနေ - အခုနှစ်ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာကျောင်းတွေမှာ လာရောက်အပ်နှံသူ ၆ သန်းကျော်သာ ရှိခဲ့ - အီရန်က ဟော်မုဇ်ရေလက်ကြားက သင်္ဘောအသွားအလာ ထိန်းချုပ်ပိုင်ခွင့်ရှိကြောင်း အခိုင်အမာပြော - ပြင်သစ်အစိုးရ စာရင်းအင်းဗျူရိုရုံးဌာန သတင်းအချက်အလက်တွေ ဖောက်ထွင်း အခိုးခံခဲ့ရ
  • ဗင်နီဇွဲလား အားပြင်းငလျင်ကြီး နှစ်ခုကြောင့် အနည်းဆုံး လူ ၁၆၀ ကျော်သေဆုံးကြောင်း လောလောဆယ် အတည်ပြု သိရ 25.06.2026 15Min.
    - ဗင်နီဇွဲလား အားပြင်းငလျင်ကြီး နှစ်ခုကြောင့် အနည်းဆုံး လူ ၁၆၀ ကျော်သေဆုံးကြောင်း လောလောဆယ် အတည်ပြု သိရ - ငလျင်ဘေး အကူအညီတွေပေးမယ်လို့ တရုတ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက ကတိပြု - ဧရာဝတီဘဏ်ရဲ့ အကောင့်အချက်အလက်တွေ ဖောက်ထွင်းခိုးယူခံခဲ့ရ - တရုတ်နိုင်ငံက ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ်က မြန်မာနိုင်ငံအပေါ် ဘယ်လိုသက်ရောက်လာနိုင်မလဲ - မြန်မာအမျိုးသမီး ၁၀ ဦးမှာ လေးဦးက ဝင်ငွေလုံးဝမရှိဘူးလို့ ကုလသမဂ္ဂ အစီရင်ခံစာသစ်က ဆို - ရေနံစိမ်းစျေးတွေ ထိုးကျ - ကင်ညာမှာ လူငယ်ဦးဆောင်တဲ့ ဆန္ဒပြမှု နှစ်နှစ်ပြည့် နှစ်ပတ်လည် ဆန္ဒပြပွဲတွေ ကျင်းပဖို့စီစဉ်နေချိန် လုံခြုံရေးတွေ တင်းကျပ်ထား
  • ရန်ကုန်မြို့က အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ ဇူလိုင်လ ၁ ရက်နေ့ကစလို့ စစ်ဆေးမယ် 24.06.2026 15Min.
    - ရန်ကုန်မြို့က အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ ဇူလိုင်လ ၁ ရက်နေ့ကစလို့ စစ်ဆေးမယ် - မြန်မာနိုင်ငံနယ်စပ်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အယောက် ၅၃၀၀ ကျော်အထိ ရှိနေသေး - အမျိုးသားညီညွတ်ရေး NUG အစိုးရရဲ့ ပညာရေးစနစ်အောက်က ကျောင်းသူကျောင်းသားတွေရဲ့ အခြေအနေ - ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာရောဂါ တိုက်ဖျက်ဖို့ အမေရိကန်က စမ်းသပ် ပဋိပစ္စည်း ဆေးတစ်မျိုး ထောက်ပံ့ - ပြင်သစ်မှာ အီဘိုလာရောဂါ ကူးစက်ခံထားရသူ ပထမဆုံးတွေ့ရှိ - အပူချိန် ပြင်းထန်လွန်းတာကြောင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွား - တရုတ်နိုင်ငံထဲကနေ မြေရှားသတ္တုပါတဲ့ ထွက်ကုန်တွေကို ခိုးထုတ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဂျပန်လူမျိုး နှစ်ဦးကို တရုတ်အစိုးရ ဖမ်းဆီး
  • BIMSTEC အဖွဲ့ရဲ့ လာမယ့်နှစ် အတွင်းရေးမှူးချုပ်နေရာမှာ မြန်မာနိုင်ငံက တာဝန်ယူရဖို့ရှိ 23.06.2026 15Min.
    - ဥရောပဒေသ အနောက်ပိုင်းမှာ စံချိန်ချိုးရလောက်အောင် အပူလှိုင်းဒဏ် မြင့်တက်နေ - BIMSTEC အဖွဲ့ရဲ့ လာမယ့်နှစ် အတွင်းရေးမှူးချုပ်နေရာမှာ မြန်မာနိုင်ငံက တာဝန်ယူရဖို့ရှိ - ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပဋိပက္ခ - မြန်မာနိုင်ငံဟာ မက်သာဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်တဲ့ အကြီးဆုံးနိုင်ငံ ဖြစ်လာတယ်လို့ UNODC ထုတ်ပြန် - ဘရပ်ဆဲလ်စ်မြို့ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အီးယူ ဥရောပသမဂ္ဂ အစည်းအဝေးကို တာလီဘန်ကိုယ်စားလှယ်တွေကို တက်ခွင့်ပြု - ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်တိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်းတွေကို လက်ခံမယ်လို့ တောင်ကိုရီးယားအစိုးရက ကမ်းလှမ်း

Beliebt in

Dieser Podcast erscheint auch in den Podcast-Charts dieser Länder.