The Mratt Podcast
Mratt Kyaw Thu
0
An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!
Episodios
-
စစ်တပ်က လော်ဘီလုပ်ဖို့ ငှားလိုက်တဲ့ ထရမ့်ရဲ့ လူယုံက ဘယ်သူလဲ 02.05.2026 10mရော်ဂျာစတုန်းအနေနဲ့ စစ်ဝတ်စုံချွတ် မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအတွက် တကယ်တမ်း ဘာတွေလုပ်ပေးနိုင်မလဲ… သူ့ရဲ့ ဖောက်သည်ကြီး ဒေါ်နယ်ထရမ့်ရဲ့ အစိုးရလက်ထက်မှာ ရော်ဂျာ စတုန်းအနေနဲ့ ဘယ်လောက်အထိ သြဇာသက်ရောက်မှု ရှိလာမလဲ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အိုပက် ရေနံအဖွဲ့ကြီးကနေ ယူအေအီးနုတ်ထွက်ပြီး ဘာဆက်ဖြစ်မလဲ 29.04.2026 12mဟော်မုဇ်ရေလက်ကြား ပြန်ပွင့်သွားတာနဲ့ တပြိုင်နက် ယူအေအီးဟာ ဘယ်သူ့တားဆီးမှုမှမရှိဘဲ ရေနံတွေကို အလုံးအရင်းနဲ့ ထုတ်လာဖို့ ရှိနေပါတယ်။ ဒါဟာ ရေနံစျေးနှုန်းကို ကျဆင်းစေနိုင်သလို၊ ဆော်ဒီရဲ့ မဟာဗျူဟာကိုလည်း အားနည်းသွားစေပြီး OPEC အဖွဲ့ကြီးရဲ့ အနာဂါတ်လည်း ယိုင်နဲ့လာနိုင်ပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အီရန်ကို ဘယ်သူ မောင်းနှင်နေသလဲ 25.04.2026 19m၂ လနီးပါးရှိလာပြီဖြစ်လို့ ဒါဟာ အီရန်ခေါင်းဆောင် သမိုင်းမှာ အတော်ကိုရှားပါးတဲ့အခိုက်အတန့်ပါ။ ခေါင်းဆောင်က လူလုံးထွက်မပြနိုင်ပေမဲ့ အီရန်ဟာ ဒီနေ့ထိ အမေရိကန်ကို တုံ့ပြန်နေဆဲ ဆက်ပြီးတောင့်ခံနေဆဲဆိုတာကို မြင်ရပါတယ်။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။ တနည်းအားဖြင့် အီရန်ကို တကယ်တမ်း ဘယ်သူက မောင်းနှင်နေသလဲဆိုတာပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ရုပ်ပုံလွှာ | ဂျရက် ကပ်ရှ်နာ 22.04.2026 29mသူဟာ ရွေးကောက်ခံရသူ မဟုတ်ပါဘူး။ သူ့ရဲ့ ဘဏ္ဍာရေး အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်တာမျိုး မရှိပါဘူး။ လွှတ်တော်ရဲ့ အတည်ပြုချက်ကိုလည်း မယူထားရပါဘူး။ သူဟာ လူတစ်ယောက်တည်းကိုပဲ ပြန်လည်ဖြေရှင်းဖို့ တာဝန်ရှိပြီး အဲဒီလူကတော့ သူ့ရဲ့ ယောက္ခမ ဖြစ်နေပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အဖြေမထွက်ခဲ့တဲ့ အီရန်-အမေရိကန် ၂၁ နာရီကြာ ဆွေးနွေးပွဲ 13.04.2026 19mပါကစ္စတန် အစ္စလာမာဘတ်မြို့မှာ ကျင်းပခဲ့တဲ့ အီရန်-အမေရိကန် တွေ့ဆုံဆွေးနွေးပွဲက ၂၁ ကြာခဲ့ပေမဲ့ အဖြေ မထွက်ခဲ့ပါဘူး။ နှစ်ဖက်စလုံးကလည်း အကြောင်းရင်းတွေကို ထုတ်ဖော် မပြောကြပါဘူး။ ဒီကြားထဲမှာ အမေရိကန်ဖျက်သင်္ဘောတွေ ဟောမုဇ်ရေလက်ကြားကို ရောက်လာတာအပါအဝင် အီရန်-အမေရိကန် နောက်ဆုံးအခြေအနေတွေကို ကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
လက်ဘနွန်တောင်ပိုင်း ဒုတိယ ဂါဇာ ဖြစ်လာမလား 06.04.2026 21mခုတကြိမ် အီရန်နဲ့ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပါဝင်လာတဲ့ ဟဇ္ဇဘိုလာအပေါ် အစ္စရေးက ရိုးရိုးတန်းတန်း လက်တုံ့ပြန်တာမျိုး မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာကတည်းက သူတို့ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်ကြီးတစ်ခုကို ပြန်အသက်သွင်းလိုက်တာကို မြင်နေရပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အီရန်စစ်ပွဲနဲ့ အရာမထင်သေးတဲ့ သံခင်းတမန်ခင်း 03.04.2026 26mအမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ အီရန်စစ်ပွဲ တလကျော်ခဲ့ပါပြီ။ ပါကစ္စတန်က ကြားဝင်ဖြန်ဖြေဖို့ စီစဉ်နေတာတွေ ရှိပေမဲ့ ခုထိ နှစ်ဖက်စလုံးက အလျှော့ပေးမဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။ တလအတွင်း ဘာတွေ အပြောင်းအလဲဖြစ်ခဲ့သလဲ၊ ငြိမ်းချမ်းရေးဘယ်အခြေအနေရှိမလဲ ကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
'ယော' တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သေဆုံးမှု နောက်ကွယ် 28.03.2026 22mကိုမြတ်သူဦးဆောင်တဲ့ ယောကာကွယ်ရေးတပ် YDF အနေနဲ့ ခု ကျဆုံးသွားတဲ့ ကိုကောင်ကောင်းတို့ရဲ့ ‘မြေပြင်စစ်ဒေသရုံး’ ကို လက်မခံသလို ‘YDF ခွဲထွက်’ ဆိုတာလည်း မရှိဘူးလို့ ဆိုပါတယ်။ ကိုကောင်းကောင်းတို့အဖွဲ့ဟာ ‘ထောင်ဖောက်ပြေးသွားသူ ရာဇဝတ်သားတွေ’ ပဲ ဖြစ်တယ်လို့ ကိုမြတ်သူတို့က သုံးနှုန်းပါတယ်။ ကိုမြတ်သူနဲ့ ကိုကောင်းကောင်းတို့ကြားမှာ မကြေလည်မှုတွေ ရှိနေခဲ့တာ ကြာပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၂၂ ကတော့ နှစ်ဖွဲ့ကြား ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့ပြီးတော့ ကိုကောင်းကောင်းနဲ့ ကိုစိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အီရန်စစ်ပွဲမှာ ဘယ်သူ အမြတ်ထွက်နေသလဲ 16.03.2026 26mအမေရိကန်မှာ ဒီစစ်ပွဲကနေ ထွက်ခွာဖို့ ရှင်းလင်းတဲ့ မဟာဗျူဟာ မရှိသလို၊ အီရန်မှာလည်း အခြေအနေကို ပြန်လျှော့ချဖို့ ထွက်ပေါက် မရှိသေးပါဘူး။ အမေရိကန် အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ညောင်လေးပင်မှာ စစ်တပ်က လူရာချီဖမ်း၊ အစုလိုက်သတ်ဖြတ် 10.03.2026 4mရုပ်သံတခုမှာတော့ သေဆုံးနေပြီးသား အလောင်းတွေလို့ ယူဆရသူတွေကို ပုံလျက်ထပ်ထားတဲ့ အလောင်းပုံ ၂ ခုကို မြင်တွေ့ရပါတယ်။ ဒီအလောင်းပုံတွေနဲ့ မလှမ်းမကမ်းမှာ အရပ်ဝတ်တွေနဲ့ ကျင်းတူးနေတာတွေကိုလည်း မြင်ရပါတယ်။ ဒီကျင်းတူးနေတဲ့ မြေနေရာရဲ့ ရှေ့မှာ ကျောင်းကုန်းသင်္ချိုင်းရှိတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အမေရိကန် အစ္စရေးနဲ့ အီရန် စစ်ပွဲ—နိုင်ငံ ၉ နိုင်ငံထိ ပျံ့နှံ့ထိခိုက်နေပြီ 04.03.2026 19mတစစီဖြစ်နေတာတွေကို ကျနော်တို့ စုစည်းကြည့်လိုက်ရင် ခုလောလောဆယ် စစ်ပွဲဒဏ်ခံနေရတာက အီရန်အစ္စရေးပဲ မဟုတ်တော့ဘဲ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံထိ ရှိနေပြီဖြစ်ပါတယ်။ ၅ ရက်မြောက်နေ့ကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲ နောက်ဆုံးရ အခြေအနေတွေကို ပြောပြသွားပါမယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ခါမေနီ ဘယ်လို သေဆုံးခဲ့သလဲ၊ အီရန်ကို ဘယ်သူ ထိန်းချုပ်သွားမလဲ 01.03.2026 15mအီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ ဘယ်လို သတ်ဖြတ်ခံရတာလဲ၊ ပြီးတော့ သေဆုံးသွားတဲ့အကြောင်း အီရန်အစိုးရက တရားဝင် ကြေညာပြီးတဲ့နောက်ပိုင်းမှာ သူ့နေရာကို ဘယ်သူ ဆက်ခံမလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အီမမ် ခါမေနီ တကယ်သေဆုံးပြီလား—အီရန်စစ်ပွဲ နောက်ဆုံးအခြေအနေ 28.02.2026 19mအီရန်အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီကို သေဆုံးလျက်တွေ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒေါ်နယ်ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာကနေ ရေးထားတာ တွေ့ရပါတယ်။ အီရန်အစိုးရကတော့ ခုထိ တရားဝင်အတည်ပြုထားတာ မတွေ့ရပါဘူး။ ခုဖြစ်နေတာတွေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၈ ညပိုင်းထိ သိရသမျှကို ကျနော်ပြောသွားပ့ါမယ်။ ဒါပေမဲ့ သတင်းက တောက်လျှောက်ဖြစ်နေတာမို့လို့ အချိနနဲ့အမျှပြောင်းလဲနေပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ကမ္ဘာ့အလိုရှိဆုံး မူးယစ်ရာဇာကို ဘယ်လိုဖမ်းဆီးခဲ့ကြသလဲ 25.02.2026 17m'အယ်မန်းချို' ဆိုတာ မက္ကဆီကိုနဲ့ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကို ဆယ်စုနှစ်ပေါင်းများစွာ လှည့်စားရှောင်တိမ်းခဲ့ပြီး ဒေါ်လာဘီလီယံချီတန်တဲ့ ရာဇဝတ်အင်ပါယာကြီးကို တည်ထောင်ခဲ့သူတယောက်ပါ။ အမေရိကန်အပါအဝင် လက်တင်အမေရိကတခုလုံးက မူးယစ်ဆေးနဲ့ ရာဇဝတ်မှုတွေဟာ သူ့လက်ချက်နဲ့လွတ်တဲ့မရှိပါဘူး။ ခု မက္ကဆီကို အစိုးရကို သူ့ကို ဖမ်းဆီးနိုင်လိုက်ပြီဖြစ်ပါတယ်။ 'အယ်မန်းချို' ဆိုတာ ဘယ်သူလဲ၊ မက္ကဆီ တနိုင်ငံလုံး မီးဟုန်းဟုန်းတောက်စေတဲ့ ဖမ်းဆီးမှုက ဘာကြောင့် ဖြစ်လာရတာလဲ၊ သူ့ကို ဘယ်လိုဖမ်းဆီးခဲ့တာလဲ ပြီးတော့ ဒီဖြစ်ရပ်မှာ အမေရိကန်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်ခဲ့သလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
တတိယမြေပြင် | အပိုင်း (၁) 24.02.2026 13mလက်တင် အမေရိကနိုင်ငံတွေမှာ တရုတ်က ဘယ်လိုသြဇာလွှမ်းမိုးလာခဲ့သလဲ၊ ဒီအပေါ်မှာ အမေရိကန်က ဘယ်လိုတုံ့ပြန်ဖို့ ကြိုးစားလာခဲ့သလဲဆိုတာနဲ့ အင်အားကြီးနိုင်ငံတွေက ဒီလိုနိုင်ငံငယ်တွေအပေါ် ဘယ်လိုအမြတ်ထုတ်ခဲ့သလဲ ဆိုတာတွေကို လေ့လာကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အခန်းဆက် ဆောင်းပါးအနေနဲ့ တင်ဆက်သွားပါ့မယ်။ ပထမဆုံး အပိုင်းအနေနဲ့ လက်တင်အမေရိကဆိုတာဘာလဲ၊ သူ့ပထဝီအနေအထားနဲ့ သမိုင်းကြောင်းကို အရင်ဆုံးလေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
အင်တာဗျုး | NUG ရဲ့ ထုတ်ပြန်ချက်အပေါ် တိုင်ကြားသူတွေရဲ့ ပြောကြားချက် 21.02.2026 39mဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံ ဘာဆက်ဖြစ်မှာလဲအမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက အတွင်းဝန်နဲ့ သူ့အမျိုးသားတို့ရဲ့ နဲပတ်သက်လို့ တိုင်ကြားထားတဲ့အပေါ် စုံစမ်းရေးအဖွဲ့က ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တိုင်ကြားထားသူတွေက လက်မခံကြပါဘူး။ ဒီအကြောင်းအသေးစိတ်ကို တိုင်ကြားထားသူတွေကို မေးမြန်းထားပါတယ်။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ရုပ်ပုံလွှာ | ပြည်ပြေးကနေ ဝန်ကြီးချုပ်ဖြစ်လာသူ 19.02.2026 24mတချိန်က ပြည်ပြေးကနေ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဖြစ်လာသူ၊ ရှိတ်ဟာဆီနာ မိသားစုတို့နဲ့အတူ သူ့မိသားစုရဲ့ သမိုင်းကြောင်းတို့အပါအဝင် ဝန်ကြီးချုပ်သစ် တာရစ် ရာမန်အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ရှီကျင့်ဖျင်ရဲ့ အာဏာစက်အောက်က တရုတ်စစ်တပ်ရဲ့ အနာဂတ် 04.02.2026 24mရှီကျင့်ဖျင်ဘေးမှာ ကျွမ်းကျင်သူတွေထက် ကြောက်ရွံ့နေတဲ့သူတွေပဲ ဝိုင်းနေတော့တယ်ဆိုတာပါ။ ဆိုတော့ အရင်က ခန့်မှန်းခဲ့ကြသလို တရုတ်ဟာ ထိုင်ဝမ်ကို မနက်ဖြန်ပဲ တိုက်မလား၊ သဘက်ခါပဲ တိုက်မလားဆိုတာရယ်၊ ဒါမှမဟုတ် လက်ရှိ ဗဟိုစစ်ကော်မရှင်ရဲ့ အခြေအနေအရ စစ်ပွဲတခုကို လက်တွေ့ကျကျ ဦးဆောင်ဖို့ဆိုတာ ဖြစ်လာနိုင်ပါ့မလား။ ဒီနေ့တော့ ရှီကျင့်ဖျင်ရဲ့ အာဏာစက်အောက်က တရုတ်စစ်တပ် ဘယ်လို အပြောင်းအလဲ ဖြစ်လာခဲ့သလဲဆိုတာ ကြည့်ရအောင်ပါ။Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
မြန်မာစစ်တပ်ကို အီရန်အစိုးရက လေယာဉ်ဆီတွေ ဘယ်လိုခိုးရောင်းခဲ့သလဲ 30.01.2026 13mပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ကြေညာချက်တစောင် ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ အလီခါမေနီ ဦးဆောင်တဲ့ အီရန်အစိုးရက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို လေယာဉ်ဆီတွေ ခိုးရောင်ခိုးရောင်းခဲ့တယ်ဆိုတာပါပဲ။ ဒီနေ့ ဒီအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
-
ရုပ်ပုံလွှာ | တစ်တော့ရဲ့ ကြိုးကိုင်သူ အသစ်တဦးဖြစ်တဲ့ လယ်ရီ အဲလစ်ဆန် 27.01.2026 38mOracle တည်ထောင်သူ လယ်ရီ အဲလစ်ဆန်ကို အမေရိကန်ရဲ့ ကန့်လန်ကာနောက်ကွယ်က သမ္မတလို့တောင်မှ အမေရိကန်မီဒီယာတွေ ခိုင်းနှိုင်းဖော်ပြကြပါတယ်။ ကျနော်တို့ ဒီနေ့တော့ တစ်တော့ရဲ့ ကြိုးကိုင်သူ အသစ်တဦးဖြစ်တဲ့ လယ်ရီ အဲလစ်ဆန် အကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content
Popular en
Este podcast también aparece en las listas de podcasts de estos países.