SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်

SBS
Riik Austraalia
Keel MY
Osad 828
Viimane 24.09.2026

ဤပေါ့ဒ်ကတ်စ်သည် သင့်အား ဩစတြေးလျနိုင်ငံရှိ ဘဝနှင့် မြန်မာစကားပြော ဩစတြေးလျလူမျိုးများနှင့် ချိတ်ဆက်ပေးသည့် လွတ်လပ်သော သတင်းများနှင့် ဇာတ်လမ်းများကို တင်ဆက်ပေးပါသည်။

Osad

  • အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ အဘယ်နည်း၊ မည်သို့ အကူအညီရယူနိုင်မည်နည်း။ 24.09.2026 18min
    လူတစ်ဦးချင်းစီ သို့မဟုတ် နှစ်ဦးစလုံးက မိမိတို့သဘောဆန္ဒအလျောက် သဘောတူညီမှုမရှိဘဲ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်းမျိုးကို အတင်းအကျပ်ပြုလုပ်သော အိမ်ထောင်ရေး (forced marriage) ဟု ခေါ်ဆိုပါသည်။
  • အင်အားထောင်ချီသုံးပြီး ရခိုင်ကို စစ်တပ်ထိုးစစ်ဆင်နေ 24.09.2026 8min
    ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင် ပြည်နယ်တွင်းကို စစ်အာဏာရှင်က ပြန်လည်သိမ်းပိုက်ဖို့ အင်အားထောင်ချီအသုံးပြုကာ ထိုးစစ် ဆင်နေပါတယ်။
  • SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၃ ရက် News Flash သတင်းများ။ 23.09.2026 3min
    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။
  • သြစတြေးလျ၏ ကျေးလက်နှင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဘေးကင်း လုံခြုံစွာ ခရီးသွားလာခြင်း။ 22.09.2026 14min
    ဩစတြေးလျရဲ့ ကျေးလက်နဲ့ ‌ဝေးလံခေါင်သီတဲ့ ဒေသတွေကို ကားနဲ့ ခရီးထွက်တာဟာ ပုံမှန်အနေအထားမှာ သင် မရောက်ဖူးနိုင်တဲ့ နေရာတွေကို ရောက်ရှိသွားစေနိုင်ပါတယ်။
  • ခင်ရီ USDP ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရ။ 22.09.2026 11min
    စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီညီလာခံအပြီး၊ ဦးခင်ရီကို ပါတီဥက္ကဌအဖြစ် ထပ်မံရွေးချယ်လိုက်ကြသလို ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
  • SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် News Flash သတင်းများ။ 21.09.2026 4min
    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။
  • အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း။ 17.09.2026 10min
    မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ဆယ်စုနှစ်များစွာကြာအောင် အမျိုးသမီးအလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အဓိကအရင်းအမြစ် ဖြစ်ခဲ့ပါတယ်။
  • သြစတြေးလျ ယာဉ်မောင်းတိုင်း သိထားသင့်သည့်၊ လူသိနည်းသော ယာဉ်စည်းကမ်းများ။ 17.09.2026 12min
    Tasmania ပြည်နယ်မှာ ကားမောင်းနေစဉ် ဖုန်းထဲက GPS လမ်းညွှန်အက်ပ်တွေကို အသုံးပြုရင် ဒါမှမဟုတ် ကားပြတင်းပေါက်အပြင်ဘက်ကို လက်တင်ထားရင် ဒဏ်ငွေရိုက်ခံရနိုင်တယ်ဆိုတာကို သင်သိပါသလား။
  • သြစတြေးလျတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ။ 17.09.2026 12min
    ၁၉၀၁ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဩစတြေးလျ၌ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်မူဝါဒ (secularism) ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။
  • ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works 16.09.2026 9min
    စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသလဲဆိုတာနဲ့ အကူအညီအတွက် ဘယ်သူ့ထံ ဆက်သွယ်ရမလဲဆိုတာကို ရှာဖွေလေ့လာလိုက်ပါ။"How Australia Works" ဆိုတာ ဩစတြေးလျမှာ အစိုးရ ဘယ်လိုလည်ပတ်သလဲ၊ ဥပဒေတွေကို ဘယ်လိုပြုလုပ်ပြီး ပြောင်းလဲသလဲ၊ ပြီးတော့ သင့်အနေနဲ့ ကိုယ့်သဘောထားဆန္ဒကို ဘယ်လိုထုတ်ဖော်နိုင်မလဲဆိုတာကို နားလည်အောင် ကူညီပေးဖို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို အသုံးပြုထားတဲ့ SBS ရဲ့ ပေါ့ဒ်ကတ်စ် (Podcast) တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နားဆင်ပါ၊ How Australia Works ရဲ့ မူလစာမျက်နှာမှာ ဘာသာစကား ၆၀ နဲ့ ထုတ်လွှင့်ထားတာကို ရှာဖွေနားဆင်နိုင်ပါတယ်။
  • မြန်မာနိုင်ငံတွင် မတော်တဆမှုများနှင့် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်တက်လာနေပါသည်။ 15.09.2026 8min
    မြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။
  • သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။ 15.09.2026 9min
    ပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။
  • မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။ 14.09.2026 11min
    ဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
  • ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။ 14.09.2026 4min
    သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။
  • One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ 11.09.2026 14min
    ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။
  • ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ 11.09.2026 19min
    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။
  • ရန်ကုန်မှာမတော်တဆမှုကြောင့် ကလေးငယ်တွေအသက်ဆုံးရှုံးရတာတွေ ပိုများလာ 11.09.2026 8min
    မြန်မာနိုင်ငံမှာ မတော်တဆမှုတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုတွေ များလာနေပါတယ်။
  • ရန်ကုန်နဲ့မန္တလေးမှာ အဓ္ဓမ စစ်မှုထမ်းစုဆောင်းခံရလို့ လူငယ်တွေ ထိတ်လန့်နေ 09.09.2026 10min
    ရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။
  • သင်နေထိုင်တဲ့ နေရာနဲ့ Motor Neurone ရောဂါ MND ဖြစ်နိုင်ခြေက ဩစီနိုင်ငံသားတွေ အံ့အားသင့်နိုင် 09.09.2026 12min
    "မော်တာ ညူရွန် ရောဂါ" (Motor Neurone Disease - MND) နဲ့ ပတ်သက်တဲ့ သုတေသနတွေအရ ဩစတြေးလျမှာ ဒီရောဂါ ပိုအဖြစ်များတဲ့ နေရာတချို့ကို ဖော်ထုတ်နိုင်ခဲ့လို့၊ ပြည်နယ်တစ်ခုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အရေးယူဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်လိုက်တဲ့အကြောင်း တင်ပြထားတဲ့Camille Bianchi ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
  • Together for Tomorrow ရံပုံငွေပွဲနဲ့ ဆက်စပ်ပြီး မင်းမော်ကွန်းကို မေးမြန်းထား 09.09.2026 8min
    ပြီးခဲ့တဲ့ စနေည စက်တင်ဘာလ ရက်တုန်းက မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံ စစ်ဘေးရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် Together for Tomorrow ရံပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကို Support for Myanmar from Australia and Singapore နဲ့ မနက်ခင်းတို့ ဦးစီးကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး ရံပုံငွေပွဲအနေနဲ့ အဆိုတော် ယုဇနနဲ့ တေးရေးတေးဆို မောင်မောင်ဇော်လတ်အပြင် အထူးဧည့်သည်အနေနဲ့ မင်းမော်ကွန်းနဲ့ အဆိုတော် နောင်ရိုးတို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

Populaarne riigis

See taskuhääling on ka nende riikide taskuhäälingute edetabelites.