ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio
Negara Myanmar
Genre Berita
Bahasa MY
Episode 27
Terbaru 15.09.2026

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်သည် နောက်ဆုံးရသတင်းများနှင့် မျက်မှောက်ရေးရာအစီအစဉ်များကို တင်ဆက်ပေးသော မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် ရေဒီယိုအစီအစဉ်ဖြစ်သည်။ ဤပေါ့ဒ်ကတ်စ်သည် ဘီဘီစီမြန်မာပိုင်း၏ နေ့စဉ်သတင်းအစီအစဉ်ကို အသံသွင်းထားခြင်းဖြစ်သည်။

Episode

  • တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ စွဲချက်တင် 15.09.2026 14mnt
    စက်တင်ဘာလ ၁၅ ရက်၊ အင်္ဂါည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု - တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ တရားစွဲ၊ တယ်လီနော အော်စလိုမြို့ ရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့ ဝင်စီး၊ အာဏာသိမ်း မြန်မာ စစ်တပ်ကို တယ်လီနော ဖုန်းဆင်းကတ် သုံးသူတွေရဲ့ အချက်အလက်တွေ မျှဝေခဲ့တာဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မြောက်တယ်လို့ နော်ဝေ အာဏာပိုင်တွေ စွဲချက်တင် - ရခိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲ စစ်တပ်က ကြည်း၊ရေ၊လေ စစ်ဆင်ရေးတွေ လုပ်ပြီး တိုက်ခိုက်နေ။ စစ်တွေနဲ့ ကပ်ရက်မှာ ရှိလို့ ဗျူဟာမြောက် လုပ်နေတာလို့ စစ်ရေး အကဲခတ်တွေပြော - ယူကရိန်းနဲ့ ရုရှား နှစ်ဖက်စလုံး စွမ်းအင်ကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက် တာမျိုး မလုပ်ဖို့ သဘောတူထားတယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောတဲ့ ရက်မှာပဲ၊ ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်တာတွေထဲ စွမ်းအင်ကဏ္ဍ ဆိုင်ရာ နေရာတွေ ပါဝင် - ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတပ်နဲ့ အီရန် ကျောထောက် နောက်ခံပြု ဟူသီ အဖွဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်၊ ဆော်ဒီအာရေဗျကလည်း ဟူသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ် - ဂါဇာ အပျက်အစီးပုံတွေအောင် ရုပ်အလောင်းတွေ ရာနဲ့ချီ ထပ်တွေ့ လာပြန်တဲ့ အတွက် အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိခဲ့တာကို ပြနေတာပဲလို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ဂါတုခ်ပြော၊ နိုင်ငံတကာ စုံစမ်းရေးသမားတွေ ဂါဇာထဲက နေရာအနှံ့ကို ဝင်နိုင်ဖို့လိုတယ်လို့လည်း တောင်းဆို ..... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ဗိုလိုဒီမီယာ မိုဇဂျ်ကာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှား ဖမ်းဆီးရေး နေပြည်တော် လုပ်မယ်ဆိုတာ လက်တွေ့ကျလား 14.09.2026 15mnt
    စက်တင်ဘာလ ၁၄ ရက်၊ တနင်္လာည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ - ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး ဖမ်းဆီးနိုင်ရေး လုပ်မယ်လို့ နေပြည်တော် အာဏာပိုင်တွေ ပြောနေတာ လက်တွေ့ ဖြစ်နိုင်လား - စစ်တပ်ရဲ့ ထောက်ပို့ ရေယာဥ်တွေကို ဧရာဝတီမြစ်ထဲ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထပ်မံ တိုက်ခိုက်လို့ သင်္ဘော ၃ စင်း မီးလောင်ကြောင်း KIA ပြော - ရန်ကုန် စမ်းချောင်းထဲက ဘားခန်း မီးလောင်မှု၊ ခန အတွင်း မီးကြီးပြီး လူ့အသက်တွေ ဆုံးရှုံးရတဲ့ အထိ ဘာလို့ ဖြစ်ခဲ့တာလဲ ... ဘာတွေ သတိထားရမလဲ - ပြည်တွင်း မြေပဲဆီ စျေးတွေ ဘာ့ကြောင့် ခုန်တက်နေသလဲ .... - ပိုလန်နဲ့ နယ်စပ်အနီး ယူကရိန်း ရထားကို ရုရှားက တိုက်ခိုက်တာဟာ ဥရောပ နိုင်ငံတွေ အားလုံးကို ခြိမ်းခြောက်တာလို့ အီးယူ ပြော - ဟော်မုဇ် ရေလက်ကြား ပိတ်နေချိန် ပင်လယ်နီ ဆိပ်ကမ်းတွေဆီ ရေနံ သယ်ပေးနေတဲ့ ဆော်ဒီအာရဗျ ပိုက်လိုင်းကြီး တိုက်ခိုက် ခံလာရလို့၊ ဆော်ဒီက ပိတ်ချ၊ ရေနံစိမ်း စျေး နောက်တချီ ထပ်တက် .... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ရပ်ဆဲလ်နျူးလဗ် ဖြစ်ပါတယ်။ ------------------------------------------------------------- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ကုလကိုယ်စားလှယ်ရုံးကို ဦးကျော်မိုးထွန်း သိမ်းထားကြောင်း နေပြည်တော် ပြော၊ အထည်ချုပ်စက်ရုံအချို့ ပိတ်ဖို့ ကော်မရှင်ထံ တင်ပြ 13.09.2026 14mnt
    အင်ဒိုနီးရှားမှာ သင်္ဘော မှောက်လို့ လူတရာ ကျော် ပျောက်နေ
  • မြန်မာအလုပ်သမားကို လစာအပြည့်မပေးလို့ ဂျပန် အလုပ်ရှင်ကို တရားစွဲ၊ မြစ်ဆုံ ပတ်၀န်းကျင် ပျက်တဲ့အထိ ရွှေတူး 12.09.2026 14mnt
    အိုင်ယာလန်ကျွန်းပေါင်းစည်းရေးကို မြင်လိုကြောင်း ဒေါ်နယ်ထရမ့် ပြောကြား
  • တံတားဦး လေတပ်စစ်စခန်းကို တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေက အရည်အသွေး ဘယ်လောက်မြင့်လဲ 11.09.2026 15mnt
    စက်တင်ဘာလ ၁၁ ရက်၊ သောကြာနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - တံတားဦး လေတပ်စစ်စခန်းကို တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေက အရည်အသွေး ဘယ်လောက်မြင့်လဲ - ဆော်ဒီ ရေနံတင်ပို့မှုမှာ အခရာကျတဲ့ ဘတ်အယ် မန်းဒတ် ရေလက်ကြားကို စိုးမိုးနိုင်ဖို့ ဟူသီ အင်အားစုတွေ စစ်ရေးမြှင့်တင်နေဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6 Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • နေပြည်တော် NSPNC က ဆွေးနွေးဖို့ ခေါ်တဲ့ဖိတ်စာအပေါ် တုံပြန်ချက်တွေ 10.09.2026 15mnt
    စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - နေပြည်တော်က NSPNC က ဆွေးနွေးဖို့ ခေါ်တဲ့ဖိတ်စာအပေါ် တုံပြန်ချက်တွေ - ကုလသမဂ္ဂမှာ နိုင်ငံတွေရဲ့ကိုယ်စားလှယ် ကို စိစစ်မဲ့ အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) ကို နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6 Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • အိမ်ခြံမြေစျေးကွက် တင်းကျပ်လာတော့ ငွေကိုင်သူတွေ ဘယ်ကို လှည့်ပြီး ရင်းနှီးကြလာမလဲ 09.09.2026 15mnt
    စက်တင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ် - အိမ်ခြံမြေစျေးကွက် တင်းကျပ်လာတော့ ငွေကိုင်သူတွေ ဘယ်ကို လှည့်ပြီး ရင်းနှီးကြလာမလဲ - အေအိုင်ဟာ လူသားလောကကို အန္တရာယ်ပေးလာနိုင်ကြောင်း အေအိုင် ကုမ္ပဏီကြီး Anthropic ကပြောဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့Satellite Thaicom 6Orbital position 78.5° EastFrequency 12687MHzPolarisation VerticalSymbol rate 30.000Msym/sFEC 5/6 Modulation DVB-S#ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • အမေရိကန် အထူးသံတွေ မော်စကိုကနေ ကိယက်ဗ်ကို ရောက်လာပြီ၊ ပူတင်နဲ့ဆွေးနွေးပွဲမှာ ရုရှားကအလျှော့ပေးမယ့် အရိပ်အယောင် မတွေ့ခဲ့ရ 06.09.2026 15mnt
    ဧရာဝတီမြစ်ကြောင်းတလျှောက် စစ်တပ်က ထောက်ပို့ရေယာဥ်တွေ အစင်း ၃၀ကျော် ထပ်ပြီးစေလွှတ်
  • ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေး သမ္မတထရမ့်ရဲ့ နောက်တချီ ကြိုးစားမှုအဖြစ် အမေရိကန်အထူးသံတွေရဲ့ ခရီးစဥ်စတင်၊ မော်စကိုကိုရောက်လာပြီ 05.09.2026 15mnt
    ကျားဖြန့်လုပ်တဲ့တရုတ်လူမျိုးတွေမြန်မာနဲ့ကပ်ရက်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယထဲကနေရာတွေထိရောက်လာ
  • ပြည်ပကနေကားသွင်းလိုသူတွေအတွက် နိုင်ငံခြားငွေရောင်းပေးမှု အခုရက်ပိုင်းရပ်ဆိုင်းထားတယ်ဆိုတဲ့ သတင်းတွေထွက်အပြီး ကားစျေးကွက်အခြေအနေ 04.09.2026 15mnt
    - နီပေါ ရုတ်တရက်ရေကြီးမှုအပြီး ကိုးရက်အကြာ အသက်ရှင်လျက် လူနှစ်ဦးကို ကယ်ဆယ်နိုင် - ပြည်ပကနေ ကားတင်သွင်းလိုသူတွေအတွက် နိုင်ငံခြားငွေရောင်းပေးမှု အခုရက်ပိုင်း ရပ်ဆိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး ကားစျေးကွက်အခြေအနေ - ပြည်ပနိုင်ငံတွေဆီ နည်းမျိုးစုံနဲ့ထွက်ခွာနေကြတဲ့ မြန်မာပြည်သားတွေ လူကုန်ကူးအဖွဲ့တွေရဲ့ အဓိကပစ်မှတ် ဖြစ်လာနေ - ထန်းတစ်ပင်မြို့နယ်က တရုတ်ပိုင် ထိန်ဟွေ့သိုးမွေးစက်ရုံ ‌အထည်အော်ဒါတွေ ကျဆင်းလာလို့ စက်တင်ဘာလကုန်မှာ ပိတ်သိမ်းတော့မယ် - အမေရိကန်မှာ ဒီဇယ်ဆီစျေး ပျမ်းမျှ တစ်ဂါလံကို ၆ ဒေါ်လာနီးပါး အထိ စံချိန်တင် မြင့်တက်သွား - ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတဲတေးကို ဖမ်းဆီးဖို့ ဖိလစ်ပိုင်တရားရုံး အမိန့်ချမှတ်
  • KIAနဲ့ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်လို့ စစ်တပ်သင်္ဘောတချို့ ပျက်စီးပြီး၊ သုံ့ပန်းရာချီဖမ်းမိပေမဲ့ ကျန်သင်္ဘောတွေဗန်းမော်ရောက်လာ 03.09.2026 14mnt
    အင်ဒိုနီးရှားတောမီးကထွက်လာတဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့မြူခိုးတွေဒေသတွင်းနိုင်ငံတွေမှာ ပျံ့နှံ့နေ
  • PDF တွေကို တော်လှန်ရေးရန်ပုံငွေတွေထောက်ပံ့ပေးနေတဲ့ ထောက်ပို့တွေ ပြီးခဲ့တဲ့နှစ်လအထိ ကာလအတွင်း ဦးရေ ငါးသောင်းခွဲနီးပါး လျော့သွား 01.09.2026 15mnt
    - ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ဖမ်းမိထားတယ်လို့ အစ္စရေးပြော - အောက်တိုဘာလ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုကို အစ္စရေးအတိုက်အခံပါတီခေါင်းဆောင် ကြိုသိနေတယ်လို့ ဝန်ကြီးချုပ်ကတော် ပြော - PDF တပ်ဖွဲ့တွေကို တော်လှန်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးနေတဲ့ ထောက်ပို့တွေ ပြီးခဲ့တဲ့ နှစ်လအထိကာလအတွင်း ဦးရေ ငါးသောင်းခွဲနီးပါး လျော့နည်းသွား - မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုအခြေအနေ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ဆက်ဆံရေးကောင်းတဲ့ ရှမ်းလက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်အကြား ပြီးခဲ့တဲ့လအတွင်း တိုက်ပွဲတွေဖြစ် - တောင်ကိုရီးယားမှာ လူပျောက်အမှုတွဲတွေကို မစုံစမ်းဘဲ အမှုပိတ်ခဲ့တဲ့ လူပျင်းရဲအရာရှိတစ်ဦးကို ဖမ်းဆီး အရေးယူ
  • လူမပြည့်လို့ စစ်မှုထမ်းသင်တန်းတွေဖွင့်ဖို့ မနည်းကြိုးစားနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ချိန် လူငယ်တွေ ပျောက်ဆုံးနေ 31.08.2026 15mnt
    - ရုတ်တရက်ရေကြီးမှုအပြီး နီပေါနိုင်ငံက ကယ်ဆယ်ရေးအခြေအနေ - လူမပြည့်လို့ စစ်မှုထမ်းသင်တန်းတွေဖွင့်ဖို့ မနည်းကြိုးစားနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ချိန် လူငယ်တွေ ပျောက်ဆုံးနေ - ရွှေကူမြို့နားမှာ ရိက္ခာတွေသယ်လာတဲ့ စစ်တပ် သင်္ဘောတချို့ကို ကေအိုင်အေ တိုက်ခိုက် - ထိုင်းမှာ ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်နိုင်တဲ့အမိန့် သြဂုတ်လ ၂၈ နေ့က စအသက်ဝင် - ပါကစ္စတန်နဲ့ အိန္ဒုမြစ်ခွဲဝေအသုံးပြုရေး သဘောတူချက်ကို လိုက်နာဖို့ အိန္ဒိယကို နိုင်ငံတကာ တရားရုံး အမိန့်ပေး - ကျွန်စနစ်ကနေ အကျိုးအမြတ်ရခဲ့တဲ့ နိုင်ငံတွေအနေနဲ့ လျော်ကြေးပေးမှုတွေ လုပ်ရေးကို ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာသင့်ကြောင်း ကုလသမဂ္ဂ ကော်မတီက ညွှန်ကြား
  • ချောင်းဦးမှာ ပြည်သူ့စစ်ဖွဲ့ဖို့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးရင်း ပျံလွန်သွားတဲ့ ရဟန်းနဲ့ ပတ်သက်လို့ NUG အရေးယူဆောင်ရွက်မှု အကြောင်း။ 28.08.2026 14mnt
    - နီပေါနဲ့တရုတ်ကြား ရေကြီးမှုမှာ ကယ်ဆယ်ကူညီဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင် အရေးပေါ် အစည်းအဝေး ခေါ်ယူ - ကံတော်ကုန် သွားတဲ့ နော်ဝေဘုရင်ကြီး နေရာမှာ ဘုရင်သစ် ဟာကွန် နန်းဆက်ခံ - ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း၊ စစ်ရာဇဝတ်ကောင် ရတ်ကို မလာဒစ်ချ် ရဲ့ စျာပနကို စစ်ဘက် အရပ်ဘက် အခမ်းအနားတွေနဲ့ ကျင်းပမယ်လို့ တရားရေးဝန်ကြီးပြော - တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန် နောက်လဆန်းပိုင်းမှာ စစ်ရေးလေ့ကျင့်မယ် - အိန္ဒိယနိုင်ငံ မဟာရက်ရှရာ ပြည်နယ်မှာ ဘာသာကူးပြောင်းခြင်းကို ထိန်းညှိသတ်မှတ်တဲ့ ဥပဒေသစ် အသက်ဝင်လာပြီ - သီရိလင်္ကာမှာ ခုနှစ်ပထမ ရှစ်လအတွင်း တောဆင်ရိုင်း အကောင် ၂၀၀ ကျော် သေဆုံးတယ်လို့ အာဏာပိုင်တွေပြော - တန်ဇန်းနီးယား မြောက်ပိုင်းမှာ မစ်ဆိုင်း ဌာန တိုင်းရင်းသား တွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းစေမှုတွေ အဆုံးသတ်ဖို့နဲ့ ရဲတပ်ဖွဲ့ အလွဲသုံးစားမှုတွေ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ တိုက်တွန်း
  • တိုက်ခန်း အရောင်းအဝယ် လုပ်ရင် မြေရှင်ကို ၂ ရာခိုင်နှုန်း ပေးရတာ ဘာကြောင့်လဲ။ 27.08.2026 14mnt
    - နီပေါမှာ ရေလွှမ်းမှုကြောင့် နိုင်ငံခြား ခရီးသွားအယောက် ၃၅၀ သေဆုံးကြောင်း အတည်ပြု - ရုရှားက ဒုတိယဗိုလ်ချုပ်ကြီး ကားဗုံးပေါက်မှုအတွင်း သေဆုံးသွား - လက်ဘနွန်တောင်ပိုင်းကို အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက် - ၂ပတ်ဗီဇာနဲ့ လာပြီး နှစ် ၃၀ ကျော် တောင်ကိုရီးယားမပြန်ဘဲ ဂျပန်မှာ နေထိုင်သူကို ဖမ်းဆီး အရေးယူ - ဂျပန်က နာမည်ကြီး အနုပညာရှင် အိုဆားမား အသက် ၉၇ နှစ်အရွယ်မှာ ကွယ်လွန် - စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ကုသရာမှာ မိသားစု မိတ်ဆွေတွေက ပူးပေါင်း ပါဝင်ရင် တိုးတက်မှု မြန်ဆန်တာကို UCL က သုတေသီတွေ တွေ့ရှိခဲ့ - အင်ဒိုနီးရှားမှာ ဆန္ဒပြမှု လှိုင်းတရပ်လို့ ဖြစ်ခဲ့ပြီး လူ ၁၀ ယောက်သေဆုံးခဲ့တဲ့ နှစ်ပတ်လည် အဖြစ် လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ စုဝေး ဆန္ဒပြတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ဖားကန့် မှော်ဝမ်းရွာမှာ အစုလိုက် သတ်ဖြတ် ရုပ်အလောင်းတွေ တူးဖော်တွေ့ရှိ 26.08.2026 14mnt
    - တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ကုန်စည်မှန်သမျှ တရားမဝင် ဆိုပြီး တားဆီး ဖမ်းဆီးနေ။ - နီပေါမြောက်ပိုင်းမှာ ရေလွှမ်းမှုကြောင့် နိုင်ငံခြား ခရီးသွားအယောက် ၂၀၀ အပါအဝင် လူရာချီ ပျောက်ဆုံးနေ - ပါကစ္စတန်က အစိုးရဆေးရုံ မီးလောင်မှုကြောင့် မွေးကင်းစ ကလေး ၁၄ ယောက်သေဆုံး - ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားက အကြီးဆုံး အွန်လိုင်း လက်လီ ကုမ္ပဏီ Wildberries ကုန်လှောင်ရုံတခု ထပ်မံ ပျက်စီး - ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်မယ့် မျှော်လင့်ချက်နဲ့ အတူ ရေနံစိမ်းစျေးကျဆင်းလာ - ဂျပန်မှာလာမယ့်လ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ စာရင်းပေးသွင်းသူ သတ်မှတ်အရေအတွက် သောင်းငါးထောင်ထက် ကျော်လို့ ပြန်စီစစ်နေ - တရုတ်နဲ့ အိန္ဒိယ ကာလရှည်ကြာ အငြင်းပွားမှုကို ဖြေရှင်းဖို့ ဆွေးနွေးကြမယ် - တရုတ်လူငယ်တွေ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်ရတဲ့ဆေးတွေကို တလွဲသုံးနေလို့ သက်ဆိုင်ရာက သတိပေးထား - အက်စ်ဝါတီနီ နိုင်ငံက ထွက်ခွာကြဖို့ သူ့နိုင်ငံသားတွေက တရုတ်အစိုးရ သတိပေးထားတဲ့အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ဒေါ်အောင်ဆန်းစုကြည်ပုံကို ဦးမင်းအောင်လှိုင်ပုံနဲ့ ယှဉ်ပြီး တစ်ခ်တော့ခ်ပေါ်တင်မိလို့ အရေးယူခံရ။ 25.08.2026 14mnt
    - မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေ ၆နှစ်မြောက် နှစ်ပတ်လည် ဆန္ဒပြ။ - အီရန်အပေါ် တဖက်သတ် ပိတ်ဆို့မှုတွေကို ဆန့်ကျင်တယ်လို့ တရုတ်ပြော သလို အမေရိကန်ကလည်း အီရန်နဲ့ ဆက်ဆံတဲ့ နိုင်ငံတွေ အကျိုးဆက် ခံစားရမယ်လို့ ဆိုပြီ - အီရန်ကို သွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့တဲ့ ပါကစ္စတန်စစ်ဦးစီးချုပ်ခရီးစဉ် အောင်မြင်တယ်လို့ ပြော - ရုရှားနိုင်ငံ မော်စကိုမြို့က ဗနုခိုဗို လေဆိပ်မှာ အမေရိကန် လေယာဉ် ဆင်းသက်မှုရှိ - ကြက်သွန်နီ စျေးတက်မှုကို ဖြေရှင်းဖို့ ချန်နိုင်းနဲ့ ကိုချီမြို့ကြီးတွေဆီ ကြက်သွန်နီတွေ အထူးရထားနဲ့ တင်ပို့သလို ဒေလီမှာလည်း ကားတွေနဲ့ လှည့်ရောင်းဖို့ အစိုးရစီစဉ် - အင်ဒိုနီးရှားမှာ မိုးအတုရွာဖို့ စီစဉ်နေတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • - ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းက ရွာတွေမှာ တရုတ်ထုတ်နံပတ်ပြားတပ် ကားတွေနဲ့ လူတွေမြေရှားလာရောက် စမ်းသပ် တူးဖော်မှုတွေ ရှိနေ။ 24.08.2026 14mnt
    - ယူကရိန်းကို ခရုဇ် ဒုံးကျည် နည်းပညာတွေ ကူညီပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ်ပြော။ - အီရန်ကို အမေရိကန်က ပိတ်ဆို့အရေးယူဖို့ ပြင်နေချိန်မှာ ပါကစ္စတန်စစ်ဦးစီးချုပ် အီရန်ရောက်နေ - ဆီးရီးယားမှာ အာဏာရှင် အာဆက် လက်ထက်က နာမယ်ကြီး ဘာသာရေးခေါင်းဆောင်ကို ကြီးလေးတဲ့ ထောင်ဒဏ် ချမှတ် - တောင်ကိုရီးယားနဲ့ နောက်လ စစ်ရေးလေ့ကျင့်မှု လုပ်မယ့် အစီအစဉ်ကို အမေရိကန် ဖျက်သိမ်း - အွန်လိုင်းအဝတ်အထည် ကုမ္ပဏီ ရှီအင်း ရှယ်ယာတွေ စက်တင်ဘာ ၁ ရက်နေ့ ဟောင်ကောင်မှာ စရောင်းတော့မယ် - ဖီဖာ ဥက္ကဋ္ဌ ရာထူး ဝင်အရွေးခံမှာ မဟုတ်ဘူးလို့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ က ပြောတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
  • ရေမြုပ်နေဆဲ ကျုံပျော်မြို့က ကျေးရွာ ၃၀ လောက်မှာ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေ 23.08.2026 15mnt
    - ကနေဒါနဲ့ အမေရိကန်အကြား သွင်းကုန်အခွန်သတ်မှတ်မှုကိစ္စ သမ္မတထရမ့် တုန့်ပြန် - ရေမြုပ်နေဆဲ ကျုံပျော်မြို့က ကျေးရွာ ၃၀ လောက်မှာ ကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေ - မြင်းခြံနဲ့ ညောင်ဦးခရိုင်အတွင်းက မြို့နယ်တချို့ကို စစ်တပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးနေ - ပြည်ပအလုပ်သမားတွေဆီကနေ မိသားစုဆီ လစာ ၂၅ ရာခိုင်နှုန်း ပြန်ပို့ရေးကိစ္စ တင်းကျပ်လုပ်ဆောင်ဖို့ရှိ - ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကို ရုရှားက ပြန်ခေါ်ယူလိုက်အပြီး ရုရှားနဲ့ ဗြိတိန်ဆက်ဆံရေး ဆိုးဝါးလာနေ - ထိုင်းတောင်ပိုင်းမှာ ချိန်ကိုက်လုပ်ခဲ့တဲ့ မီးရှို့တိုက်ခိုက်မှု ၅၀ ကျော်အတွင်း လူနှစ်ဦး ဒဏ်ရာရ
  • ကနေဒါ ထုတ်ကုန်တွေအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်သလို ကနေဒါကလည်း အလားတူတုန့်ပြန်မယ် 22.08.2026 15mnt
    - ကနေဒါ ထုတ်ကုန်တွေအပေါ် အမေရိကန်က အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်သလို ကနေဒါကလည်း အလားတူတုန့်ပြန်မယ် - ဩဂုတ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ ၇၀ နီးပါးအထိရှိခဲ့ - အိမ်ခြံမြေ အရောင်းအဝယ် အခွန်ဆောင်မှု ပိုတင်းကျပ်လာ - ရေဘေးသင့်ဒေသတွေက ကျွဲနွားဆုံးရှုံးမှုအခြေအနေ - အာတိတ်သမုဒ္ဒရာကို ဖြတ်သွားတဲ့ လမ်းကြောင်းကနေ တောင်ကိုရီးယား ကုန်တင်သင်္ဘော အစမ်းစတင်ခုတ်မောင်း - ဂျပန်အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မယ့်အစီအစဉ် မြောက်ကိုရီးယား ပြင်းပြင်းထန်ထန် ဝေဖန် - ကမ္ဘောဒီးယားမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ပါတယ်ဆိုတဲ့ နိုင်ငံခြားသား ၁၅၀ ကျော်ကို ဖမ်းဆီး၊ တရုတ်လူမျိုး ၇၀ ပါ

Populer di

Podcast ini juga muncul di daftar podcast negara-negara ini.