DVB News
Democratic Voice of Burma
0
Democratic Voice of Burma (DVB) is a non-profit Burmese media organization committed to independent and responsible journalism. Founded in Oslo, Norway in 1992, DVB started as a shortwave radio service into Burma (Myanmar) and later expanded to satellite television and free-to-air digital TV. Following the 2021 military coup, DVB launched podcasts and radio to deliver critical news and information via shortwave and online.
エピソード
-
DVB Newsbreak ( ဇွန် ၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 03.06.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန်လ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာဘက်ကပစ်လိုက်တဲ့ ဒရုန်းနဲ့ ဗုံး ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီး မြန်မာလုပ်သားတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်း -ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံချက်အတွင်း စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃၀၀ နီးပါးလုပ်ဆောင်ခဲ့တဲ့သတင်းနဲ့ -စစ်အာဏာရှင်လက်ထက် အတုအယောင် အလုပ်သမားသမဂ္ဂများ ခေါင်းထောင်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( ဇွန် ၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 02.06.2026 5分ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာစစ်အာဏာရှင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ သတင်း-နိုင်ငံရေးအကျဉ်းသားဟောင်း ဒါရိုက်တာမင်းထင်ကိုကိုကြီး ကွယ်လွန်သွားတဲ့သတင်းနဲ့ -ဖမ်းဆီးခံ မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို RSF က သတ္တိရှင်ဆု ပေးအပ်ချီးမြှင့် လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak (ဇွန် ၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 01.06.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန်လ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -နမ့်ခမ်းမှာ လူ ၅၀ ကျော် သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူပေးဖို့ TNLA ကို တိုက်တွန်းလိုက်တဲ့ သတင်း -မြန်မာစစ်အာဏာရှင်ကို အိန္ဒိယဝန်ကြီးချုပ်က ဖိတ်ခေါ်ကြိုဆိုခဲ့တဲ့အပေါ် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစုက ကန့်ကွက်ရှုတ်ချလိုက်တဲ့သတင်းနဲ့ -ကမ္ဘာ့အလုပ်သမားအခွင့်အရေး အဆိုးရွားဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ ဆက်လက် ပါဝင်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေ ၂၉ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 29.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တွေ့ဆုံမဲ့သတင်း -ဦးမြင့်ဆွေနဲ့ ‘ဝ’ ခေါင်းဆောင်အချို့အပါအဝင် ၅ ဦးကို အမေရိကန်က ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်တဲ့တင်းနဲ့-NUG ကွပ်ကဲမှုအောက်မှာ ကျောင်းသားတော်လှန်ရေး တပ်တော် SRFတပ်တွေ တော်လှန်ရေး ဆက်လုပ်မဲ့သတင်းတွေ နားဆင်ကြရမှာပါ ။
-
DVB Newsbreak ( မေ ၂၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 28.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာ့အကျပ်အတည်းက အင်ဒို-ပစိဖိတ်ဒေသကို မတည်မငြိမ်ဖြစ်စေတယ်လို့ Quad ၄ နိုင်ငံက ပြောလိုက်တဲ့သတင်း-ညောင်ဦးမှာ တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ်သား ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတဲ့သတင်းနဲ့ -ဘန်ကောက်မှာ ကလေးငယ်တွေကို အဓမ္မစေခိုင်း ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ မြန်မာ ၃ ယောက် ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။
-
DVB Newsbreak ( မေ ၂၇ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 27.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ )ရဲ့ မေ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -၅ နှစ်အတွင်း ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ စစ်အာဏာရှင် သမ္မတက ပြောလိုက်တဲ့သတင်း -ရေးဘီလူးအဖွဲ့စခန်း ဗုံးကြဲခံရပြီး ရဲဘော် ၁၂ ဦး ကျဆုံးခဲ့တဲ့သတင်းနဲ့ -တရုတ်နယ်စပ်အနီး မြေရှားသတ္တုထွက်ရာဒေသတွေကို ပြန်သိမ်းပိုက်ဖို့ စစ်တပ်က ကြိုးပမ်းနေတဲ့ သတင်းတွေနားဆင်ကြရမှာပါ
-
DVB Newsbreak ( မေ ၂၆ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 26.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ဖို့ ရှိနေတဲ့ သတင်း -“အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်အုပ်စုက ခိုးယူပြီး စစ်သီချင်းအဖြစ် ထုတ်လွှင့်နေတဲ့ သတင်းနဲ့ -မြစ်ဆုံစီမံကိန်းကို ကချင်ကျောင်းသားနဲ့ လူငယ်တွေက မြစ်ကြီးနားမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၂၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 25.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တဲ့သတင်း -စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်အကောင့် ၁၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တဲ့သတင်းနဲ့-ဖင်လန်နိုင်ငံမှာ ငွေကြေးခေါင်းပုံဖြတ်ခံရတဲ့ မြန်မာကျောင်းသားတွေ ဆက်သွယ်ကြဖို့ ဖင်လန် နယ်ခြားစောင့်တပ်က တိုက်တွန်းလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ ။
-
မြန်မာ့နိုင်ငံရေးလောကထဲက အာဂ ကရင်အမျိုးသမီးတဦး (ဆောင်းပါး) 22.05.2026 12分စစ်အာဏာရှင်ကို ရဲရဲတောက်ဆန့်ကျင်ခဲ့တဲ့၊ နှစ်ရှည်ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ခံထားရတဲ့၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် အကြိမ်ကြိမ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးလောကထဲက အာဂ အမျိုးသမီး ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ရဲ့ အကြောင်း တစေ့တစောင်းကို နားသောတဆင်နိုင်ပါတယ်။ DVB ဝါရင့်သတင်းသမား မောင်တူးက ရေးသား တင်ဆက်ပေးထားပါတယ်။
-
DVB Newsbreak ( မေလ ၂၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 22.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ကုလသမဂ္ဂရဲ့ စိုးရိမ်ကြောင်းထုတ်ပြန်ချက်တွေဟာ လေကြောင်းဗုံးကြဲမှုကို မဟန့်တားနိုင်ဘူးလို့ မြန်မာသံအမတ်ကြီးက ပြောလိုက်တဲ့သတင်း-မြန်မာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယူရို ၁ ဒသမ ၃ သန်းဖိုး ကုလသမဂ္ဂက ကူညီပေးမဲ့သတင်းနဲ့ -ကျိုင်းတုံမှာ ပြည်သူ့စစ်တွေကို လက်နက်ရောင်းချမှုနဲ့ စစ်တပ်အရာရှိတချို့ စစ်ဆေးခံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၂၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 21.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -ဒုတပ်ချုပ်ဟောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး ဖွင့်လှစ်လိုက်တဲ့ သတင်း-အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံ့ပန်း ၅ ယောက်နဲ့ ပကဖတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ -ဘန်ကောက် ရထားတိုက်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးရဲ့ နာရေးလုပ်ဖို့ စောင့်နေရတဲ့ သတင်းတွေကို နားဆင်ရမှာပါ
-
DVB Newsbreak ( မေလ ၂၀ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 20.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - - မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုသွားရောက်ခဲ့တဲ့သတင်း -မောတောင်နဲ့ တွန်းဇံကို စစ်အာဏာရှင်တပ်က ပြန်သိမ်းယူသွားတဲ့သတင်းနဲ့ -တအာင်းဘဏ်တွေ တရားမဝင်ဘူးလို့ -စစ်အာဏာရှင် ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၁၉ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 19.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -TNLA ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့ကို စစ်အာဏာရှင်တပ်က ပြန်တောင်းလိုက်တဲ့သတင်း -ဒီပဲယင်း၊ စိုင်ပြင်ရဲစခန်းကို NUG လက်အောက်ခံတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့ -ပတ္တယားမှာ ထိုင်းလူငယ်ကို အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တဲ့ မြန်မာလူငယ်တချို့ ဖမ်းဆီးခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၁၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 18.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ - -မြန်မာပြည်တွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝင်ငွေနည်းမိသားစုတွေ ပိုမိုခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ထုတ်ပြန်လိုက်တဲ့သတင်း -စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးနယ်မြေတွေမှာ ကျောင်းဖွင့်ရာသီ ကျောင်းမဖွင့်နိုင်တဲ့သတင်းနဲ့ -ပတ္တယားမှာ ထိုင်းလူငယ်ကို ဝိုင်းရိုက်နှက်ခဲ့တဲ့ မြန်မာလူငယ် ၁၀ ယောက်ကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေတဲ့ သတင်းတွေနားဆင်ကြရမှာပါ ။
-
DVB Newsbreak ( မေလ ၁၅ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 15.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်သူတွေကို သေဒဏ်အထိပေးနိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လုပ်ဆောင်နေတဲ့ သတင်း -မင်းပြားမှာ စက်လှေနစ်မြုပ်လို့ လူ ၉ ယောက် သေဆုံးသွားတဲ့သတင်းနဲ့ -ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၁၄ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 14.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -အမေရိကန်ဘဏ်မှာ NLD အစိုးရ အပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကိစ္စ ပြန်သုံးသပ်မယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း-စစ်အာဏာရှင် သမ္မတရာထူးယူပြီး ၁ လကျော်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ပြုလုပ်ခဲ့တဲ့ သတင်းနဲ့ -‘ဝ’ ဒေသမှာ ကျားဖြန့် တရုတ်နိုင်ငံသား အယောက် ၉၀ ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
နွေဦးပြည်သူတို့အတွက် ရှောက်ဘီလူးပင် ဆေးဖက်ဝင် 14.05.2026 4分CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင် သာဇဏ် ရေးသားထားတဲ့ "နွေဦးပြည်သူတို့အတွက် ရှောက်ဘီလူးပင် ဆေးဖက်ဝင်" လက်လှမ်းမီ ဆေးပညာအကြောင်း တစေ့တစောင်းကို နားသောတဆင်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
-
DVB Newsbreak ( မေလ ၁၃ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 13.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -စာသင်ကျောင်းနဲ့ ကလေးငယ်တွေကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောတဲ့သတင်း -ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ၃ လအတွင်း အပြတ်နှိမ်နှင်းဖို့ ထိုင်းရဲချုပ် ညွှန်ကြားလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၁၂ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 12.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -တရားဝင်မှုရဖို့ ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်ကို အသိအမှတ်မဖို့ NUG က အာဆီယံကို တောင်းဆိုလိုက်တဲ့သတင်း -မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံအကျပ်အတည်းဆိုက်နေတယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက မိန့်ကြားလိုက်တဲ့သတင်း -ရေးမြို့မှာ ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
-
DVB Newsbreak ( မေလ ၁၁ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း) 11.05.2026 5分ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- -ခွဲခြားဆက်ဆံခံနေရတယ်ဆိုပြီး စစ်အာဏာရှင်က အာဆီယံနိုင်ငံတချို့ကို ဝေဖန်လိုက်တဲ့သတင်း -ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ခူးရီမာန်ထူး ကွယ်လွန်သွားတဲ့သတင်းနဲ့ -ရနောင်းမှာ မြန်မာတယောက် ပိုင်ဆိုင်တဲ့ ဘတ်သန်း ၅၀ ကျော်တန်ဖိုးရှိ လျှပ်စစ်ပစ္စည်းမျိုးစုံ သိမ်းဆည်းခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
人気の国
このポッドキャストはこれらの国のポッドキャストチャートにも登場します。