Z-Lann

Z-Lann

Z-Lann
Land Myanmar
Taal MY
Afleveringen 952
Laatste 03.04.2026

Z-Lann is a Myanmar-language podcast dedicated to audio storytelling. It offers a variety of local and international tales in entertainment, education, and drama genres. The show aims to be a primary destination for Burmese-speaking listeners seeking quality audio stories.

Afleveringen

  • စင်ကြယ်တင့်တယ်သော ပန်းမြတ်ရွှေကြာ 03.04.2026 10min
    "ရွှံ့နွံထဲမှာ ရှင်သန်ပေမဲ့ ညစ်ပေခြင်းမရှိဘဲ စင်ကြယ်ခြင်း" ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အခါမှာ ရှေးလူကြီးတွေက “ကြာပန်း ” ကိုပဲ ညွှန်းဆိုလေ့ရှိကြပါတယ်။ ဗုဒ္ဓဘာသာမှာ ဉာဏ်အလင်း ရခြင်းရဲ့ ပြယုဒ်ဖြစ်သလို တရုတ်ယဉ်ကျေးမှုမှာလည်း “ဟော်ဟွား” လို့ခေါ်တဲ့ ဒီကြာပန်းဟာ မြင့်မြတ်ခြင်းရဲ့ အထွတ်အထိပ်မှာ တည်ရှိနေတာပါ။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိပန်းနဲ့ညှိ” ဆိုတဲ့အစီအစဉ်လေးကနေ ကြာပန်းလေးတွေရဲ့ အံ့မခန်းရှင်သန်နိုင်စွမ်းတွေနဲ့အတူ  နောက်ကွယ်က အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #စင်ကြယ်တင့်တယ်သောပန်းမြတ်ရွှေကြာ #ကြာပန်း #荷花 #hehua #flower #lotus #waterlily  
  • နွေဦးအချစ်ပန်း မက်မွန်ခင်းလမ်း 18.03.2026 8min
    နွေဦးရဲ့ သင်္ကေတ၊ အချစ်နဲ့ ကံကောင်းခြင်းတွေရဲ့ ပြယုဂ်ဖြစ်တဲ့ 'မက်မွန်ပန်း' (Peach Blossom) လေးတွေဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုမှာတင်မကဘဲ တစ်ကမ္ဘာလုံးက မြတ်နိုးတန်ဖိုးထားရတဲ့ ဂန္ထဝင်ပန်းလေးတွေပဲ ဖြစ်ပါတယ်။တရုတ်ဘာသာနဲ့ 'ထောင်ဟွား' လို့ ခေါ်ဆိုပြီး နွေဦးကာလ တစ်လောကလုံးကို ပန်းရောင်တိမ်တိုက်တွေ ဖုံးလွှမ်းသွားသလို ဝေဝေဆာဆာ ပွင့်လန်းတတ်ကြပါတယ်။ ဒီနေ့မှာတော့ ပန်းချီဆရာကြီး ချီပိုင်ဆွန်ရဲ့ လက်ရာတွေထဲမှာ ရှင်သန်နေတဲ့ 'မက်မွန်ပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။"#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွေဦးအချစ်ပန်းမက်မွန်ခင်းလမ်း #မက်မွန်ပန်း #ထောင်ဟွား #peachblossom #taohua  
  • မွှေးထုံသင်းပျံ့ ရင်းမာရနံ့ 16.03.2026 5min
    လေယူရာပါလာရင် တစ်တောလုံးအနှံ့ကို မွှေးကြိုင်စေပြီး တော်သလင်းလရဲ့ လှေပြိုင်ပွဲကျင်းပတဲ့ ရာသီချိန်ခါကို အလှဆင်ပေးတဲ့ 'ရင်းမာပန်း' လေးတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ သမိုင်းမှာ အလွန်တန်ဖိုးကြီးလှတဲ့ ပန်းလေးတွေပဲ ဖြစ်ပါတယ်။ကင်းဝန်မင်းကြီးနဲ့ ဖိုးသူတော်ဦးမင်းတို့ရဲ့ ကဗျာစာသားတွေထဲမှာ 'ရွှေယင်းတဲ့ မာငုံ' လို့ တင်စားခံခဲ့ရတဲ့ ဒီပန်းလေးတွေဟာ ထူးခြားတဲ့ အဖြူစိမ်းရောင် ခရင်မ်ပုံစံ ပွင့်ချပ်လေးတွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ ရနံ့ကို ပိုင်ဆိုင်ထားပါတယ်။ အဆင်းလှရုံတင်မကဘဲ ရင်းမာပင်ရဲ့ အခေါက်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကနေ အရေပြားရောဂါတွေအထိ ကုသနိုင်တဲ့ အဖိုးတန် 'ဆေးဖက်ဝင် အာယုဗ္ဗေဒ' သဘာဝဆေးတစ်လက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ခိုင်မာလှပတဲ့ အသားကြောင့် ပရိဘောဂတွေသာမက ဂီတာ၊ ပတ္တလားနဲ့ စန္ဒယားလို တူရိယာပစ္စည်းတွေအထိ အသုံးပြုရတဲ့ ကမ္ဘာ့ဈေးကွက်ဝင် အဖိုးတန်သစ်မာတစ်မျိုးလည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ ပတ်ဝန်းကျင်ကို မွှေးရနံ့နဲ့ စိမ်းလန်းစိုပြည်စေရုံတင်မက လက်မှုပညာရှင်တွေနဲ့ ဆေးပညာရှင်တွေပါ တန်ဖိုးထားရတဲ့ 'ရင်းမာပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်လို့ ဝင်ရောက်ကြည့်ရှု့နိုင်ပါပြီ။
  • လေးမျိုးစံကား ရာဇဝင်များနဲ့အတူ 14.03.2026 5min
    ကမ္ဘာပေါ်မှာ ဖြစ်တည်နေတဲ့ အလှဆုံးအရာတွေထဲက တစ်ခုဖြစ်တဲ့ ပန်းလေးတွေဟာ အနံ့ရှိရှိ၊ မရှိရှိ ပတ်ဝန်းကျင်ကို အမြဲတမ်း လှပတင့်တယ်စေပါတယ်။ ဒီနေ့မှာတော့ ဝါ၊ ဖြူ၊ နီ၊ စိမ်း အဆင်းမျိုးစုံနဲ့ လှပလွန်းလှပြီး ရနံ့မွှေးကြိုင်ထုံသင်းတဲ့ စံကားပန်းလေးတွေရဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စံကားပန်းတွေဟာ ပုဂံခေတ်ကတည်းက ပုပ္ပားတောင်တော်မှာ အင်မတန် ထင်ရှားခဲ့တာပါ။ စံကားပန်းတွေ ပွင့်လန်းတဲ့ရာသီရောက်ရင် တောင်တစ်ခုလုံး ဝါထိန်နေအောင် ပွင့်လန်းတတ်တာကြောင့် "တောင်တော်ရွှေပုပ္ပါး" လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပြီး နတ်တို့ပျော်စံရာမှာ ပွင့်တဲ့ပန်းမို့ "နတ်တို့ရဲ့ပန်း" လို့လည်း အမည်တွင်ခဲ့ပါတယ်။ဒီလို ထူးခြားတဲ့ စံကားပန်းလေးတွေရဲ့ ဒဏ္ဍာရီဆန်ဆန် အလှတရားတွေအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ အတူတူ ခံစားကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေ။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #လေးမျိုးစံကားရာဇဝင်များနဲ့အတူ #စံကားပန်း #magnoliachampaca #Champac
  • နွယ်အပင် တွယ်ငင်တဲ့ ခွာညို 11.03.2026 5min
    မြူနှင်းဝေတဲ့ ပြာသိုလမှာ ငွေနှင်းစိုစိုနဲ့ ဖူးပွင့်လာတတ်တဲ့ 'ခွာညိုပန်း' လေးတွေဟာ မြန်မာ့ဆောင်းရာသီရဲ့ အလှပဆုံးသော ရာသီပန်းလေးတွေပဲ ဖြစ်ပါတယ်။ဖိုးသူတော်ဦးမင်းရဲ့ ကဗျာစာသားတွေထဲမှာ ကျော်ကြားလှတဲ့ ခွာညိုပန်းလေးတွေဟာ အိန္ဒိယနိုင်ငံကနေ စတင် ပေါက်ရောက်ခဲ့ပြီး အခုဆိုရင်တော့ မြန်မာ့ပြာသိုလရဲ့ ပြယုဂ်တစ်ခု ဖြစ်နေပါပြီ။ ရှားပါးလှတဲ့ ခရမ်းရင့်ရောင် ပွင့်ရွက်လွှာလေးတွေနဲ့အတူ စူးရှထင်ရှားတဲ့ ရနံ့ကို ပိုင်ဆိုင်ထားတာကြောင့်လည်း ရှေးစာဆိုတွေက 'ခွံညို' လို့တောင် မြတ်မြတ်နိုးနိုး ခေါ်ဝေါ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ တန်ဖိုးမမြင့်ပေမဲ့ အဆင်း၊ အနံ့နဲ့ ဆေးဘက်ဝင်မှုတွေကြောင့် ဘုရားမှာလည်း ကပ်လှူ၊ ပန်ဆင်သူကိုလည်း လန်းဆန်းစေတဲ့ 'ခွာညိုပန်း' တို့ရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #နွယ်အပင်တွယ်ငင်တဲ့ခွာညို #ခွာညိုပန်း #flowers #clematissmilacifolia
  • "မွှေးရနံ့သင်းထုံ ပင်လုံးကြိုင်စုံ" 05.03.2026 10min
    စက်တင်ဘာရဲ့ ဆောင်းဦးလေအေးလေး တိုက်ခတ်လာပြီဆိုတာနဲ့ တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အလွန် ချိုမြိန်လွန်းတဲ့ ပန်းရနံ့တစ်ခုက လေထဲမှာ ပျံ့လွင့်လို့လာပါတယ်။ ဒီရနံ့ဟာ ဘယ်လောက်တောင် စွဲမက်စရာ ကောင်းသလဲဆိုရင် သူ့ကို 'ဆောင်းဦးရနံ့ရဲ့ ဘုရင်' လို့တောင် အသိအမှတ်ပြုထားကြပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံရဲ့ ဂုဏ်ယူစရာ ပန်းမျိုးစိတ် (၁၀) မျိုးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ 'ပင်လုံးကြိုင်ပန်း' ဒါမှမဟုတ် 'ကွေ့ဟွား' ပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #မွှေးရနံ့သင်းထုံပင်လုံးကြိုင်စုံ #ပင်လုံးကြိုင်ပန်း #flowers #osmanthusfragrans #sweetosmanthus
  • ပန်းတို့ရဲ့ဘုရင်မ ပီအိုနီအလှ 26.02.2026 8min
    ပန်းမျိုးစုံ အပြိုင်အဆိုင် ပွင့်လန်းကြတဲ့ နွေဦးကာလမှာ အလှချင်းပြိုင်စရာမလိုဘဲ သူ့ရဲ့အရောင်အဆင်းနဲ့ ရနံ့ကြောင့်ထင်ရှားထူးခြားတဲ့  ပန်းတစ်မျိုးရှိပါတယ်။အဲဒါကတော့ "ပန်းတို့ရဲ့ဘုရင်မ" လို့ တင်စားကြတဲ့ “ပီအိုနီပန်း (Peony)” ပဲ ဖြစ်ပါတယ်။ တရုတ်ဘာသာနဲ့ “မူသန်းဟွား” လို့ ခေါ်တဲ့ ဒီပီအိုနီပန်းလေးတွေဟာ မင်္ဂလာရှိခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ ချမ်းမြေ့ခြင်းကို ဆောင်ယူပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တရုတ်နိုင်ငံရဲ့ ကျက်သရေဆောင်ဖြစ်တဲ့“ပန်းတို့ရဲ့ဘုရင်မ  ပီအိုနီအလှ” ကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဇာတ်လမ်းပေ့ချ်လေးကို Like & Follow လုပ်ရင်း စောင့်မျှော်ကြည့်ရှုအားပေးကြနိုင်ပါပြီခင်ဗျ။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပီအိုနီအလှ #ပန်းတို့ရဲ့ဘုရင်မပီအိုနီအလှ #peony #peonyflower
  • ဆောင်းဦးရဲ့ ရွှေဝါရောင် နတ်သမီး 20.02.2026 10min
    အေးမြတဲ့ဆောင်းဦးလေလေး တိုက်ခတ်လာချိန်၊ ခပ်ရဲရဲပင်လုံးကြိုင်တွေ မွှေးပျံ့တဲ့အချိန်ရောက်ရင် ဂန္ဓမာပန်းတွေလည်း ပွင့်လန်းလို့လာပါပြီ။ ဂန္ဓမာပန်းကို မြန်မာနိုင်ငံမှာ မသိသူမရှိလောက်ပါဘူး။ ဂန္ဓမာပန်းဟာ အမျိုးအစားစုံလင်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အသွေးအဖုံဖုံ ရှိကြပါတယ်။ တချို့ဂန္ဓမာပန်းတွေဟာ ချည်မျှင်လိုရှည်လျားတဲ့ ပွင့်ဖတ်တွေရှိပြီး၊ တချို့အပွင့်တွေကတော့ လက်ဝါး အရွယ်လောက်ထိ စွင့်ကားကြီးမားကြတယ်။ တချို့က ရွှေရောင်လို ဝင်းလက်တောက်ပပြီး၊ တချို့က နှင်းလို ဖြူဖွေးနေကြတယ်။ ဒီလိုဂန္ဓမာပန်းအမျိုးအစားတွေအမျိုးအစားတွေအများကြီးထဲမှ ဒီနေ့မှာတော့ တရုတ်နိုင်ငံရဲ့ “မြင့်မြတ်တဲ့ ပန်းလေးမျိုး”ထဲက တစ်မျိုးဖြစ်တဲ့ “菊花”ခေါ် “ဂန္ဓမာပန်း”အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဆောင်းဦးရဲ့ ရွှေဝါရောင်နတ်သမီး #ဂန္ဓမာပန်း #菊花 #chrysanthemumflower #chrysanthemumflowers
  • လှသွေးစုံသည် ကြာမျိုးဂုဏ်ညီ 18.02.2026 6min
    ကြာပန်းဟာ ကျေးလက်လယ်ကွင်းပြင်ထဲမှာပဲ ဖူးပွင့်နေပါစေ၊ စေတီပုထိုးတွေမှာပဲ ကပ်လှူပူဇော်ထားပါစေ၊ မြင်သူတိုင်းကို အေးချမ်းတဲ့ အလှတရားနဲ့ ကျက်သရေရှိစေတဲ့ ပန်းမျိုးပါ။ အထူးသဖြင့် ပဒုမ္မာကြာဆိုရင်တော့ အဖူး၊ အပွင့်၊ အရိုး၊ အရွက်ကအစ အမြစ်နဲ့ အစေ့အထိ ပဉ္စာ (၅) ပါးလုံး ဆေးဖက်ဝင်သလို စားသုံးလို့လည်းရတဲ့ အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါတယ်။ဒီလိုအသုံးဝင်ပုံများလှတဲ့ ကြာပန်းလေးတွေရဲ့ အဆင်းနဲ့ အချင်း အကြောင်းအရာတွေကို "ဇာတ်လမ်း Z-Lann" ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ အသေးစိတ် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ဇာတ်လမ်း #လှသွေးစုံသည်ကြာမျိုးဂုဏ်ညီ #ကြာပန်း #ပဒုမ္မာကြာ #ကြာဖြူ #ကြာနီ #ကြာညို  #LotusFlower #NatureBeauty
  • "ဆောင်းအလှတိုးပန်း ရေနတ်သမီး" 13.02.2026 6min
    အေးစက်လှတဲ့ ဆောင်းရာသီရဲ့ အလယ် ဒီဇင်ဘာကနေ ဖေဖော်ဝါရီလအတွင်းမှာ ငွေစင်ရောင် ပွင့်ဖတ် လွှာတွေကြားထဲကနေ ရွှေဝါရောင်ခွက်ငယ်လေးတစ်ခု ဝင်းပလာသလို ထူးထူးခြားခြား ပွင့်လန်းတတ်တဲ့ ပန်းလေးတစ်မျိုး ရှိပါတယ်။ အဲ့ဒီပန်းလေးဟာ ငွေရောင်ပလ္လင်ပေါ်မှာ ရွှေခွက်တင်ထားသလို အလှချင်းပြိုင် နေတာကြောင့် 'ရွှေခွက်ငွေပလ္လင်' လို့လည်း လူသိများကြတဲ့ 'ရေနတ်သမီးပန်း' ပဲ ဖြစ်ပါတယ်။ရှေးစာဆိုတွေကတော့ ဒီပန်းလေးရဲ့ သန့်ရှင်းစင်ကြယ်တဲ့ အလှတရားကို 'လှိုင်းထဲက နတ်သမီး' လို့ တင်စား ချီးကျူးခဲ့ကြပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော် သမိုင်းကြောင်းရှိခဲ့တဲ့ ဒီပန်းလေးဟာ တရုတ်နှစ်သစ်ကူး ကာလမှာ မင်္ဂလာရှိခြင်း၊ စည်ပင်သာယာခြင်းနဲ့ 'အဟောင်းကိုစွန့်လို့ အသစ်ကိုကြိုဆိုခြင်း' ဆိုတဲ့ နိမိတ်ကောင်းတွေကို ဆောင်ယူလာပေးတတ်ပါတယ်။ဒီပန်းလေးနဲ့ပက်သတ်ပြီး ဒဏ္ဍာရီထဲမှာတော့ လူသားနဲ့ ချစ်ကြိုက်မိလို့ နတ်ပြည်ကိုစွန့်ပြီး လူ့လောကကို ဆင်းသက်လာခဲ့တဲ့ နတ်သမီးလေးတစ်ပါးအဖြစ် ယုံကြည်ခဲ့ကြသလို၊ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေကြောင့် လည်း ယနေ့တိုင် တန်ဖိုးထားနေကြဆဲပါ။ဒီနေ့မှာတော့ ဖူကျန့်ပြည်နယ်ရဲ့ ဂုဏ်ယူစရာ သင်္ကေတတစ်ခုဖြစ်သလို နှစ်သစ်ကူးရဲ့ ပျော်ရွှင်မှုတွေကို ရနံ့သင်းသင်းလေးနဲ့ သယ်ဆောင်လာပေးမယ့် 'ရေနတ်သမီးပန်း'လေး အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ဆောင်းအလှတိုးပန်း ရေနတ်သမီး
  • "ပန်းရဲ့မာန နှင်းဆီပြဆို" 10.02.2026 8min
    ဂီတနက်သန်ကိုစောညိန်းရဲ့ ချစ်ပြုံးနှင်းဆီ သီချင်းသံလေး ကြားလိုက်ရတိုင်း၊ ဆံနွယ်ထက်မှာ ဂုဏ်တင့် တယ်ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို ဖတ်မိတိုင်း  ကျွန်တော်တို့ရင်ထဲကို အရင်ဆုံး ရောက်မိတာက 'နှင်းဆီ' ပါပဲ။ နှင်းဆီဟာ ဂန္တဝင်ဆန်တယ်၊ သင်းပျံ့မူးဖွယ်ကောင်းတယ်၊ ဆွဲဆောင်မှုအားပြင်းတယ်။ နှင်းဆီကို ပန်းတို့ရဲ့ဘုရင် မလို့ တင်စားခေါ်ဝေါ်ကြသလို ချစ်ခြင်းရဲ့သင်္ကေတလို့ သတ်မှတ်ကြပါတယ်။ ဒီလို ဂန္ထဝင်ဆန်လှတဲ့ နှင်းဆီပန်းတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၀ ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာ ရှိနေခဲ့တာဖြစ်ပြီး၊ ကလီယိုပတ်ထရာ ဘုရင်မကြီးကနေ ရောမဧကရာဇ်တွေအထိ ခေတ်အဆက်ဆက်မှာ ချမ်းသာကြွယ်ဝမှုနဲ့ ထာဝရအချစ်ရဲ့ သင်္ကေတအဖြစ် တန်ဖိုးထားခြင်း ခံခဲ့ရပါတယ်။ဒီနေ့မှာတော့ အချစ်နဲ့ အလှအပရေးရာတွေမှာတင်မကဘဲ ရှေးဟောင်းဒဏ္ဍာရီတွေနဲ့ အနုပညာနယ်ပယ်အထိ နာမည်ကြီးလူကြိုက်များတဲ့ နှင်းဆီပန်းအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ 'ရာသီမသိ ပန်းနဲ့ညှိ' အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပန်းရဲ့မာန နှင်းဆီပြဆို
  • "ကျူးလစ်ရောင်စုံ အဓိပ္ပာယ် အဖုံဖုံ" 07.02.2026 6min
    နှင်းဆီပြီးရင် အချစ်ရဲ့ သင်္ကေတလို့ နာမည်ကြီးတာက ကျူးလစ်ပန်းလေးတွေပါ။ ကျူးလစ်ပန်းလို့ပြောလိုက်ရင် နယ်သာလန် ကျေးလက်ဒေသတစ်လျှောက်က စိမ်းလန်းစိုပြေတဲ့ ကျူလစ်ပန်းခင်းကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ကျူးလစ်ပန်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းအချက်အလက်တစ်ခုက မြန်မာ့သမိုင်းမှာ သဇင်ပန်းတွေဟာ တန်ဖိုးကြီးသလို ရှေးခေတ်ကမ္ဘာ့သမိုင်းမှာလည်း ကျူးလစ်ပန်းတွေက ဈေးအကြီးဆုံး ၊ တန်ဖိုးအကြီးဆုံးပန်း တွေ ဖြစ်ခဲ့ကြပါတယ်တဲ့။အဲ့ဒီခေတ်မှာ ကျူးလစ်ပန်းတွေဟာ ရွှေထက်ပိုတန်ဖိုးကြီးလာခဲ့ပြီး လူတွေဟာ မြေတွေ၊အိမ်တွေ၊ စက်ရုံတွေရောင်းချရင်း ကျူးလစ်ပန်းတွေကိုအလုအယက်ဝယ်ယူခဲ့ကြတဲ့ဖြစ်ရပ်အထိ ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ ဘာကြောင့်များ အဲဒီခေတ်က လူတွေဟာ ကျူးလစ်ပန်းလေးတစ်ပွင့်ကို ပိုင်ဆိုင်ရဖို့အတွက် ပိုင်ဆိုင်သမျှအ ရာအားလုံးကို ပုံအောရောင်းချကြတာလဲဆိုတာကို သိချင်ကြရင်တော့ ဇာတ်လမ်း Z-Lannရဲ့ “ရာသီမ သိပန်းနဲ့ညှိ”အစီအစဉ်လေးမှာ ၀င်ရောက်နားစဥ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
  • "ကံ့ကော်ပွင့်ယှက် ရင်သို့ခတ်စေ" 04.02.2026 6min
    ဆောင်းအကုန် နွေအကူး ရာသီအကွေ့မှာတော့ နွေဦးကို ကြိုဆိုတဲ့အနေနဲ့ ရွှေရောင်တောက်တောက် ကံ့ကော် ပန်းလေးတွေ ဝေနေအောင် ပွင့်လန်းလာခဲ့ပါပြီ။ တန်ခူးလရဲ့ ရာသီပန်းဟာ ပိတောက်လို့ လူအများက ထင်မှတ် ထားကြပေမယ့် တကယ်တမ်းမှာတော့ ရှေးနန်းတွင်းသူတွေ တယုတယ ပန်ဆင်ခဲ့ကြတဲ့ ကံ့ကော်ပန်းလေးက သာ တန်ခူးလရဲ့ ကိုယ်စားပြု တော်ဝင်ပန်းပဲ ဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလတွေနဲ့အတူ ရနံ့သင်းပျံ့စွာ ပွင့်လန်းတတ်တဲ့ ဒီကံ့ကော်ပန်းလေး တွေရဲ့ အကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ကံ့ကော်ပွင့်ယှက် ရင်သို့ခတ်စေ#ကံ့ကော်ပန်း #ဇာတ်လမ်း #တန်ခူးလ
  • "ပွင့်ကြူ ရွက်သင်း လာဗန်ဒါပန်းခင်း" 30.12.2025 6min
    ခရမ်းရောင်လှိုင်းလုံးကြီးတွေလို ဝေဆာနေတဲ့ လာဗန်ဒါ (Lavender) ပန်းလေးတွေဟာ သန့်စင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုပါတယ်။ လက်တင်ဘာသာစကား "Lavare" (သန့်စင်ခြင်း) ကနေ ဆင်းသက်လာတဲ့ လာဗန်ဒါကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ရှေးအီဂျစ်နဲ့ ရောမလူမျိုးတွေက နံ့သာဆီနဲ့ အမွှေးနံ့သာ ကုထုံးတွေမှာ အသုံးပြုခဲ့ကြပါတယ်။ သမိုင်းအထောက်အထားအရ တူတန်ခါမန်ရဲ့ ဂူသင်္ချိုင်းကို ဖွင့်လှစ်ချိန်မှာတောင် လာဗန်ဒါပန်းရဲ့ သင်းပျံ့တဲ့ရနံ့ကို ရရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။ယနေ့ခေတ်မှာလည်း လာဗန်ဒါပန်းရနံ့ကို စိတ်ဖိစီးမှုလျှော့ချဖို့နဲ့ အပန်းဖြေဖို့အတွက် ရေမွှေး၊ ဆေးဝါးနဲ့ Aromatherapy တို့မှာ အဓိက အသုံးပြုနေကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကနေ "ပွင့်ကြူရွက်သင်း လာဗန်ဒါပန်းခင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ လာဗန်ဒါပန်းလေးတွေရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ စိတ်ဝင်စားဖွယ် ဗဟုသုတတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ပွင့်ကြူရွက်သင်းလာဗန်ဒါပန်းခင်း #Lavender #လာဗန်ဒါ
  • "ရဂုံနန်း ပန်းတောထဲက သစ်ခွ" 29.12.2025 7min
    ဒီနေ့ ဇာတ်လမ်း Z-Lann Page လေးကနေ ရောင်စုံလိပ်ပြာလေးတွေလို အလှကြွယ်တဲ့ သစ်ခွပန်းလေးတွေရဲ့ ထူးခြားတဲ့ သဘာဝ၊ ပုံပန်းသဏ္ဌာန်နဲ့ အဆင်အသွေးတို့အကြောင်းကို ပြောပြပေးချင်ပါတယ်။ သစ်ခွပန်းဟာ ကမ္ဘာ့ပန်းလောကမှာ တန်ဖိုးအထားရဆုံးနဲ့ ဈေးအမြင့်ဆုံး ပေးရတတ်တဲ့ ပန်းတစ်မျိုး ဖြစ်ပါတယ်။မြန်မာစာပေအဆိုအရ ရှေးမြန်မာမင်းများလက်ထက်မှာ သစ်ခွမျိုးနွယ်ဝင်ဖြစ်တဲ့ "သဇင်ပန်း" ကို “ပန်းများဘုရင်” လို့ ချီးကျူးခေါ်ဝေါ်ကြပြီး တော်ဝင်ပန်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒီတစ်ခါ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” အစီအစဉ်ကောင်းလေးကနေ တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ “ရဂုံနန်း ပန်းတောထဲက သစ်ခွ” ဆိုတဲ့ သစ်ခွပန်းလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရဂုံနန်းပန်းတောထဲကသစ်ခွ #သစ်ခွ #သဇင်ပန်း #ပန်းများဘုရင် #မြန်မာ့ပန်း #Orchid #MyanmarOrchids #RoyalFlower
  • " ဝတ်ဆံဝါ အဖြူပွင့် သရဖီတင့်တဲ့ဂုဏ် " 23.12.2025 5min
    တပေါင်းလဟာ မြန်မာနှစ်တစ်နှစ်ရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ ဒီလို တပေါင်းလရောက်ရင် သရဖီပန်းတွေဟာ လှိုင်လှိုင်ဖူးပွင့်ကြပါတယ်။ ဒါကြောင့်လည်း ရှေးမြန်မာစာဆိုကြီးတွေရဲ့ တပေါင်းလရာသီဘွဲ့ ကဗျာ၊ ဝတ္ထု၊ လင်္ကာတွေမှာ သင်းပျံ့တဲ့ သရဖီပန်းအကြောင်းကို ထည့်သွင်းစပ်ဆိုခဲ့ကြပါတယ်။တပေါင်းလရဲ့ ရာသီပန်းဖြစ်တဲ့ ရွှေရောင်သရဖီပန်းတို့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဗဟုသုတအကြောင်းအရာလေးတွေကို ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #တပေါင်းလ #သရဖီပန်း #မြန်မာ့ရာသီပန်း #ဗဟုသုတ #SeasonalFlowers #TharaphiFlower
  • "လီလီအလှ ပွင့်ဖတ်ကခို" 21.12.2025 8min
    ပန်းတွေဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကားတွေကို အလှပဆုံး ကိုယ်စားပြုပေးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်မွန်တွေပဲ ဖြစ်ပါတယ်။ ပန်းတစ်မျိုးချင်းစီမှာ သူ့ရဲ့ သမိုင်းကြောင်းတွေနဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ် ကိုယ်စီ ရှိကြပါတယ်။ဥပမာအနေနဲ့ ပြောရရင်... သိမ်မွေ့မှု၊ စင်ကြယ်မှုနဲ့ ဖြူစင်တဲ့ အချစ်တွေကို ဖော်ပြချင်တဲ့အခါမှာ လူသားတွေဟာ “လီလီပန်း (Lily)” လေးတွေကို အသုံးပြုလေ့ရှိကြပါတယ်။ အရောင်အသွေး စုံလင်ပြီး ပွင့်ဖတ်ကလေးတွေရဲ့ အလှမှာ မှီခိုနေတဲ့ လီလီပန်းလေးတွေဟာ ကမ္ဘာတစ်ဝန်းက ယဉ်ကျေးမှုတွေမှာ ကံကောင်းခြင်းနဲ့ သစ္စာရှိခြင်းရဲ့ ပြယုဂ် အဖြစ် ထင်ရှားကျော်ကြားလှပါတယ်။ ✨ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ” ဆိုတဲ့ အစီအစဉ်ကနေ “လီလီအလှ ပွင့်ဖတ်ကခို” ဆိုတဲ့အတိုင်း လီလီပန်းလေးတွေရဲ့ ထူးခြားတဲ့ အလှတရားတွေနဲ့ ဒဏ္ဍာရီလာ သမိုင်းကြောင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #လီလီအလှပွင့်ဖတ်ကခို #လီလီပန်း #LilyFlower #FlowerMeaning #PodcastMyanmar #NatureBeauty
  • "ရွှေပိတောက် ဖြိုးမောက်တဲ့နွေ" 18.12.2025 5min
    အတာကူးတဲ့ တန်ခူးလရောက်လာတဲ့အခါမှာ ရွှေဝါရောင် ပိတောက်ပန်းတွေနဲ့အတူ ကံ့ကော်ပန်း ၊ စွယ်တော်ပန်းနဲ့ ငုဝါပန်းတို့ဟာ အလှချင်းဆိုင် အပြိုင်ပွင့်ကြပါတယ်။ဒါပေမယ့် ရှေးပညာရှိတွေက မြန်မာ လူမျိုးတို့ရဲ့ ဆယ်နှစ်လ ရာသီပန်းတွေထဲမှာ ကံ့ကော်ပန်းကို တန်ခူးလရာသီပန်းအဖြစ် သတ်မှတ်ထားခဲ့ကြတယ် ဆိုပေမယ့် သင်္ကြန်နဲ့ ပိတောက် ၊ ပိတောက်နဲ့သင်္ကြန်ဟာ ခွဲထားလို့မရဘူးဆိုတာ လက်ခံရမှာပါ။တစ်နှစ်မှာ တစ်ခါသာပွင့်တဲ့ ပန်းပိတောက်တွေဟာ မိုးစက်မိုးပြောက်တွေကျလာတဲ့အချိန်မှာ ဝေဝေဆာဆာ ပွင့်တတ်ကြပြီး ပိတောက်ဟာ မိုးကိုမျှော်သလို တန်ခူးသင်္ကြန်ဟာ ပိတောက်ကိုမျှော်ပါတယ်။ဒီနေ့မှာတော့ ဇာတ်လမ်း Z- Lann ရဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအထိမ်း အမှတ်ဖြစ်တဲ့ ပိတောက်ပန်းလေးတွေအကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #ရာသီမသိပန်းနဲ့ညှိ #ရွှေပိတောက်ဖြိုးမောက်တဲ့နွေ #သင်္ကြန်နှင့်ပိတောက် #တန်ခူးလရာသီပန်း #ပိတောက်ပန်းအကြောင်း #မြန်မာ့ရိုးရာနှစ်သစ်ကူး #MyanmarThingyan #PadaukFlower
  • "မိုးသည်းရေပါ ခတ္တာလာရာလမ်း" 14.12.2025 5min
    “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ စကားလေးအတိုင်း ခတ္တာပန်းလေးတွေ ဖူးပွင့်လာကြပြီဆိုရင် ဝါခေါင်လ ရောက်လာပြီဆိုတာကို သိနိုင်ပါတယ်။ တေးရေးဆရာ ကိုနေဝင်းရဲ့ "ခတ္တာ" သီချင်းလေးထဲမှာ "ဝါဆိုပန်း မင်းလွင် ပုန်းညက် နွမ်းရက်လွန် ကြွေပြီမို့ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ”ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ဒီစာသားလေးဟာ ဝါဆိုလရဲ့ ရာသီပန်းလေးတွေ ကြွေပြီးနောက်မှာ သိဟ်ရာသီ ဝါခေါင်လရဲ့ ရာသီပန်းလေးတွေ ဖြစ်တဲ့ ခတ္တာပန်းများ ပွင့်လန်းရောက်ရှိလာပုံကို ဖော်ကျူးထားခြင်းဖြစ်တာကြောင့်၊ ဝါခေါင်လရောက်တိုင်း ဒီတေးသွားလေးကို ကြားယောင်လာမိစေပါတယ်။သဲသဲမဲမဲနဲ့ ရွာနေတဲ့ မိုးရေတွေရဲ့ကြား ဖူးပွင့်အားယူ ပွင့်လန်းသူ ခတ္တာပန်းလေးတွေရဲ့ အလှအကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ အစီအစဉ်ကောင်းလေးဖြစ်တဲ့ “ရာသီမသိ ပန်းနဲ့ညှိ”ဆိုတဲ့ အစီအစဉ်လေးကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်လို့ ဝင်ရောက်ကြည့်ရှု့ နားဆင်နိုင်ပါပြီ။#Zlann_Podcast #ဇာတ်လမ်း #ခတ္တာပန်း #ဝါခေါင်လ #ရာသီပန်း #မြန်မာ့ယဉ်ကျေးမှု #တေးသီချင်း #ကိုနေဝင်း #ပန်းနှင့်ရာသီ #အစီအစဉ်ကောင်း
  • "ဖြူလွှ မွှေးမွှေး ပန်းမုလေး" 11.12.2025 4min
    နွေသရုပ်ဟာ တစ်ဖန်၊ မိုးသဏ္ဌာန်မှာ အခါပြောင်း၊ နွေအနှောင်း မိုးကောင်းလို့ရွာတဲ့ကာလ၊ ဝါဆိုလမှာ မုလေးပန်းတွေ ဖူးပွင့်ကြပါတယ်။ မုလေးပန်းကို မုလေးပင်ကနေရရှိပြီး မြတ်လေးပန်းလို့လည်း ခေါ်ကြ ပါတယ်။ မုလေးပန်းရဲ့ ထူးခြားချက်က သူ့ကို ဆွတ်ခူးမယ့်သူ မရှိရင် မြေပေါ်ကိုကြွေမကျဘဲ နွမ်းခြောက်သွားတဲ့အထိ ပင်ယံထက်မှာပဲ တည်ရှိနေတတ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးတွေ ဣန္ဒြေသိက္ခာထိန်းသိမ်းကြရာမှာ “မြတ်လေးပန်းလိုကျင့်” ဆိုပြီး ခိုင်းနှိုင်းပြောဆိုကြခြင်းဖြစ်ပါတယ်။ဒီကနေ့ ဇာတ်လမ်း Z-Lann ရဲ့ “ ရာသီမသိ ပန်းနဲ့ညှိ “ ဆိုတဲ့အစီအစဉ်လေးကနေ “ဖြူလွှ မွှေးမွှေး ပန်းမုလေး”ဆိုတဲ့ မုလေးပန်းလေးတွေရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်လို့ ဝင်ရောက်နားဆင်ခံစားနိုင်ပါပြီ။⁠#ZLann_Podcast⁠ ⁠#ရာသီမသိပန်းနဲ့ညှိ #ဖြူလွှမွှေးမွှေးပန်းမုလေး #မုလေးပန်း #မြတ်လေးပန်း

Populair in

Deze podcast verschijnt ook in de podcastlijsten van deze landen.