Songwriter's Notes

Songwriter's Notes

Wi Ra Moe Nay
Страна Мьянма
Язык MY
Эпизодов 4
Последний 20.10.2026

ဒီ Podcast ဟာ သီချင်းရေးခြင်းနဲ့ ဖန်တီးမှုအကြောင်းတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုလုပ်ငန်းစဉ်၊ ဇာတ်ကောင်နဲ့ ဇာတ်ကြောင်းတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ပြောဆိုပါမယ်။ သီချင်းရေးသူတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေထားပါတယ်။ သီချင်းတွေအကြောင်း စိတ်ဝင်စားသူတွေ အပြန်အလှန် ဆွေးနွေးနိုင်တဲ့ နေရာတစ်ခုအဖြစ်လည်း ရည်ရွယ်ပါတယ်။

Эпизоды

  • Episode(5) - “Cover Song တွေတီးခတ်သီဆိုတာက ကိုယ်ပိုင်သီချင်းရေးဖို့လမ်းစ” 20.10.2026 8мин
    Cover Song တွေကို တီးတာက ကိုယ်ပိုင်သံစဥ်တွေရေးဖို့ နဲ့ ဆိုဖို့အတွက် အရေးကြီးတဲ့အလေ့အကျင့် လမ်းစပဲ။ သူများဘာလုပ်ထားလဲ အရင်လေ့လာကြည့်ပြီးမှ ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ သိအောင်မွေးမြူရတာပဲ။ ဘယ်သီချင်းရေး ဆရာမှ ကိုယ်ပိုင်သီချင်းနဲ့ စပြီး ဂစ်တာတွေ စခေါက်တာ မဟုတ်ဘူး။ တူရိယာတွေ စတီးတာမဟုတ်ဘူး။ ရှိပြီးသားသံစဥ်တွေ သီချင်းတွေကိုနားထောင်ရင်း လေ့ကျင့်ရင်းနဲ့မှ ကိုယ်ပိုင်သံစဥ်တွေကို ဖန်တီးကြရတာ။ ဟိုး ကမ္ဘာဦး အစကဆိုရင်တောင် သစ်ရွက်လှုပ်သံ၊ လေတိုးသံ၊ ငှက်အော်သံ တွေကို တုပ နားထောင်ပြီးမှ ဂီတကို ဖန်တီးခဲ့ကြရတာဖြစ်တယ်လို့ ကျွန်တော်ယုံတယ်။ တူရိယာတွေ မရှိသေးတဲ့အချိန်မှာ လက်ခုပ်တီးတာ ၊ လေချွန်တာ ၊ သစ်တုံးတွေကို ခေါက်ပြီး အသံလုပ်တာ နဲ့ စခဲ့တာလို့ ကျွန်တော်ယုံတယ်။ ဒါတွေ ခဏထားပါ ကျွန်တော် သမိုင်းဆရာမဟုတ်တော့ အချက်အလက်အမှားတွေ ပေးမိမှာ စိုးတယ်။ ကျွန်တော်ဆိုလိုချင်တာ က ရှိပြီးသား အသံတွေ အရာတွေကိုသုံးပြီးတော့မှ ပဲ လူသားတွေဟာ ကိုယ်ပိုင်သံစဥ်ကို ဖန်တီးဖို့ လေ့ကျင့်ယူရတာ ဆိုတဲ့ သဘောတရားပါ။ အရှိတရားပါ။- Episode (5)- Cover Song is a path to create own tunes- Songwriter’s Notes Podcast—————————————-ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။ အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-linkYoutube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #songwritersnotes #songwriting #wiramoenay #coversongs #podcast #episode5 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း
  • Episode(4) - “ဒီသီချင်းနဲ့ဆင်နေသလား” 18.10.2026 14мин
    လူတွေမှာလည်း ရုပ်ချင်းဆင်ကြတဲ့လူတွေ ရှိသလို ပဲပေါ့။ သီချင်းတွေမှာလည်းဆင်တာတွေရှိတာပေါ့။ သီချင်းတွေအများကြီးနားထောင် ဖြစ်တဲ့အခါကျတော့ နားထောင်နေတဲ့ တချို့ သီချင်းတွေတစ်ပုဒ်နဲ့ တစ်ပုဒ်ကိုတောင် ဆင်တူယိုးမှားကြီး ဒါကြီး က ဒီဟာနဲ့ ဟိုဟာ နဲ့တူနေတယ်လေလို့ ခဏခဏဖြစ်တယ်။  'ငါနင့်ကို ချစ်တယ်' ဆိုတဲ့ စကားလုံးကို လူတိုင်း သုံးကြပေမဲ့ ပြောတဲ့သူရဲ့ အသံနေအသံထား၊ အခြေအနေနဲ့ ခံစားချက်ပေါ် မူတည်ပြီး အဓိပ္ပာယ် ကွဲပြားသွားသလိုပေါ့ဗျာ...။ ကျွန်တော်လည်း သီချင်းတွေရေးနေတာပဲ သွားပြီးတူတဲ့ဟာ မျိုးတွေ အများကြီး ရှိတာပေါ့။ တိုက်ရိုက်ကြီး တူနေတဲ့ဟာမျိုးတွေဆိုရင် ကျွန်တော်ပြန်ပြောင်းတယ်။ ပြင်တယ်။ မသိစိတ်က လွှမ်းမိုးခံရပြီး ပါသွားတဲ့ဟာတွေကို တော့ ကျွန်တော် မသိဘူး။ ငါနင့်ကိုချစ်တယ် လို့ ပြောတဲ့ပုံစံကို ဘာသာစကားအရ သူများနဲ့ မတူအောင် ကျွန်တော်ပြော နိုင်ဖို့ ကြိုးစားတယ်။ သံစဥ်အရသူများနဲ့ မတူဘဲ ထူးခြားအောင် ပေါင်းစပ်တင်ပြနိုင်အောင်ကြိုးစားတယ်။ ရိုးသားမှုအခြေခံပြီး ကြိုးစားဖို့ပဲ။ Chord Progression တွေ တူနေရင် သံစဥ်အယူအဆတွေ ဆင်သလိုရှိနေတာတွေ က ဘယ်သူ့အပြစ်မှ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော် ရှေ့အပိုင်းမှာ ပြောခဲ့သလို Inspiration အနေနဲ့ဖြည့်တွေးလိုက်လို့ ရတယ်။ Reference အနေနဲ့ ဖြည့်တွေးလိုက်လို့ ရပါတယ်။သံတူကြောင်းကွဲ ဘာသာစကားမှာရော ဂီတ မှာ ရုပ်ရှင်မှာရော ကဗျာမှာရော အများကြီးပဲ။Fear of similarity ကြောင့်ကိုယ့်ရဲ့ Creativity နဲ့ Writing ကို Block မဖြစ်စေချင်တာပါပဲ။———————-ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။ အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Spotify : https://open.spotify.com/show/2I89umbgPOB73PXzgIp1JK?si=e-jhjWPfSL2M_0-OoBf6Ng&utm_source=copy-linkYoutube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #songwritersnotes #songwriting #wiramoenay #similarity #podcast #episode4 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း
  • Episode(3) - "ပါရမီရှင်လိုလည်းသီချင်းရေးပါ၊ လေ့ကျင့်ရေးကွင်းဆင်းနေသူလိုလည်းတွေးပါ" 15.10.2026 15мин
    ဘောလုံးသမားတွေ၊ လက်‌ဝှေ့သမားတွေ၊ အင်ဂျင်နီယာတွေ၊ ဒါရိုက်တာတွေ၊ ကင်မရာမန်းတွေ၊ သရုပ်ဆောင်တွေ၊  နောက်ဆုံးစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ လုပ်နေတဲ့ဟာတွေ ပုံမှန်အတိုင်းလုပ်နေနိုင်ဖို့ အိပ်နေလို့မရဘူး။ အမြဲတမ်းအဆက်မပြတ်အောင် လေ့ကျင်နေရတယ်။ လေ့လာ လိုက်စားနေရတယ်။ ဘောလုံးသမားတွေဟာ ဘောလုံးကွင်းထဲမှာ Training ဆင်းတယ်။ လက်‌ေ၀ှ့ သမားတွေဟာ Gym သွားတယ် ကြိုး၀ိုင်းထဲမှာ ထိုးကွက်သတ်ကွက်တွေကို လေ့ကျင့်ရတယ်။ သူတို့က ပါရမီရှင်တွေပါပဲ ဒါပေမယ့်အစဥ်တစိုက် လေ့ကျင့်မှု နှင့် လေ့လာမှု မရှိတဲ့အခါ အဲ့ဒီပါရမီရှင်တွေက ဘယ်တော့မှမတည်မြဲဘူး။ ပါရမီဆိုတာကို ကျွန်တော်တော့ စိတ်ပါ၀င်စားမှု စိတ်အားထက်သန်မှုက ရေရှည်စူးစိုက်အားထုတ်နိုင်မှုအပေါ်  အခြေခံတယ်လို့ မြင်ကြည့်ချင်တယ်။ငယ်ငယ်တည်းကစိတ်ပါ၀င်စားတဲ့အရာတွေကို တစိုက်မတ်မတ်လုပ်လာရင်းနဲ့ အဲ့ဒါတွေက တစ်နေ့ တကယ်ဖြစ်လာနိုင်တဲ့သဘောမျိုးပေါ့။ သီချင်းရေးတဲ့သူတွေဆိုတာလည်း အဲ့လိုပဲ၊ ပါရမီရှိမယ်၊ ဖီလင်လာတဲ့အချိန် ရှိမယ်၊ အနုပညာဖန်တီးမှုတွေကို လေ့လာ နေတဲ့အချိန်ရှိမယ်။ တကယ်ဖန်တီးတဲ့အချိန်လည်းရှိမယ်။ ဖန်တီးတဲ့အခါမှာလည်း ပါရမီရှင်လိုလည်း ရေးတာ တစ်ဖက် လေ့ကျင့်ရေးကွင်းဆင်းနေတာလို့ သဘောထားပြီးရေးနေတာကတစ်ဖက်ပေါ့။-Episode 3-Talent or Passion?-Songwriter's Notes Podcast----------------------------------------ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး နွေးချင်တဲ့အ ကြောင်းအရာ တွေကိုလည်း Comment Box က နေ တစ်ဆင့် ဆွေး နွေးထားလို့ရပါတယ်။ အပိုင်းသစ် တွေ အတွက် ကျွန် တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Youtube : https://www.youtube.com/wiramoenay Facebook : https://www.facebook.com/wrmoenay #songwritersnotes #songwriting #wiramoenay #musiclistening #podcast #episode2 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်း
  • Episode(2) - "နားသောတ အာဟာရမှီဝဲခြင်း" 14.10.2026 39мин
    “နားသောတ အာဟာရမှီဝဲခြင်း”ကျွန်တော် လုပ်ဖြစ်ခဲ့တဲ့ အလေ့အကျင့် တစ်ခုက ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ဆိုထားတဲ့ ဖန်တီးထားတဲ့သီချင်းတွေကို နားထောင်တာ။တချိုလူတွေ မေးတယ်။ "စာသားလည်း နားမလည်ဘူး... ဘာလို နားထောင်တာလဲ"ပေါ့နော်အဲဒီမေးခွန်းက အရမ်းစိတ်ဝင်စားဖို ကောင်းတယ်။ဘာလိုလဲဆိုတော့...ကျွန်တော်တို သီချင်းကို နားထောင်တာက စာသား၊ ဘာသာစကား၊ စကားလုံးတွေကိုပဲ  နားထောင်တာတစ်ခုတည်းလားဆိုတာ ပြန်ပြီး မေးခွန်းထုတ်စရာရှိတယ်။ကျွန်တော့်အတွက်က ဘာသာစကားနားမလည်ပေမယ့် နားထောင်နိုင်စွမ်းကိုမြင့်တင်ဖို ဖန်တီးနိုင်စွမ်းနယ်ပယ်ကိုချဲ့ထွင်နိုင်ဖိုအတွက် ယဥ်ကျေးမှုမတူတဲ့ လူ့အဖွဲထဲကတခြားလူတွေ ဂီတကို ဘယ်လိုတင်ပြနေလဲဆိုတာ သိဖိုလိုတယ် သိထားတာကောင်းတယ်လို ထင်တယ်။-Episode 2-Songwriter’s Notes Podcast-Music listening as a nourishing habit-------------------------------------------------------------ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး​နွေးချင်တဲ့အ​ကြောင်းအရာ​တွေကိုလည်း Comment Box က​နေ တစ်ဆင့် ဆွေး​နွေးထားလို့ရပါတယ်။ အပိုင်းသစ်​တွေ​အတွက် ကျွန်​တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Youtube : https://www.youtube.com/wiramoenay   Facebook : https://www.facebook.com/wrmoenay   #songwritersnotes #songwriting #wiramoenay #musiclistening #podcast #episode2 #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်းBackground MusicSong: Motivation PianoArtist: The_Mountain
  • Intro - Songwriter's Notes Podcast 14.10.2026 9мин
    မင်္ဂလာပါ….ဒီ Podcast မှာ သီချင်းရေးတဲ့အကြောင်းတွေနဲ့ သီချင်းအကြောင်းတွေ အဓိကပြောပါမယ်။ သီချင်းတွေရဲ့ ဖြစ်တည်မှု၊ ဖန်တီးမှုတွေဘယ်လိုရှိသလဲ ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေက ဘယ်လို အလုပ်လုပ်လဲသီချင်းရေးတဲ့သူတစ်ယောက်အနေနဲ့ သီချင်းတွေရေးသားဖန်တီးတဲ့အခါမှာ ကြုံရတဲ့အခြေအနေတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ စိတ်၀င်စားတဲ့သူတွေ ဆက်ပြီးနားထောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ဆွေး​နွေးချင်တဲ့အ​ကြောင်းအရာ​တွေကိုလည်း Comment Box က​နေ တစ်ဆင့် ဆွေး​နွေးထားလို့ရပါတယ်။ အပိုင်းသစ်​တွေ​အတွက် ကျွန်​တော့်ရဲ့Channel တွေ Page တွေကို Follow/Subscribe လုပ်ထားလို့ရပါတယ်။Youtube :  https://www.youtube.com/wiramoenay  Facebook : https://www.faceboook.com/wrmoenay  #songwritersnotes #songwriting #wiramoenay #podcast #intro #ဝီရမိုးနေ #တေးရေးမှတ်စု #သီချင်းရေးခြင်းBackground MusicSong: Motivation PianoArtist: The_Mountain

Популярен в

Этот подкаст также попадал в подкаст-чарты этих стран.