ညိုကီ FM
BurmaPodcastNetwork
0
Sammy, Franky နှင့် Bradley တို့ ညိုကီသုံးဖော်တို့၏ ရန်ကုန်မြို့ဘီယာဆိုင်ည စကားဝိုင်းများကို တမ်းတရင်း ဖန်တီးထားသော Podcast ဖြစ်သည်။ ဘီယာဝိုင်းမှ စကားများသာဖြစ်ပြီး ပညာပေး ဝါဒဖြန့်လိုခြင်း မရှိပါ။ နားထောင်သူများ စိစစ်သုံးသပ်ပြီးမှသာ ယုံကြည်ရန် အရေးကြီးသည်။
Episodet
-
Special_EP: Youth of Myanmar - A Conversation with the EU Head of Myanmar 11.04.2026 41minမြန်မာနိုင်ငံဆိုင်ရာ EU အကြီးအကဲနှင့် လူငယ့်အရေး စကားဝိုင်းမြန်မာပြည်လူငယ်တွေဟာ စစ်မှုထမ်းလည်းကြောက်ရ၊ ယုံကြည်ရာအတွက် ရှေ့တန်းကတုတ်ကျင်းတွေမှာ ပေးဆပ်ရ၊ နိုင်ငံတကာမှာလည်း မြန်မာလူငယ်ဆို ဗီဇာသက်တန်းတိုးရင်း ဘဝအချိန်တွေ ကုန်နေကြရတဲ့အပေါ် ဥရောပသမဂ္ဂအနေနဲ့ ဘာအကူညီတွေပေးနိုင်ပါသလဲလို့ မေးဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအကြီးအကဲ မစ္စတာ Marc Fiedrich ရဲ့ အဖြေကိုတော့ မိတ်ဆွေတို့ပဲ Podcast မှာ နားထောင်ကြည့်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ Myanmar youth are facing serious pressures today. Fear of conscription, sacrifices on the frontlines, and long years spent abroad struggling with uncertain visa status.We asked what support the European Union can provide in response.To hear the answer from Mr. Marc Fiedrich, Head of the EU Delegation to Myanmar, listen to the podcast and join the discussion in the comments.Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 012: ယုံလွန်းတတ်သူကြီး (သို့မဟုတ်) ညိုကီ ဝီရ 01.11.2025 1h 5minOldies Classic လူငယ် ဂီတသမား - ဝီရမိုးနေနဲ့ တွေ့ဆုံခြင်း တစ်နေ့တစ်နေ့ Facebook ပေါ်မှာ အမောတွေ၊ သောက၊ ပူလောင်စရာချည်းပဲလို့ ခံစားမိနိုင်ပါတယ်။ ဒါပေမဲ့ စိတ်သက်သာစရာ အကြောင်းတရားလေးတွေ၊ ကြည်နူးစရာ အခိုက်တွေလဲ ရှိနိုင်ပါသေးတယ်။ အဲ့တာကတော့ အခု ညိုကီ FM ရဲ့ Episode 12 ဖြစ်ပါတယ်။ ကလေးဘဝထဲက ဂစ်တာတူရိယာအပေါ်ထားတဲ့ သံယောဇဥ်နဲ့ Oldies Classic ဂီတတွေအပေါ် မြတ်နိုးငြိတွယ်ခြင်းကနေ ပေါက်ဖွားလာတဲ့ Album အသစ်တစ်ခုကို ညိုကီ FM နားဆင်သူတွေဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူငယ်ဂီတသမားတစ်ဦးရဲ့ ရုန်းကန်မှုတွေနဲ့အတူ Blues, Rock & Roll နဲ့ Jazz သီချင်းအသစ်တွေကို ခံစားနားဆင်ရမှာဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဂီတညချမ်းအဖြစ် ခံစားနိုင်ကြပါစေ။Chapters:(0:00:00) Highlight(0:01:24) ညိုကီနဲ့ မိတ်ဆက်(0:03:38) ဘယ်ကနေစ(0:07:23) လွှမ်းမိုးမှုရှိခဲ့တဲ့ ဂီတအမျိုးအစားနဲ့ Artists (0:24:23) Folk song အကြောင်း နားလည်သလောက်(0:25:41) Album အသစ်အကြောင်း(0:31:43) “Motorcycle” သီချင်းအကြောင်း(0:36:10) “ရေလှိုင်းပုံပြင်” သီချင်းအကြောင်း(0:38:33) “မုသားချို” သီချင်းအကြောင်း(0:44:23) “ရည်းစားလေး” သီချင်းအကြောင်း(0:47:35) “Chiang Mai” သီချင်းအကြောင်း(0:49:09) ရလဒ်တွေက စိတ်ခံစားမှုပေါ်သက်ရောက်မှုရှိလား(0:51:21) Music ဖန်တီးပြီး ဘဝကို ရပ်တည်လို့ရနေလား(0:52:38) “စန်း” ဆိုတာကို ယုံလား(0:53:56) Album Title “သုခချမ်းသာ” သီချင်းအကြောင်း(1:03:46) Bonus TrackBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 011: ညိုကီဆက်လျှောက် 26.07.2025 1h 8min“ညိုကီ x ဆက်လျှောက်” လာပါပြီ။ "ကျွန်တော့်ခြေထောက်က ညာဘက်ပြတ်တာ "ဆက်လျှောက်" Logo က ဘယ်ခြေတုပုံ...ကျွန်တော့် တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ အခြား ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေအားလုံးကိုကိုယ်စားပြုတယ်။"လေးနက်တဲ့ ရည်ရွယ်ချက်တွေနဲ့ဆက်လျှောက်နေတဲ့ ညိုကီ ကျီးကန်း အကြောင်းကို Burma Podcast Network ရဲ့ Platform များမှာ နားဆင်နိုင်ပါပြီ။Disclaimer: ယခုအပိုင်းတွင် Suicide နှင့်ပတ်သက်သည့်ကိစ္စရပ်များပါဝင်ပါသည်။#burmapodcastnetwork #myanmarpodcast #NyoKiFM
-
Special_EP: From Bangkok to Mae Tao Clinic 14.06.2025 23minရွှေ့ပြောင်းမြန်မာများအတွက် ကီလို ၅၀၀ လမ်းလျှောက်ခဲ့သူ စင်္ကာပူလူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း Jeshua ဆိုတဲ့ စင်္ကာပူနိုင်ငံသား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့ကနေ တက်ခ်ခရိုင် မဲဆောက်မြို့ကို ခရီးထွက်လာပါတယ်။ ထူးဆန်းတာက ခြေလျင်ခရီးဖြစ်ပါတယ်။ ရာသီဥတုက March လကြီး ဖြစ်တဲ့အလျောက် အပူချိန်အတော်မြင့်သလို ခရီးစဥ်ဟာ စုစုပေါင်း 500 Kilometer ဖြစ်ပြီး ၁၂ ရက် နဲ့ နေ့တစ်ပိုင်း အချိန်ကြာ လျှောက်ခဲ့ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က မယ်တော်ဆေးခန်းလို့ လူသိများကြတဲ့ (Mae Tao Clinic) အတွက် စင်္ကာပူဒေါ်လာ ၁ သိန်းခွဲ မတည်လှူဒါန်းနိုင်ဖို့ Fund Raise လုပ်ခဲ့တဲ့ခရီးစဥ်ဖြစ်ပါတယ်။ Burma Podcast Network အနေနဲ့ Jeshua နဲ့ စကားစမြည် ပြောခဲ့တဲ့ ထဲက အချို့ကို Special Episode တစ်ခုအနေနဲ့ ထုတ်နုတ်တင်ဆက်လိုက်ရပါတယ်။ ယခု Podcast ကို English ဘာသာဖြင့် တင်ဆက်ထားပါသည်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 010: အသည်းနုတဲ့ ညိုကီဘဲဥ 03.05.2025 1hဒီအပိုင်းဟာ ရုပ်ရှင်လောကသားတစ်ယောက်ရဲ့ အကြောင်းပါ။အင်းစိန်သား၊ BARS ကျောင်းထွက်၊ ယုံကြည်ရာ အနုပညာအတွက် ရုန်းကန်နေတဲ့ အသက် (၃၀) ကျော် ညိုကီတစ်ယောက်။မီးထိုး/မှန်ထိုး၊ ဖြတ်လျှောက်၊ Crew၊ အဲ့ကနေမှ ရိုက်ကူးရေးမန်နေဂျာ၊ ပရိုဂျူဆာက စလို့ Series, Short Film နဲ့ ရုပ်ရှင်ကြီးတွေမှာပါ မင်းသားအဖြစ် အောက်သက်ကျေတဲ့ ညိုကီ။မောက်ခမ်းဝါ ရဲ့ The Unknown Infinity ဆိုတဲ့ Short Film မှာ "ဘဲဥ" ဆိုတဲ့ သူ့ဇာတ်ကောင်က အမျိုးသမီးတစ်ဦး အပေါ်အင်မတန် စွဲလန်းတဲ့ အသည်းနုတဲ့ ညိုကီတစ်ယောက်အဖြစ် သရုပ်ဆောင်ချက်မှာ BPN ဝိုင်းတော်သားတွေရော၊ အခြားရုပ်ရှင်ချစ်သူတွေပါ ကြွေခဲ့ရ၊ ကြည့်ရှုသူတွေဆီကနေ ကောင်းတဲ့ ဝေဖန်ချက်တွေ ရလာခဲ့တဲ့ ညိုကီ။ဒီညိုကီရဲ့ နာမည်ကတော့ “Will” ပါ။ သူ့ရုပ်ရှင်ကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ ယနေ့အထိ ချစ်စနိုးနဲ့ အပြင်မှာတွေ့ရင် “ဘဲဥ” လို့ခေါ်ကြတယ်။ဒီအပိုင်းမှာ ညိုကီ"ဘဲဥ" က🎥ရုပ်ရှင်အပေါ် ရူးသွပ်မှုအကြောင်းတွေ🎥ကျရာ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ဖို့ အမြဲကြိုးစားတဲ့ ဘဲဥ၊ ရုပ်ရှင်တွေ ရိုက်ရင် ဘယ်လိုစိတ်ခံစားချက်တွေ သွင်းရလဲ။🎥ပေါကားတွေအပေါ် သူ့အမြင် စတဲ့အကြောင်းအရာတွေကို ပြောထားပါတယ်။ ညိုကီဘဲဥရဲ့ ဘဝဖြတ်သန်းမှု တစ်စိတ်တစ်ပိုင်းနဲ့ သူ့ရဲ့ အနုပညာအပေါ်ခံယူချက်တွေကို နားထောင်ကြည့်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်စွာဖြင့်တင်ဆက်လိုက်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 009: သီချင်းများနှင့်ညိုကီ 08.03.2025 30minအခုအလှည့်ကျသူကတော့ သီချင်းဆိုတဲ့ ညိုကီတစ်ယောက်ပါ။ အပြည့်အစုံမိတ်ဆက်ရရင် Born in Burma Art ရဲ့ Vocalist တစ်ယောက်လည်းဖြစ်၊ "နှစ်ချို့မှာတမ်း" Music Album ဖန်တီးထားသူ ကိုဂါဖြစ်ပါတယ်။ ဒီညိုကီက စကားပြောအေးသလို အင်မတန် သဘောကောင်းပါတယ်။ သီချင်းနဲ့ပတ်သက်ရင်တော့ သူသဘောမကောင်းဘူးလို့ ထင်တယ်။ အထူးသဖြင့် သူ့သီချင်းတွေကို ကော့်ဒ် ၄ ကွက်သိပြီး ဂစ်တာတီးတတ်တယ် ထင်နေတဲ့ ကျွန်တော့်လိုကောင်တွေ လက်ကမြင်းမှာ စိုးရိမ်ပုံရပါတယ်။ သူ့ရဲ့ Defense System က လှတယ်၊ သူ့ကိုယ်ပိုင် သီချင်းတွေကို ကာရာအိုကေ ဗားရှင်းထုတ်ထားပြီးတော့ သူငယ်ချင်းတွေ စကားဝိုင်း၊ အရက်ဝိုင်းသီချင်းတောင်းပြီဆို မတောက်တခေါက် ဂစ်တာသမားဆို လက်ကာပြပြီးတော့ စပီကာနဲ့ ချိတ်ပြီးဆိုတတ်တယ်။ သူ့အမူအကျင့်ကို နှစ်သက်လို့ တကူးတက ဖော်ပြတာပါ။ နားထောင်သူတွေလည်း ဘယ်လိုလူစားလဲဆိုတာ သိတော့ ပိုနားထောင်ရတာ မြိန်တာပေါ့။ ကိုဂါက ဂီတ/သီချင်းတွေကို သူ့ရဲ့ တန်ဖိုးကြီးလက်ဆောင်အဖြစ် ကျွန်တော်တို့ ညိုကီတွေရဲ့ စကားဝိုင်းတွေကို သယ်လာလေ့ရှိတယ်။ သီချင်းတွေကြောင့် ပျော်စေတယ်၊ ကြည်နူးစေတယ်၊ ပိုမိုက်တာက ညိုမတွေကို တီးပြဖို့ ရှားပါးသီချင်းလေးတွေလည်း သူနဲ့ ဝီရမိုးနေ ဆီက မကြာခဏ ရတတ်ပါတယ်။ ဒီအပိုင်းက စုစုပေါင်း မိနစ် ၃၀ ရှိပြီးတော့ သီချင်း ၃ ပုဒ်ထည့်ဖော်ပြထားတယ်။ သီချင်းတိုင်းက ကိုယ်ပိုင်သံစဥ်ဖန်တီးမှုတွေဖြစ်တယ်။ တိုက်ခန်းထဲက ညိုကီ၊ ထိုင်းက ညိုကီ၊ အော်ဇီက ညိုကီ၊ အမေရိကားက ညိုကီ၊ စာကြိုးစားနေတဲ့ညိုကီ၊ ရှေ့တန်းက ညိုကီ၊ ဗုံးခိုကျင်းထဲက ညိုကီ၊ ကြယ်ဖြစ်သွားတဲ့ညိုကီ အားလုံးအတွက် သူငယ်ချင်းဓာတ် အကြည်ဓာတ် ဖြစ်ဖို့ ချစ်ခြင်းများစွာဖြင့် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 008: လူအများစုမသိတဲ့ ၂၀၂၅ အတွက် စိန်ခေါ်မှုများ 13.01.2025 1h 32minသမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက ပြောတယ် "သမိုင်းကိုသင်တာ မအ အောင်လို့တဲ့"။ဒါဆို သမိုင်းကိုပြန်ကြည့်ရအောင်..သမိုင်းမှာ လူသန်းပေါင်းများစွာ စက်မှုတော်လှန်ရေးအလွန် ဆင့်ကဲနည်းပညာတိုးတက်လာမှုကြောင့် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ အမှီလိုက်နိုင်သူတွေအတွက် အလုပ်အကိုင်အသစ်တွေပေါ်လာပြီး ဘဝပြောင်း ချမ်းသာခဲ့ကြတယ်။ ဥပမာ - ATM စက်တွေပေါ်လာပြီး ကမ္ဘာအရပ်ရပ်က ဘဏ်ဝန်ထမ်းတွေအများပြား အလုပ်ဆုံးရှုံးခဲ့ကြသလို၊ Grab တို့ Uber တို့ကြောင့် လမ်းထိပ်က အငှားယာဥ်ဂိတ်တွေ ပျောက်ဆုံးသွားသလိုပေါ့။ ညိုကီအက်ဖ်အမ် အပိုင်း (၈) မှာ ဘဟိန်းနဲ့ အီရံက ၂၀၂၅ အလွန် AI ခရီးမှာ လှည်းပေါ်တင်ကျန်မယ့်သူ ၊ လှည်းအောက် ကျကျန်ရစ်ခဲ့မယ့်သူတွေအကြောင်း၊ သတိလွတ်ရင် ဘဝပျက်သွားနိုင်တဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို အများနားလည်အောင် ကြိုးစားတင်ဆက်ထားပါတယ်။Burma Podcast Network ရဲ့ Platform တွေကနေတဆင့် ပေါ့ဒ်ကတ်စ်အပြည့်အစုံကို အခမဲ့ရှုစားနားဆင်နိုင်ပါပြီ။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 007: ကျောင်းမှာမသင်သော လိင်မှုဘဝ သင်ခန်းစာများ 23.11.2024 1h 43minကျောင်းမှာ မသင်ခဲ့ရတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီအပတ် Nyo Kyi FM မှ ကိုဘဟိန်းက ဒေါက်တာဖြိုးသီဟနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ဒီ Podcast မှာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဘာကြောင့် တစ်ခေတ်ပြန်စားလာလဲ၊ Sex Education နဲ့ ပတ်သက်တဲ့ ရှေးရိုးစွဲ အယူအဆတွေ၊ Pornography စွဲလမ်းမှု အစရှိတဲ့ Sexual Health နဲ့ ပတ်သက်တဲ့ လူငယ်တွေ သိသင့်သိထိုက်တာတွေကို ဆွေးနွေးထားပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 006: အိမ်ပြန်ခရီး နီးစပ်နေပြီလား? 02.09.2024 56minညိုကီ FM ရဲ့ တော်လှန်ရေးထဲက ညိုကီတစ်ဦးနဲ့ Special အပိုင်းသစ် လာပါပြီ။ကျွန်တော်တို့ ချစ်ခင်ရတဲ့ မြန်မာပြည်အနှံက ချစ်မိတ်ဆွေ သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီး နီးစပ်နေပြီလား။အိမ်ပြန်လာကြတဲ့ မိတ်ဆွေတွေကို ဘယ်လို ကြိုဆိုသင့်ကြသလဲ။မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေး မတိုင်ခင်နှစ်များထဲက မြန်မာလူငယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ လူသိများတဲ့ ညိုကီတစ်ဦး မြို့ပြကို ခေတ္တရောက်ချိန် ဖိတ်ခေါ်စကားပြောဖြစ်ခဲ့ပါတယ်။အဆိုပါ ညိုကီကတော့ 96 soldiers တာဝန်ခံ ဇေယျာလွင်ပဲ ဖြစ်ပါတယ်။ ဇေယျာလွင် ကို Burma Podcast Network က ဘဟိန်းက မေးမြန်းထားပါတယ်။မိတ်ဆွေတို့မှာလဲ အိမ်ပြန်လာမယ့်အချိန် မျှော်နေသူတစ်ယောက်၊ ဒါမှမဟုတ် ကိုယ်တိုင် အိမ်ပြန်ဖို့ တိုက်ပွဲဝင်နေသူတစ်ဦးဆိုရင် ဒီအပိုင်းကို နှစ်ခြိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားတက်ဖွယ် တင်ဆက်နေပါတယ်။YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။Like , comments , share လုပ်ခြင်းဖြင့် Burma Podcast Network မှာ အခုလို မတူညီတဲ့ Podcast Episodes တွေ ထုတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 005: ဂြိုလ်သား၊ ဝိပသနာ နှင့် သရဲများ အကြောင်း ငြင်းခုန်ခြင်း 12.06.2024 1h 17minစံနှုန်းတွေ မချည်နှောင်ဘဲ ပြောတဲ့ စကားဝိုင်းတွေကို ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတို့အတွက်တော့အကြည်ဓာတ်လေး ကျန်ခဲ့မှာ သေချာပါတယ်။ ဒီအပိုင်း နားထောင်ပြီး မိတ်ဆွေရင်ထဲ ကျန်ခဲ့မှာကတော့ ငါ့အချိန်တွေ နှမြောလိုက်တာဆိုတဲ့ ခံစားချက်ကြီးလည်း ဖြစ်နိုင်သလို သရဲတွေက ဂြိုလ်သားတွေများလားဆိုတဲ့ မေးခွန်းကြီးနဲ့ ညသန်းခေါင် သေးထမပေါက်ရဲတော့တာလည်း ဖြစ်နိုင်ပါတယ်။ BPN မှ ကြည့်ရှုသူများကို အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် Conspiracy Theory များကို Promote လုပ်လိုခြင်း စေတနာ မရှိကြောင်းနှင့် နားထောင်သူတို့ အသံမသွင်းမိသော မနက်လင်းသွားတတ်သည့် တောရောက်တောင်ရောက် စကားဝိုင်းယဥ်ကျေးမှုကို ပြန်လည် ခံစားတင်ဆက်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံက အကြောင်းအရာတွေကို မိတ်ဆွေတို့အတွက် အားတက်ဖွယ် တင်ဆက်နေပါတယ်။ YouTube, Facebook, Spotify, Apple Podcasts စတဲ့ Platform အစုံမှာ Podcast များကို ကြည့်ရှု နားဆင် နိုင်ပါတယ်။နှစ်ခြိုက်သည်ရှိသော် Like, Subscribe လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော Podcast များဖန်တီးနိုင်ရန် ပံ့ပိုးနိုင်ပါသည်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 004: Happy Old Year 29.04.2024 48min2023 မှာ ဘာတွေ ဆင်ခြင်စရာ တွေးစရာရှိခဲ့တယ်။ January 2024 မှာ နှစ်သစ်ကို ငါတို့ ဘယ်လိုနေထိုင်သင့်တယ်။ဘယ်လိုဇွဲရှိသင့်တယ်ဆိုပြီး အသံသွင်းချလိုက်တာ ကိုဆမ်မီလက်ထဲ ၃ လကြာသွားပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ဆမ်မီတစ်ယောက် 2024 အထိ ဇွဲမရှိသေးတာတော့ အသေအချာပါပဲ။ ဒီအပိုင်းမှာ မြန်မာပြည်ဖွား လူငယ်တွေရဲ့ စိတ်ကျန်းမာရေး၊ ပညာရေး၊ တော်လှန်ရေး၊ လူမှုစီးပွားရေးတွေကို ဉာဏ်မီသလောက် ညိုကီ ၃ ယောက် အာထုထားကြပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 003: Fashion မိ၏၊ မမိ၏။ 27.11.2023 33minဖက်ရှင်မိဖို့ ငွေဘယ်လောက်သုံးကြမလဲ။ Brand အကောင်းစားတွေကို ရွေးမလား။ဘေထုပ်ဖက်ရှင်နဲ့ စတိုင်ကျအောင် ဖန်တီးမလား။ Tech wears လို့ ခေတ်စားလာတဲ့ ရာသီမရွေးဝတ်လို့ရတဲ့ အဝတ်အစားတွေ နောက်ပိုင်းခေတ်စားလာမလား။နားဆင်ကြပါအုံးခင်ဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 002: Gentleman ဖြစ်၏၊ မဖြစ်၏။ 25.11.2023 26minဒီအပိုင်းမှာတော့ နားထောင်သူ မိတ်ဆွေများဟာ ကိုဆမ်မီ၊ ကိုဖရန်ကီ၊ ကိုဘရတ်ဒလီ တို့ ညိုကီ သုံးယောက်ဟာ ဘာခေါင်းစဥ်ချပေးပေး အလွန်တရာ စကားများနိုင်ကြောင်း စတင်ပြီး သတိပြုမိပါလိမ့်မယ်။ ဒါကလည်း ပထမအပိုင်းက တိုတယ်ဗျာ ဆိုပြီး ညိုကီ တစ်ယောက်ကပြောလို့ အရွဲ့တိုက်ခြင်း လုံးဝမဟုတ်ရပါဘူး။ ချစ်မိတ်ဆွေတို့ နားဆင်ရင်း ဘဝအမောတွေ ခနတာ ဖြေဖျောက်နိုင်ကြပါစေ။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
-
EP 001: ညိုကီမိတ်ဆက် 07.10.2023 10minညိုကီ သုံးဖော်ရဲ့ ဘီယာဆိုင် အလွမ်းပြေ စကားဝိုင်းတွေ ဘယ်လို Podcast ဖြစ်လာသလဲ? အရက်သောက်ရန် အားကစားလုပ်သော Academic ညိုကီ Bradley, ဖက်ရှင်မလျှော့သော ဝါရင့် ညိုကီ Franky၊ Wanna be everything ကောက်ရိုးမီး ညိုကီ Sammy တို့ရဲ့ ပေါ့ပေါ့ပါးပါး စကားဝိုင်းပဲဖြစ်ပါတယ်။ ပျော်ရွှင်ပါစေ ညိုကီတို့ရေ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
I/E popullarizuar në
Ky podkast shfaqet edhe në listat e podkasteve të këtyre shteteve.