Doh Athan - Our Voice

Doh Athan - Our Voice

Doh Athan - Our Voice
Land Myanmar
Genrer Nyheter
Språk EN
Avsnitt 500
Senaste 12.09.2026

Doh Athan (Our Voice) is a podcast from Frontier Myanmar, focusing on human rights issues affecting people across Myanmar. It features in-depth reporting and interviews to bring unheard and moderate voices into the national dialogue. The podcast is available weekly on Saturdays on Frontier Myanmar's website and Facebook page.

Avsnitt

  • Freedom restored? Readjusting to life after prison Episode: 401 12.09.2026 11min
    Female political prisoners in Myanmar suffer many difficulties while incarcerated, but being released also means facing new challenges, including readjusting to society, finding employment, and dealing with feelings of insecurity.
  • မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402 09.09.2026 10min
    "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..." အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။
  • ထောင်တံခါးအလွန် - အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ Episode:401 02.09.2026 12min
    “ညဘက်အိပ်တဲ့အချိန်မှာ ထောင်ထဲကသူတွေကို အိပ်မက်မက်နေတုန်း။ မျက်လုံးပွင့်လာတဲ့အချိန် အိမ်က နံရံကိုမြင်မှ ထောင်မဟုတ်ပါလား ဆိုပြီး ပြန်သတိရရတဲ့ အချိန်ပေါ့။” အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်ပြီးခံစားနေကြရသလို တဆက်ထဲမှာလည်း ပြင်ပကမ္ဘာမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေဖို့အရေး ရုန်းကန်နေကြရပါတယ်။
  • အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400 19.08.2026 10min
    ဒီတစ်ပတ်မှာတော့ 'ဒို့အသံ' ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။ 'ဒို့အသံ' အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။ စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။
  • Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက 06.08.2026 10min
    "အသိ မရှိတော့ဘူး။ နားတွေပင်း၊ မျက်စိတွေရဲသွားတယ်။ ကြောင်သွားတယ်။ ဘာကိုင်လို့ ကိုင်ရမယ်မှန်းမသိ။ အစက ကိုယ့်မိန်းမသေသွားတာတောင် မသိသေးဘူး။ နောက်တစ်ခေါက် နောက်ထပ်တစ်လုံးချဖို့ လာတော့ ပြေးရတာပဲ။ မဟုတ်ရင် ကျွန်တော်လဲ အဲ့နားမှာ သေမှာပဲ" ပြီးခဲ့တဲ့ ဇွန်လတတိယပတ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ(၈)ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပထမအကြိမ် ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ လမ်းမတော်ရွာအနီးတဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄)လုံး၊ ပေါင် (၃၀၀) ဗုံး (၁)လုံးနဲ့ Rocket သီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် လူနေအိမ်နဲ့ စျေးဆိုင်ခန်းအဆောက်အအုံ (၃၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် ဒို့အသံ ပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကနေတဆင့် တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရခိုင် #ကျောက်တော် #လေကြောင်းတိုက်ခိုက်မှု
  • ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399 29.07.2026 10min
    “သုံးခါဖောရင် ရှောတယ်” ဒီစကားက ထောင်ထဲမှာ မကြာခဏကြားနေကြ စကားဖြစ်ပါတယ်။ ထောင်တွင်းအကျဉ်းသားအများစုဖြစ်လေ့ရှိတဲ့ ဖောချိရောဂါနဲ့ ပတ်သက်ပြီး ပြောကြတာပါ။ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဖောချိရောဂါဟာ အစာအဟာရလုံလောက်စွာ မစားရတဲ့အခါ ဗစ်တာမင် B1 ချို့တဲ့ပြီးဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။ ဒီရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမယ့် အချိန်မီမကုသရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ Podcast မှာတော့ ဖောချိရောဂါကြုံတွေခဲ့ရတဲ့ အကျဉ်းသားတွေရှိခဲ့တဲ့ အကျဉ်းထောင်ဆီခေါ်ဆောင်သွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ဖောချိရောဂါ #အကျဥ်းသား #beriberi
  • ဘန်ကောက်မြို့လယ်က မောင့်မျက်ရည်ဝိုင်း 28.07.2026 11min
    🎶 ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ်...🎵 ဒီစာသားလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က တိုက်ခန်းတစ်ခုရဲ့ ကက်ဆက်ကနေ လွင့်ပျံထွက်လာပါတယ်။ တိုက်ခန်းထဲမှာတော့ နာမည်‌ကျော် လူကြိုက်များတဲ့အခွေတွေအပြင် ရှားပါးအခွေတွေနဲ့အပြည့်ပါပဲ။ ဒီစုဆောင်းမှုရဲ့နောက်ကွယ်က မြန်မာလူငယ် တိတ်ခွေဝါသနာရှင် ကိုရှိန်မင်းကိုထံကို ဒီ podcast ကနေတစ်ဆင့် ခေါ်ဆောင်သွားမှာပါ။
  • တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ Episode: 398 24.07.2026 15min
    “အရင်တုန်းကပျော်စရာကောင်းတဲ့ ဒီပတ်ဝန်းကျင်တွေပေါ့။ အရင်လိုပျော်ပျော်ရွှင်ရွှင်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ တချို့ကလည်းမနေချင်တော့ဘူးတဲ့၊ရွာပြောင်းမယ်၊ အဲဒီလိုမျိုးကြားရတာပေါ့နော်။” မေလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ရွာလုံးကို ရွာပျက်တစ်ခုသဖွယ် ပျက်စီးစေခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒါပေမယ့် ဆုံးရှုံးမှုကြီးမားခဲ့တဲ့ ကျန်ရစ်သူဒေသခံတွေအတွက် အိမ်အသစ်၊ ခေါင်မိုးအသစ်တွေဟာ ပျက်စီးသွားတဲ့ လူမှုအသိုက်အဝန်းနဲ့ စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်ပါ့မလားဆိုတာ မသေချာနေပါဘူး။ ဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ ကောင်းတပ်ရွာအကြောင်း ဒီတစ်ပတ်ဒို့အသံအစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
  • ခေတ်ဆိုးထဲက မိဘတို့ရဲ့ ပညာရေးအမွေပေးရေး သောက​ Episode :397 06.07.2026 13min
    ကလေးတစ်ယောက်က သူပညာတတ်ရင် သူ့ရွေးချယ်ခွင့် မြို့ပြ ကျောင်းမှာပဲ​နေနေ၊ NUG အစိုးရရဲ့ ပညာသင်ဌာနမှာသင်သင်၊ နိုင်ငံတကာ ကျောင်းတွေမှာ အင်တာနက်တွေက တဆင့် သင်သင်၊ဒါက သူ့ရဲ့ ရွေးချယ်ခွင့်လို့ ကျွန်တော်တို့က ရှုမြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေကြတဲ့ ကျောင်သားတွေကို အထူးအစီအစဉ်နဲ့ ကျောင်းပြန်တက်ရောက်နိုင်တယ်လို့ ဒီနှစ်စာသင်နှစ်မှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် NUG ပညာရေးအောက်မှာ သင်ကြားနေကြတဲ့ အညာဒေသက ကျောင်းသားတချို့ စစ်ကော်မရှင်လက်အောက်ခံ စာသင်ကျောင်းတွေဆီကို ပြောင်းရွှေ့တက်ရောက်သွားကြတာတွေလည်း ရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းပြောင်းရွှေ့ကြတာကလည်း အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား ကျောင်းပြောင်းရွှေ့ရေး မရွှေ့ရေး သဘောထားအမျိုးမျိုးကွဲပြားမှုတွေရှိလာပါတယ်။ ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာ ကလေးပညာရေးအတွက် ကျောင်းသားမိဘတွေရဲ့ ရွေးချယ်မှု၊ စိုးရိမ်မှု စိတ်ခံစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။
  • Sagaing ground situation 26.06.2026 14min
    ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲအပြီးမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ စစ်ကိုင်း-ကချင်အစပ်က ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်ထဲက မြို့တွေကိုလည်း လေကြောင်းက တစ်ဖုံ၊ မြေပြင်က တစ်မျိုး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။ တော်လှန်ရေးတပ်တွေ သိမ်းယူထားခဲ့တဲ့အင်းတော်၊ မော်လူးမြို့တွေကို ဧပြီနဲ့မေလတွေမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း အတွင်းပိုင်းဒေသတွေဖြစ်တဲ့ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့ရွာတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းဒေသ၊ ကလေးကဘော် ချိုင့်ဝှမ်းဒေသ၊ ခမ်းပတ်၊ တမူးမြို့တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကိုင်းတိုင်းတွင်းက တရုတ်စီမံကိန်းတွေနဲ့ဆက်စပ်ဒေသတွေနဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းပိုင်းတွေကို အဓိက ထိုးစစ်တွေလုပ်ဆောင်နေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့နဲ့ ခြေကုပ်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမယ်လို့ ယူဆကြပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်သစ်လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဗျူဟာ အလှည့်အပြောင်းတွေက ဘာလဲ။ စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #စစ်ကိုင်းထိုးစစ် #အင်းတော် #မော်လူး #စစ်ကိုင်း-ကချင်စစ်ရေး #စစ်ဗျူဟာ #ကာကွယ်ရေးဦးစီးချုပ်သစ်
  • တရားဝင်လုပ်သားတွေရဲ့ ပြည်ဝင်ထွက်ခွင့်အခက်အခဲ: (သို့) OWIC ပေးတဲ့ သောက Episode: 396 13.06.2026 19min
    “ဒီက ဂျပန်တွေကို ငါတို့နိုင်ငံပြန်ဖို့အတွက် ငါ့ကို ခွင့်စာပေးပါလို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်နိုင်ငံပြန်တာကို ဒီခွင့်စာ လိုအပ်လားလို့မေးတယ်။” အထောက်အထားအပြည့်အစုံနဲ့ ကိုယ်မွေးဖွားရာတိုင်းပြည်ကိုပြန်ဖို့ အခက်ကြုံဖူးပါသလား။ ပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လက်ရှိမှာ မြန်မာပြည်ပြန်ဖို့ရာ အခက်ကြုံနေရပါတယ်။ ပြည်ပရောက်လုပ်သားတွေ လုပ်ငန်းခွင်က ခွင့်ရရှိတဲ့အခါ အလည်အပတ် ဒါမှမဟုတ် အရေးပေါ် မိသားစုကိစ္စ စတာတွေအတွက် မြန်မာပြည်ကို ခေတ္တ ပြန်လာလေ့ ရှိပါတယ်။ အဲဒီလို ပြန်လာကြသူတွေ ခွင့်ရက်စေ့တဲ့အခါ မြန်မာပြည်က ပြန်လည် ထွက်ခွါခွင့် မရလို့ လနဲ့ ချီ ပိတ်မိနေကြပြီး အလုပ်အကိုင် ဆုံးရှုံးရသူတွေတောင် ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေရဲ့ ပြည်ဝင်ထွက်ခွင့် အခက်အခဲတွေနဲ့ OWIC ကတ်က ပေးတဲ့ သူတို့သောကတွေကို တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #OWICကတ် #ရွှေ့ပြောင်းမြန်မာအလုပ်သမားများ #အလုပ်သမားအခွင့်အရေး
  • Anyar’s ashes: Victims of village burnings grow weary of displacement Episode: 395 06.06.2026 13min
    Myanmar’s central Dry Zone, also known as Anyar, has borne the brunt of the military regime’s widespread practice of burning villages and destroying food sources, a campaign that locals in Sagaing Region say is aimed at weakening people’s resilience and reducing support for the resistance. #DohAthan #FrontierMyanmar #Sagaing #Anyar #burninghome #military #ArmedResistance
  • အညာမြေ ပြာပုံထက်မှ ဖီးနစ်ဌက်တို့ မောလှပြီ Episode: 395 02.06.2026 14min
    "စိတ်မကောင်းဘူးပေါ့ဗျာ။ ဟိုပြာပုံထဲက ဖီးနစ်ငှက်တို့ ဘာတို့ ကျွန်တော်တို့ တင်စားတာပေါ့။တကယ်တော့ ကျွန်တော်တို့ဖီးနစ်ငှက်ကလည်း တော်တော်ပင်ပန်းနေပြီလို့တောင် ပြောလို့ရပါတယ်။ အဲဒီလို အခင်းအကျင်းပေါ့နော်။" ၂၀၂၆ ဧပြီလလယ်မှာ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေ ပြန်လည်စိုးမိုးရေး အတွက် စစ်တပ်က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်ရာမှာ အညာဒေသက ကျေးရွာပေါင်း ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ NUG က ထုတ်ပြန်ပါတယ်။ Data for Myanmar က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ အိမ်ခြေ ၈၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီး နှစ်ရှည်လများ တည်ဆောက်ထားခဲ့ရတဲ့ ဘဝတွေ ပျက်ဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တော်လှန်ရေးအပေါ် ထောက်ခံစိတ်ကို စနစ်တကျ ဖြိုခွဲဖို့ ရည်ရွယ်နေတယ်လို့ ဒီဆောင်းပါးအတွက် ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ပွဲနှစ်ကြာလာချိန်မှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရပြီး ကျပ်တည်းမှုတွေကြားက ဒေသခံတွေရဲ့ တော်လှန်ရေးနဲ့ ရှင်သန်ရေးအကြား လွန်ဆွဲနေရတဲ့ အခြေအနေကို ဒီတပတ်မှာ ဒို့အသံအစီအစဉ်မှာ နားဆင်ရမှာပါ။
  • Growing crisis: Few alternatives for Shan opium farmers Episode: 394 23.05.2026 16min
    As demand for opium drops, farmers in Shan State are finding the harvests to be less profitable than they once were, but they also face challenges growing and selling alternative crops.
  • နည်းပညာဖိနှိပ်မှုများကြားက တော်လှန်ပြည်သူများ Episode: 393 19.05.2026 17min
    မြန်မာစစ်အာဏာရှင်ဟာ လူထုကို အင်အားသုံးပြီး ဖိနှိပ်ရုံသာမက နည်းပညာစောင်ကြည့်မှုနဲ့ ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင် လာနေပါတယ်။ SIM ကဒ်ကို အသုံးပြုပြီးစောင်ကြည့်တာ၊ CCTVတွေမှာ မျက်နှာကိုမှတ်မိတဲ့စနစ်တွေကို အသုံးပြုတာ ၊ အင်တာနက်ပိတ်ဆို့တာ အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး ပြည်သူတွေကို အသံတိတ်အောင်လုပ်နေပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့ ကြားကပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေဟာ နည်းလမ်းပေါင်းစုံ ရှာဖွေပြီး တွန်းလှန်နေကြဆဲပါ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။
  • Surveillance State: Myanmar's Digital War Episode :393 16.05.2026 13min
    A brutal digital crackdown is underway in Myanmar. The junta tracks SIMs, scans faces, and bans VPNs—turning technology into a weapon of total control. Yet resistance persists in the shadows. Welcome to Doh Athan. This week: surveillance, fear, and defiance in Myanmar's digital war.
  • ရှမ်းတောင်က ဘိန်းစိုက်တောင်သူတွေရဲ့ အကျပ်အတည်း 08.05.2026 16min
    “အခုနောက်ပိုင်းမှာကျ ဘိန်းတွေက ဈေးမရှိတာက တစ်မျိုး၊ သွင်းအား (ဓာတ်မြေဩဇာ)က ဈေး တအားကြီးတာကတစ်မျိုး၊ နောက်ပြီးတော့ ဘိန်းကတရားမဝင်ဘူးလေ။ တရားမဝင်တော့ ရောင်းရတဲ့အချိန်ကျတော့ အခက်အခဲတွေ့တယ်။” ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ရှိနေပေမဲ့ အရင်ကလောက် ဝင်ငွေမကောင်းတော့ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ဘိန်းတောင်သူတွေက အစားထိုးသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံလုံးဆိုင်ရာ ဘိန်းပပျောက်ရေးမူဝါဒ အားနည်းမှုတွေအပြင် နိုင်ငံတကာရဲ့ အကူအညီတွေကလည်း ကင်းမဲ့တာမို့ သူတို့ကြိုးစားမှုတွေက အရာမထင်နေပါဘူး။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်တောင်ပိုင်း တောင်ကြားလွင်ပြင်ထဲက ဘိန်းစိုက်ခင်းတွေဆီကို ခေါ်ဆောင်သွားမှာပါ။
  • ပတ်စ်ပို့ဥပဒေသစ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ 07.04.2026 14min
    မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဥပဒေသစ်မှာ အခန်း ၈ ခန်း ပါဝင်ပြီး ဒီဥပဒေသစ်မှာ အီလက်ထရောနစ်ပတ်စ်ပို့စနစ်သစ်အပါအဝင် ပတ်စ်ပို့အသစ် ပြုလုပ်တာနဲ့ သက်တမ်းတိုးတာတွေ လုပ်ဆောင်ရာမှာ တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။ ဥပဒေသစ်ရဲ့ဆိုလိုရင်းက ဘာတွေလဲ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင်၊ ရွေ့ပြောင်းမြန်မာလုပ်သား တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူနဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ် တို့ရဲ့ ပြောပြချက်တွေကို ဒီတစ်ပတ်ရဲ့ ဒို့အသံပေါ့ကတ်မှာ တင်ဆက်ထားပါတယ်။
  • Women targeted in Myanmar: Gender-based violence in the digital age Episode: 392 27.03.2026 8min
    Have you ever felt uncomfortable because of a message or comment on your phone? While criticism and insults are common on social media—through platforms or messaging apps—when they are used to threaten, taunt, or harm, it goes further. This is a form of technology-based violence that is both intimidating and psychologically damaging.
  • ဒီဂျစ်တယ်အမှောင်ရိပ်အောက် အကြမ်းဖက်ခြောက်လှန့်ခံ အမျိုးသမီးများ Episode: 392 18.03.2026 10min
    ဖုန်းစခရင်ပေါ်က စာတို ဒါမှမဟုတ် ကွန်မန့်တခုက ကိုယ့်ကို စိတ်အဆင်မပြေစေအောင် ခြောက်လှန့်ခံရတာမျိုး ကြုံခဲ့ကြဖူးလား? ဝေဖန်မှုနဲ့ ဆဲဆိုမှုတွေက လူပေါင်းစုံ ရှိကြတဲ့ ဆိုရှယ်မီဒီယာရဲ့ ပုံမှန် သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်း၊ စာပေးပို့တဲ့ apps တစ်ခုခုကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ထိခိုက်စေအောင် ပြုမူတာ စတာတွေက ဝေဖန်မှုတခုထက် ပိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်ပေါ်စေတဲ့ နည်းပညာအခြေပြု အကြမ်းဖက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ podcast မှာ ဒီအကြမ်းဖက်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးဦး‌​ဆောင်သူတွေအကြောင်း တင်ဆက်ထားပါတယ်။

Populär i

Den här podcasten finns även i podcastlistor i dessa länder.