Podcast for Well Being
Burma Podcast Network
0
Burma Podcast Network မှ တင်ဆက်သော Podcast for Wellbeing အစီအစဉ်သည် လူထုအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးပွားစေရန် ရည်ရွယ်သည်။ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ ပူးပေါင်းပါဝင်တင်ဆက်ထားသည်။ အစီအစဉ်တွင် နေ့စဉ်ဘဝ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဆွေးနွေးတင်ဆက်သည်။ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ဆရာဝန်ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုထားသည်။
ตอน
-
EP006: အပူလုံးကြွပေမဲ့ ယူကျုံးမရမဖြစ်ရလေအောင် 01.08.2026 18นาทีလူ့ဘဝရယ်လို့ ရှိလာတဲ့အခါ ဝမ်းနည်းပူဆွေးမှုဆိုတာ ဒွန်တွဲပါနေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းနည်းပူဆွေးကြရတဲ့အထဲမှာ အခုခေတ်လို ထွေလီကာလီရှုပ်ပွနေတဲ့ခေတ်မှာ ပိုပြီးပူဆွေးဖို့ အကြောင်းများတတ်ကြပါတယ်။ ပျော်ရွှင်မှုကိုဖြတ်သန်းရတဲ့အခါ မသိလိုက်မသိဘာသာပေမဲ့ ဝမ်းနည်းမှုကိုကြုံရတဲ့အခါမှာတော့ ကာလရှည်လျားတတ်လေ့ရှိတာ သဘာဝတစ်ခုပါ။ ပျော်ရွှင်ဖို့ကို ဖြတ်သန်းရဲရင် ဝမ်းနည်းမှုကိုရော ဘယ်လိုဖြတ်သန်းရဲကြမလဲ။“ဝမ်းနည်းပူဆွေးမှုနဲ့ ပတ်သက်လို့ရှိရင် ကျွန်မတို့ဆီမှာ မှားယွင်းနေတဲ့ အယူအဆတွေနဲ့ ဝမ်းနည်းပူဆွေးမှု ဖြစ်တဲ့အခါမှာ ဘယ်လိုကိုင်တွယ်ရလဲဆိုတာကို ကျွန်မတို့အနေနဲ့ ကျန်းမာတဲ့နည်းလမ်း၊ မြင်သာတဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖို့အတွက် သင်ယူခြင်း မခံခဲ့ရပါဘူး။” လို့ ဆရာမ Agnes ကပြောပါတယ်။ ဆရာမဟာ Serenity Counseling and Mental Health Services ရဲ့ Founder, counseling psychologist ဖြစ်ပြီးတော့ BPN နဲ့ Podcast တွေပူးပေါင်းဖန်တီးပြီး စိတ်ကျန်းကိုယ်ခန့်ရေးအတွက် အကြံဉာဏ်ကောင်းများ၊ လေ့ကျင့်ရေးနည်းနာတွေကို လူ့ဘဝထဲမှာ ဖြန့်ဖြူးဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဆရာမပြောတဲ့ သင်ယူခြင်းမခံရတဲ့ပုံစံတွေ၊ လွဲမှားနေတဲ့ အပြုအမူတွေနဲ့ တကယ်လုပ်ဆောင်သင့်တဲ့ ဝမ်းနည်းမှုကျော်လွှားရေးနည်းလမ်းတွေကို အခုအပိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။ ဆရာမရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ လူမှုဘဝမှာကြုံရလေ့ရှိတဲ့ ဓမ္မတာသဘောကို ပညာရပ်ဆန်မှုတွေကြားထဲက လူသားဆန်ဆန် မျှဝေဆွေးနွေးထားပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP005: သိထားသင့်တဲ့ စိတ်ဖိစီးမှုကွင်းဆက်အမျိုးမျိုး 04.04.2026 13นาทีကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဖိစီးနေသူတွေရှိရင် ဒီအပိုင်းကို နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ကနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ အခြေခံစိတ်ဒုက္ခအမျိုးမျိုးကို ဘဝတစ်ခုစကတည်းက ကျော်ဖြတ်ကြရာမှာ ဘယ်လိုပုံစံတွေ ရှိကြလဲ ဆွေးနွေးထားပါတယ်။ Bossa nova ငြိမ့်ငြိမ့်လေးတွေနောက်ခံနဲ့ ဆရာမရဲ့ စေတနာပါပါဆွေးနွေးပြောပြမှုတွေကို နားဆင်ကြရမှာပါ။ အားလုံး စိတ်ဖိစီးမှုကို ခြေခြေမြစ်မြစ်သိမြင်ပြီး တစ်ဆင့်ချင်းဖြေလျှော့ကျော်ဖြတ်နိုင်ကြပါစေကြောင်း မျှော်လင့်ထုတ်ဝေလိုက်ရပါတယ်။Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP004: ကြင်နာတဲ့အိပ်ဆေးပေးရပါရင် 17.01.2026 18นาที“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဖြစ်နေရင် ဘယ်အိပ်လို့ပျော်ပါ့မလဲ။ အဲ့တာဆို ဒီအပိုင်းကို နားထောင်လိုက်ပါ။ ဒီအပိုင်းမှာ အိပ်မပျော်တဲ့ကိစ္စကို ကျော်လွှားအောင်မြင်နည်းအမျိုးမျိုးကို နားထောင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP003: သိမ်မွေ့စွာနားထောင်နည်း 22.11.2025 11นาทีစိတ်ကျန်းမာရေး ထိခိုက်နေသူတစ်ယောက်ကို ဘယ်လိုပံ့ပိုးပေးမလဲ?ဒီအပိုင်းမှာတော့🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူတစ်ဦးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ?🎙စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်နေရသူပြောတဲ့ အကြောင်းအရာတွေကို ဘယ်လိုနားထောင်ပေးရမလဲ?🎙ကူညီပေးလိုသူတွေက ဘာတွေသတိပြုဖို့ လိုအပ်သလဲဆိုတာတွေကို Counselling Psychologist ဆရာမ Agnes က တင်ဆက်ထားပါတယ်။နားဆင်သူမိတ်ဆွေတို့လည်း စိတ်ထိခိုက် နာကျင်နေရသူ မိသားစု/သူငယ်ချင်း တွေကို ဘယ်လိုကူညီ နားထောင်ပေးလေ့ရှိကြလဲဆိုတာကို Comment မှာ အတွေ့အကြုံမျှဝေပေးသွားလို့ရပါတယ်။Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP002: ခေတ်သစ်ကမ္ဘာထဲ စိတ်ကြည်စေ 20.09.2025 8นาทีSocial media သုံးပြီး ဝမ်းသာတာ၊ စိတ်မကောင်းဖြစ်တာ၊ ပျော်တာ၊ ဒေါသထွက်တာ စသဖြင့် စိတ်ခံစားချက်မျိုးစုံကို မိတ်ဆွေတို့ရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့နေကြရပါတယ်။ အခုလို ခံစားချက်တွေ တက်လိုက် ကျလိုက်နဲ့ ရှုပ်ထွေးနေတာက မိတ်ဆွေတို့ သတိမထားမိလိုက်ချိန်မှာပဲ မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေးအပေါ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာစေပါတယ်။မိတ်ဆွေတို့ ကျန်းမာ အကျိုးများစေရန် ရည်ရွယ်ပြီး BPN က ထုတ်လုပ်ထားတဲ့ Podcast for Well Being ကဏ္ဍရဲ့ အပိုင်း (၂) မှာ သတင်းအချက်အလက်တွေကို ဘယ်လိုစစ်ထုတ်ကန့်သတ်ကြမလဲ ဆိုတာကို Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes က မျှဝေထားပါတယ်။ ဆရာမ ပြောပြသွားတဲ့ နည်းလမ်းတွေအပြင် မိတ်ဆွေတို့ ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေရှိရင်လည်း comment မှာ ပြောသွားပေးလို့ရပါတယ်။Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork -
EP001: ကိုယ့်ကိုယ်ကိုအလေးဂရုပြုခြင်း 19.07.2025 21นาทีမိတ်ဆွေတို့ရေ မာလာရှမ်းကောစားပြီး Self Care လုပ်၍ သူငယ်ချင်းတစ်စု အစာအိမ်နာသွားခြင်း၊ အရမ်းတော်သောကြောင့် မိမိကိုယ်ကို ဖုန်းအသစ် လက်ဆောင်ဝယ်ပေးလိုက်ရာ အိမ်လခ ပေးစရာမရှိတော့ခြင်း ဆိုတာမျိုးတွေရော ကြုံဖူးကြလား?မိမိရဲ့ စိတ်/ရုပ် ကျန်းမာခြင်းကို အချိန်ပေး ဂရုစိုက်ခြင်းဆိုတာ အရေးကြီးတဲ့ကိစ္စပါ ။ ဒါလုပ်သင့်ပါတယ်။ ဒါပေမဲ့ ဘယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မလဲ သိထားမှ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မယ်၊ ပိုကောင်းတဲ့အနာဂတ်ကို တည်ဆောက်ဖို့ စိတ်ခွန်အား၊ ရုပ်ခွန်အား ရှိကြမှာပါ။ စိတ်ဖိစီးနေသော BPN ပရိသတ်များ Podcast နားထောင်ခြင်းဖြင့် အကျိုးများစေဖို့ ရည်ရွယ်ပြီး BPN ဝိုင်းတော်သားတွေက Serenity Counseling & Mental Health Service အဖွဲ့ရဲ့ တည်ထောင်သူ အတွေ့အကြုံရင့် Counselling Psychologist ဆရာမ Agnes ရဲ့ " ကိုယ့်ကိုကိုယ် အလေးဂရုပြုခြင်း - Self Care " ဆိုတဲ့ အပိုင်းကို Podcast for Wellbeing ကဏ္ဍ ရဲ့ Episode (1) အနေနဲ့ တင်ဆက်ပေးသွားမှာပါ။Burma Podcast Network ရဲ့ "Podcast for Wellbeing" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးမယ့် ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။Disclaimerနားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သော အဖြေဖြစ်ကြောင်း BPN ဝိုင်းတော်သားများမှ ထပ်လောင်းပြောကြားလိုပါတယ်။Chapters:(00:00) Introduction(03:28) ခန္ဓာကို ဂရုပြုခြင်း(06:14) စိတ်ကိုအလေးနက်ဂရုစိုက်ခြင်း(10:34) လူမှုရေးပိုင်းဂရုစိုက်ခြင်း(13:48) ယုံကြည်သက်ဝင်မှုပိုင်းဂရုစိုက်ပုံBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်https://linktr.ee/burmapodcastnetwork
ยอดนิยมใน
พอดแคสต์นี้ปรากฏในชาร์ตพอดแคสต์ของประเทศเหล่านี้ด้วย