တခန်းရပ်ပေါ့ဒ်ကတ်စ်များ

တခန်းရပ်ပေါ့ဒ်ကတ်စ်များ

Burma Podcast Network
Zemlja Mijanmar
Žanrovi Umjetnost
Jezik MY
Epizode 3
Posljednja 07.03.2026

ဤအစီအစဉ်သည် ခေတ်ပေါ်အိမ်စီးကားများကြားတွင် ရံဖန်ရံခါ ပြည်လမ်းမပေါ်သို့ တက်လာတတ်သော လိပ်ခုံးကားကလေးနှင့် တူနိုင်ပါသည်။ တစ်နေ့တာလုပ်ငန်းပြီးလို့ ညအချိန်ရောက်သောအခါ ရှေးရေဒီယိုဇာတ်လမ်းများကဲ့သို့ လူသားများစွာ၏ ဘဝများထဲမှ ရယ်စရာ၊ မောစရာ၊ သံဝေဂရစရာ အဖြစ်များကို ခံစားနိုင်ရန် ရည်ရွယ်သည်။ ပလာတာဆရာကြီးများ၏ ပုံစံကို အားပြုကာ ခေတ်နှင့်ကိုက်ညီသော စကားလုံးများ၊ စံတန်ဖိုးများ၊ ထုတ်လုပ်ရေးစနစ်နှင့် အသံပံ့ပိုးမှုတို့ကို ပေါင်းစပ်ဖန်တီးထားသော အစီအစဉ်တစ်ခုဖြစ်သည်။

Epizode

  • EP003: ပဥ္စလက်ကျားဖြန့် 07.03.2026 10min
    ပဉ္စလက်ကျားဖြန့်ခေတ်သစ်မှာ မာယာတစ်သိန်းအပလိန်းအနန္တနဲ့ ဒုဇရိုက်လောကတခွင် ကြီးစိုးမင်းမူနေတာကတော့ ကျားဖြန့်လို့ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်အလုပ်တွေဖြစ်ပါတယ်။ ဒီလုပ်ငန်း‌တွေကို ဒေသတွင်းရာဇဝတ်ဂိုဏ်း‌တွေ၊ လက်နက်ကိုင်တွေနဲ့ အစိုးရတွေကပါ ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ဆောင်ရွက်နေကြတယ်လို့ သတင်းမီဒီယာတွေက ထောက်ပြကြပါတယ်။ အဲ့တာကြောင့်လည်း မိုးဦးကျ‌မှိုတွေလို ဟိုတစ်အုပ်ခူးလိုက် ဒီတစ်အုပ်ပေါ်လိုက်ဖြစ်နေတာဖြစ်ပါတယ်။ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေမှာတော့ သမင်မွေးရင်းကျားစား နွံနစ်ပြီးရင်းနစ်ကြရတာပါပဲ။ အခုဖန်တီးထုတ်လုပ်ထားတဲ့ တခန်းရပ်ပေါ့ဒ်ကတ်စ်များ အပိုင်း ၃ မှာတော့ ရန်ကုန်မြို့တစ်နေရာက ကားဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒို့လှေ့အဖွဲ့သားတွေနဲ့ BPN တို့ ပူးပေါင်းစီစဉ်တဲ့ ဒီအပိုင်းလေးကို အားလုံးနားသောတဆင်ခြင်နိုင်ကြပါစေ။ပါဝင်သူတွေအနေနဲ့ဦးသိန်း - Aung Muuအမျိုးသမီးကားငှားသူ - အမုန်းအလုပ်လျှောက်သူ - မိုကီဦးသိန်းသား - အက်စ်စီဦးသိန်းသမီး - ရတနာဦးသိန်းမိတ်ဆွေ - William Brendaဇာတ်ကြောင်းပြော - BPNProduced by ©Burma Podcast Network In collaboration with Doh Hlay.Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠
  • EP002: အွန်လိုင်း အော်ပရာ 31.01.2026 7min
    ထမင်းစား My Day တင်၊ ခြင်ကိုက်တဲ့အကြောင်း ပို့စ်အရှည်ကြီးတင်၊ အိပ်မပျော် Live လွှင့် ဆိုတဲ့ မိတ်ဆွေတွေရှိသလို ပါရဂူဘွဲ့ရရ၊ ဟိမဝန္တာတောင်တက်တက်၊ ဂင်္ဂါမြစ်ထဲဖုန်းပြုတ်ပဲကျကျ ဘယ်သူမှသိစရာမလိုဘူးဆိုတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိပါတယ်။ အခု အွန်လိုင်းအော်ပရာ ဆိုတဲ့ Radio အသံဇာတ်လမ်းက Social Media ပေါ်ငွေကြေးနဲ့ လူမှုသြဇာတည်ဆောက်တဲ့ ရေစီးကြောင်းမှာ အလုံးစုံ စီးမြောသူတွေနဲ့ ချင့်ချိန်သူတွေကြား အတွန်းအတိုက်ဖြစ်စဥ်တွေကို စိတ်ကူးပုံဖော်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ မဝါဆိုအဖြစ် မြတ်ကြေးမုံအဖြစ် Tohnနောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦးProduced by ©Burma Podcast Network In collaboration with Doh Hlay.Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠
  • EP001: ကုန်စုံဆိုင် အော်ပရာ 06.12.2025 13min
    တခန်းရပ်ပေါ့ကတ်စ်များရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “ကုန်စုံဆိုင်အော်ပရာ” ကို နားဆင်သူတွေလက်အပ်လိုက်မှာမို့ ကောင်း၊ မကောင်း ဝေဘင်စောကြောပေးလို့ရပါပြီ။ မိုးခါးရွာတဲ့ကာလမှာ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ တင်းမာတောင့်ခံကြသူတွေရဲ့ အဖြစ်အပျက်တချို့ကို BPN က ကောက်နုတ်ဇာတ်လမ်းဆင်ထားပါတယ်။ ကိုယ့်ရဲ့အပြုအမူသေးသေးလေးတွေဟာ ကိုယ့်ဝန်းကျင်ကို ဘယ်လိုအကျိုးဆက်အနေနဲ့ တုံ့ပြန်ထောက်ကူလည်ပတ်နေလဲဆိုတာ ဒီဇာတ်လမ်းမှာ ကွက်ကွင်းစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကိုလည်း ဟိုးတုန်းက အသံဇာတ်လမ်းတွေခေတ်စားခဲ့တဲ့ကာလက ဖန်တီးခဲ့ကြတဲ့ ပုံစံတချို့ကို မှီးပြီးတော့ ပေါင်းစပ်ဖန်တီးထားပါတယ်။ နားဆင်ကြရင်း တစ်ခေတ်တစ်ခါနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အလွမ်းဖြေနိုင်ပါလိမ့်မယ်။ ဒါ့ပြင် အခုအခါမှာကြုံနေရတဲ့ အသေးစိတ်ပြဿနာလေးတွေကို ဆင်ခြင်ဖေးမ ကျော်လွှားနိုင်ကြဖို့၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် ကိုတရုတ် အဖြစ် ဦးချမ်းအေးစျေးဝယ်သူ အန်တီ အဖြစ် အန်တီအေးမိုးငယ် အဖြစ် ယွန်းမြတ်သွယ်ကိုလူငယ် အဖြစ် ကိုစိုးထက်ဦးကိုတင်အောင် အဖြစ် ကိုစနေနောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦးProduced by ©Burma Podcast Network In collaboration with Doh Hlay.Executive Producer - Ariel MaungCreative Lead - Ba HeinArt Direction - Saw Chit Piano (Myanmar Tune) - Lin LettVisual & Audio Expert - KevinProduction Assistant - MookieBurma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်⁠⁠https://linktr.ee/burmapodcastnetwork⁠

Popularan u

Ovaj podcast se pojavljuje i u podcast listama ovih zemalja.