နေ့လယ်ခင်းသတင်း

နေ့လယ်ခင်းသတင်း

RFA
Pays Myanmar
Genres Daily News, News
Langue MY
Épisodes 218
Dernier 21.03.2025

RFA နေ့လယ်ခင်းသတင်း အစီအစဉ်သည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လယ် ၂ နာရီတွင် ထုတ်လွှင့်သော သတင်းအစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ သတင်းများကို အဓိကထား တင်ဆက်သည်။ အစီအစဉ်ကို Acast မှ လက်ခံကျင်းပသည်။

Épisodes

  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၂၁ ရက်) 21.03.2025 7min
    ■ ထီးလင်း ဗုံးကြဲခံရလို့ အရပ်သားလေးဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ■ KNU နယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး■ မင်းကွန်းနဲ့ ဝက်လက်က သာသနာ့ အဆောက်အအုံတွေ ဗုံးကြဲခံရ■ စစ်ရေးတင်းမာနေလို့ လွိုင်ကော်-ဆီဆိုင်လမ်းပိတ် ■ မြန်မာအမျိုးသမီးအခွင့်အရေး တိုက်ခိုက်ခံနေရကြောင်း ဦးကျော်မိုးထွန်းပြော■ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုရှိနေကြောင်း စစ်ကောင်စီ ဝန်ခံ■ ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂၅၀ ပြန်ပို့■ ခြံအမှတ် (၅၄) လေးကြိမ်မြောက်လေလံ လာမဲ့ရုံးချိန်း အမိန့်ချမည် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၂၀ ရက်) 20.03.2025 6min
    ■ မြန်မာမှာ အကြမ်းဖက်မှုတွေ တိုးလာကြောင်း ကုလကိုယ်စားလှယ် တင်ပြ■ မြောင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လေးဦးသေဆုံး■ ဧရာဝတီတိုင်း မြို့နယ်သုံးခုမှာ တိုက်ပွဲဖြစ်နေ■ အမြန်လမ်းက ရဲကင်းစခန်းနဲ့ ယာဥ်တန်းကို PDF တိုက်ခိုက်■ မူးယစ်ကုန်သွယ်မှုစွပ်စွဲချက် နိုင်ငံရေးထိုးနှက်မှုဖြစ်ကြောင်း AA တုံ့ပြန်■ ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် အကူအညီလိုအပ် ■ ပြည်တွင်းရွှေဈေး ကျပ်နှစ်သိန်းခန့် မြင့်တက်လာ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၉ ရက်) 19.03.2025 6min
    ■ ARSA ခေါင်းဆောင် အပါအဝင် ဆယ်ဦး ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး■ ရန်ကုန်မှာ ကျပ်ဘီလီယံ တစ်ရာနီးပါး မူးယစ်ဆေးတွေ ဖမ်းမိ■ ဗန်းမော်မှာ ဗုံးကြဲခံရပြီး ခြောက်ဦး သေ၊ ငါးဦး ဒဏ်ရာရ■ ငဖဲမြို့နယ်မှာ အရပ်သား ကိုးဦး ဖမ်းဆီးခံရ■ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၂၃၀ ခန့်ရှိလာ■ ကျားဖြန့်က နိုင်ငံခြားသား ၁၄၀ ကျော် BGF လွှဲပြောင်း■ စေလွှတ်ရန်ကျန် အလုပ်သမားများလွှတ်ပြီးမှ အလုပ်ခေါ်စာသစ် လက်ခံမည် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၈ ရက်) 18.03.2025 5min
    ■ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံစီမံကိန်းတွေ တရားမဝင်ကြောင်း NUG ပြော■ ကုလအထူးကိုယ်စားလှယ်ကို စစ်ဆေးဖို့ အဖွဲ့ ၃၀၀ နီးပါး တောင်းဆို■ လေးမျက်နှာမြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ခန့် ထွက်ပြေး■ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၁) အထိ ရှိလာ■ ကလေးမြို့မှာ နှစ်ပတ်အတွင်း လူငယ် လေးဆယ်ကျော် ဖမ်းဆီးခံရ■ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ထက်ဝက်ကျော် ပျက်ကွက်■ လျှပ်စစ်မီးဖြတ်တောက်မှုကြောင့် အွန်လိုင်းလိမ်လည်မှုတွေ လျော့ကျ12:46 PM Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၇ ရက်) 17.03.2025 6min
    ■ ဝက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးဦး သေဆုံး■ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက ဗုံး ရာနဲ့ချီ ကြဲချ ■ ဗန်းမော်က ခရစ်ယာန်ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရ■ မော်လမြိုင်ကျွန်းက လူငယ် ၇၀ ခန့် စစ်သား စုဆောင်းခံရ■ မြန်မာကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ထောက်ပံ့ကူညီရေး ကုလဆွေးနွေး■ ချောက်နဲ့ မကွေးမြို့ ကမ္ဘာ့အပူဆုံးမြို့တွေထဲ ပါဝင်လာ■ ပြည်ပထွက်မဲ့ အလုပ်သမားတွေကို စစ်ကောင်စီ ထပ်မံတင်းကျပ် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၄ ရက်) 14.03.2025 5min
    ■ ပူလူတူ စစ်ကောင်စီတပ်စခန်း KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်■ မတ္တရာမှာ ဗုံးကြဲခံရပြီး ကလေး အပါအဝင် ငါးဦးသေဆုံး■ ပဲခူးတိုင်းအရှေ့ခြမ်းကို စစ်ကောင်စီ တိုက်ခိုက်၊ ငါးဦးသေ၊ ငါးထောင်ကျော် ထွက်ပြေး■ အုတ်ဖိုဝိုင်းရွာ ရဲစခန်းကို PDF ဝင်တိုက်■ စစ်ကောင်စီတပ် စီးနင်းလို့ မြောင်နဲ့ ရေစကြိုက ဒေသခံ သုံးထောင်ခန့် ထွက်ပြေး■ စလင်းမြို့နယ် ကုက္ကိုတန်းရွာ လက်နက်ကြီးကျပြီး အိမ်တချို့ မီးလောင်■ စစ်မှုထမ်း တပ်သားသစ်ငါးဦး နွားထိုးကြီး PDF ထံ ခိုလှုံလာ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၃ ရက်) 13.03.2025 6min
    ■ စလင်းမှာ ရွာနှစ်ရွာ မီးရှို့ခံရ■ ညောင်ဦးမှာ စစ်မှုထမ်းဖို့ လူငယ်နှစ်ဆယ်ခန့် ဖမ်းဆီးခံရ■ ကယားပြည်နယ်က ဒုက္ခသည်စခန်းတွေ သောက်သုံးရေ ပြတ်လပ်■ စစ်ကောင်စီကို ILO က အရေးယူဖို့ ရန်ကုန်သပိတ်ဖွဲ့တွေ တိုက်တွန်း■ ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလအတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို■ အိန္ဒိယနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားအောင် မလုပ်ဖို့ စစ်ကောင်စီပြော ■ အာဏာသိမ်းကာလ ဆက်သွယ်ရေး ဖြတ်တောက်ခံရမှု အကြိမ် လေးရာကျော်ရှိ ■ ဒေါက်တာ စင်သီယာမောင် ထိုင်းတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၂ ရက်) 12.03.2025 6min
    ■ စစ်ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံ■ စစ်ကောင်စီ ရွေးကောက်ပွဲကို နည်းပညာ အကူအညီမပေးကြဖို့ HRW ပြော■ ရေဦးနဲ့ တောင်သာမှာ ဘာသာရေးအဆောက်အအုံနဲ့ ရွာတွေ ဗုံးကြဲခံရ■ စလင်းမှာ စစ်ကြောင်းကြောင့် ဒေသခံရှစ်ထောင်ကျော် ထွက်ပြေး■ စစ်တွေမှာ AA ထိုးစစ်ကြောင့် စစ်ကောင်စီတပ် ဆုတ်ခွာ■ ရခိုင်ပြည်နယ်ကို ပြန်တဲ့ စစ်ဘေးဒုက္ခသည်တွေ ဖမ်းဆီးခံရ■ ကချင်မှာ ဧရာ၀တီမြစ်အတွင်း ရွှေအလွန်အကျွံတူးလာ■ သင်္ကြန်ကာလနေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေ ပြည်ပြန်ဝင်လက်မှတ် ကင်းလွတ်ခွင့်ပြု Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၁ ရက်) 11.03.2025 6min
    ■ ကျောက်ဖြူမှာ ဗုံးကြဲခံရ၊ ဆေးရုံနဲ့ နေအိမ်တွေ ပျက်စီး■ အမ်း-ပဒါန်းလမ်း နတ်ရေကန်ဗျူဟာအနီး နယ်မြေတချို့ AA ထိန်းချုပ်■ ထားဝယ် အထူးစီးပွားရေးဇုန် အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်■ ဝမ်းတွင်းမှာ တစ်ပတ်အတွင်း လူငယ်ငါးဆယ်ကျော် ဖမ်းဆီးခံရ■ ထိုင်းက နေရပ်ပြန်ပို့ချိန် စစ်မှုထမ်း ဖမ်းဆီးခံရသူနှစ်ဦး PDF ထံ ထွက်ပြေး■ လွိုင်ကော်ထောင်က လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားလေးဦး ဆက်ဖမ်းဆီးခံရ■ ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရ■ ကျားဖြန့်ဂိုဏ်းက မလေးရှားနဲ့ အိန္ဒိယနိုင်ငံသားတွေကို နေရပ်ပြန်ခေါ် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၁၀ ရက်) 10.03.2025 6min
    ■ စစ်ကောင်စီကို ILO က အရေးယူပေးဖို့ ရန်ကုန်မှာဆန္ဒပြ■ အာဂျင်တီးနားဖမ်းဝရမ်း အင်တာပို အကောင်အထည်ဖော်ဖို့ တိုက်တွန်း■ စစ်ကောင်စီရဲ့ ဒရုန်းခုနစ်စင်း KIA ပစ်ချ■ သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေ■ အုတ်ဖိုမှာ စစ်ကြောင်းထိုးပြီး လူရှစ်ဦးခန့် ဖမ်းဆီးခံရ■ ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်ခံရ၊ နေအိမ်တချို့ ပျက်စီး■ အာဆီယံနဲ့ဆက်ဆံရေး စစ်ကောင်စီသဘောထား ပြောင်းလာ■ ငွေလိမ်လုပ်ငန်းက လွတ်မြောက်လာသူ ထောင်နဲ့ချီ မြန်မာ ထိန်းသိမ်းထား Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၇ ရက်) 07.03.2025 6min
    ■ ဖားကန့်က KIA တပ်စခန်းတွေကို စစ်ကောင်စီ ထိုးစစ်ဆင်■ ရေကြည်မြို့နယ်မှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်■ ဂန့်ဂေါနဲ့ ဖာပွန်မှာ ဗုံးကြဲခံရပြီး လေးဦး သေဆုံး■ ကျောက်ဖြူနဲ့ စစ်တွေမှာ ဗုံးကြဲခံရလို့ အိမ်နှစ်ရာခန့် မီးလောင်■ မြန်မာမှာ အမျိုးသမီး ၁၀ သန်းကျော် အကူအညီလိုအပ်နေ ■ ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေးကြိမ်မြောက်လေလံ ရှေ့နေအဖွဲ့ ကန့်ကွက်■ မြန်မာနယ်စပ် တိုက်ပွဲကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထား■ One Fight Night 29 မှာ သံမဏိ စိုးလင်းဦး ပါဝင်ထိုးသတ်မည် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၆ ရက်) 06.03.2025 6min
    ■ ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး ရွာတချို့ ဗုံးကြဲခံရ■ ရေစကြိုမှာ အရပ်သား ငါးဦး အသတ်ခံရပြီး နေအိမ် ငါးရာကျော် မီးရှို့ခံရ■ တော်လှန်ရေးအင်အားစုတွေ ဘုံညီညွတ်ရေးတည်ဆောက်ဖို့ NUG တိုက်တွန်း■ ရုရှား-မြန်မာဆက်ဆံရေး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း APHR ပြော■ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး■ ကျုံပျော်မြို့မှာ လူငယ်ခုနှစ်ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ■ အိမ်မွေးတိရစ္ဆာန်တွေအတွက် ကမ္ဘာ့ပထမဆုံး အဆင့်မြင့် စမတ်ဖုန်း Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ်လ ၅ ရက်) 05.03.2025 6min
    ■ သာပေါင်း ခမရ (၃၀၈) ကာကင်းစခန်း AA ပူးပေါင်းတပ် သိမ်းပိုက်■ ကန့်ဘလူမှာ စစ်ကြောင်းကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေး■ မကွေးနဲ့ စစ်ကိုင်းမှာ စစ်မှုထမ်းငါးဦး ကာကွယ်ရေးတပ်ဖွဲ့တွေထံ ခိုလှုံ■ ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ရှားပါးပြတ်လပ် ■ တစ်မနက်တည်း ငလျင် လေးကြိမ်လှုပ်၊ ထိခိုက်ပျက်စီးမှုတွေရှိ■ သတ္တုတူးဖော်ရေးကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှု ဆိုးရွားလာ■ ပဲခူးနဲ့ ရန်ကုန်မှာ ကျပ် ၂၅ ဘီလီယံကျော် မူးယစ်ဆေးတွေ ဖမ်းမိ■ မြန်မာက ငွေလိမ်လုပ်ငန်းတွေ ကမ္ဘောဒီးယားနဲ့ လာအိုကို ပြောင်းရွှေ့နေ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၄ ရက်) 04.03.2025 6min
    ■ အဓမ္မ စစ်သားစုဆောင်းမှု နိုင်ငံတကာက အရေးယူဖို့ NUG တောင်းဆို■ နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်လက်ပြင်းထန်■ ပေါက်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၅ ဦး သေဆုံး ■ ကျောက်ဖြူမှာ တိုက်ပွဲကြောင့် အရပ်သား တစ်သောင်းကျော် ထွက်ပြေး■ မိုးဗြဲတိုက်ပွဲ တစ်လအတွင်း စာသင်ကျောင်းနဲ့ နေအိမ် ငါးဆယ်ကျော် ပျက်စီး ■ ထောင်တွင်း ဖိနှိပ်မှုအခြေအနေတွေ ဆိုးရွားလာကြောင်း AAPP ပြော ■ ထိုင်းမှာ ဆုန်ကရန်ပွဲတော် ငါးရက် ကျင်းပဖို့ ပြင်ဆင် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ မတ် ၃ ရက်) 03.03.2025 6min
    ■ အမ်း-ပဒါန်းလမ်း နတ်ရေကန်ဗျူဟာစခန်းကို AA ထိုးစစ်ဆင်■ ဒေသတွင်းပဋိပက္ခကို KIA နဲ့ TNLA ဆွေးနွေးညှိနှိုင်းမည်■ မြင်းခြံမှာ နေအိမ်နှစ်ရာခန့် မီးရှို့ခံရပြီး အရပ်သားနှစ်ဦး ပစ်သတ်ခံရ■ ရခိုင်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်၊ လူနှစ်ထောင်ကျော် အိုးအိမ်မဲ့■ ရိုဟင်ဂျာဒုက္ခသည် ငါးသောင်း ဘင်္ဂလားဒေ့ရှ်ကို ထပ်မံဝင်ရောက်■ တိုက်ပွဲကြောင့် သာပေါင်းမြို့နယ်က လူနဲ့ ဆင် ရာချီပြောင်းရွှေ့■ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် စတင်■ ရန်ကုန်မှာ ငလျင်လှုပ် Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၂၈ ရက်) 28.02.2025 6min
    ■ တရုတ် ကြေးနီသယ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ■ သာပေါင်းမြို့နယ်မှာ AA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်■ သဲကုန်းမြို့ စစ်တပ်ဂိတ်ကို PDF တိုက်ခိုက် ■ လေးနှစ်အတွင်း ဆေးရုံ၊ ဆေးခန်း တိုက်ခိုက်ခံရမှု ၁၆၀၀ နီးပါးရှိ■ ကျားဖြန့်ဂိုဏ်းတွေရဲ့ လိမ်လည်မှုကို ဂျပန်သံရုံး သတိပေး■ မြဝတီကျားဖြန်ံ့လုပ်ငန်းက အိန္ဒိယနိုင်ငံသားငါးရာကျော် လွတ်မြောက်ရေး ကြိုးပမ်းနေ■ ခြံအမှတ် (၅၄) ကို ၂၇ ဘီလီယံ လျှော့ရောင်းဖို့ ဦးအောင်ဆန်းဦး တင်ပြ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၂၇ ရက်) 27.02.2025 6min
    ■ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဖမ်းဝရမ်း ပြန်သုံးသပ်ဖို့ NLD တောင်းဆို■ မြန်မာ့အကျပ်အတည်း အားလုံးနဲ့ ပူးပေါင်းဖြေရှင်းဖို့ ကုလ ကတိပြု■ ချောင်းဦးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၁ ဦးရှိ■ ပဲခူးနဲ့ စစ်ကိုင်းက စစ်ကောင်စီတပ်စခန်းတွေကို PDF သိမ်းပိုက်■ ကာကွယ်ရေးအဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး အရပ်သား နှစ်ဦး သတ်ဖြတ်ခံရ■ မင်းတပ်မှာ အရပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့် ကန့်သတ်■ ပခုက္ကူခရိုင်မှာ စက်တပ်လေထီးကာကွယ်ရေး အသိပညာပေး Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၂၆ ရက်) 26.02.2025 6min
    ■ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းက ကလေးသုံးဦးသတ်ဖြတ်ခံရ■ မြိုင်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိ■ ချောင်းဦးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံး■ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူကို AA ထိုးစစ်ဆင်■ ပဲခူးတိုင်းမှာ စစ်မှုထမ်းဖို့ ဖိအားပေးတဲ့ အုပ်ချုပ်ရေးမှုးတွေ အသတ်ခံရ■ ကိုရီးယားမှာ တရားမဝင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူတွေကို အရေးယူမည်■ မြန်မာကြောင့် အာရှလမ်းမစီမံကိန်း ရပ်ဆိုင်းနေကြောင်း အိန္ဒိယပြော Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၂၅ ရက်) 25.02.2025 6min
    ■ စစ်မှုထမ်း တိုက်ရိုက်ဆင့်ခေါ်မှုကြောင့် ဧရာဝတီတိုင်းမှာ လူငယ်တွေ ထွက်ပြေးနေရ■ BGF ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီးဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း■ သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်လက်ပြင်းထန် ■ ဂွမြို့နယ်က စစ်ဘေးဒုက္ခသည် လေးထောင် အရေပြားရောဂါ ဖြစ်ပွား■ မဲဆောက်မှာ မြန်မာ ၅၆ ဦး ဖမ်းဆီးခံရ■ မလေးရှားမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ ပြန်လွှတ်ရေး တောင်းဆို■ မြန်မာနဲ့ တရားမဝင်ကုန်သွယ်မှု ရပ်ဆိုင်းဖို့ အိန္ဒိယ ပြင်ဆင်■ တယ်လီကွန်းလိမ်လည် အဓိကပုဂ္ဂိုလ် လေးဦး ထောင်တစ်သက် ချခံရ Hosted on Acast. See acast.com/privacy for more information.
  • နေ့လယ်ခင်းသတင်း (၂၀၂၅ ဖေဖော်ဝါရီ ၂၄ ရက်) 24.02.2025 6min
    ■ ဟားခါးမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ငါးဦး ဒဏ်ရာရ■ နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီ အဆိပ်ငွေ့ဗုံး သုံးခဲ့ကြောင်း TNLA ပြော■ ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် အရပ်သား ခုနစ်ဦးသေဆုံး၊ ၂၃ ဦး ဒဏ်ရာရ■ ရိုဟင်ဂျာပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်နေကြောင်း ကုလပြော■ ကမ္ဘာ့အင်တာနက်ဖြတ်တောက်မှု အဆိုးဆုံးနိုင်ငံ မြန်မာဖြစ်နေ■ အမေရိကန်နိုင်ငံက အိန္ဒိယလူမျိုးတွေကို လိမ်လည်ဖို့ ကျားဖြန့်ဂိုဏ်း စေခိုင်း■ နိုင်ငံပိုင်သယံဇာတ ဥပဒေမဲ့ထုတ်ယူမှုကို အရေးယူမယ်လို့ စစ်ကောင်စီပြော■ ပုပ်ရဟန်းမင်းကြီးကျန်းမာရေး အရေးပေါ်အခြေအနေမှာ ရှိနေဆဲ Hosted on Acast. See acast.com/privacy for more information.

Populaire dans

Ce podcast figure aussi dans les classements de podcasts de ces pays.