Doh Athan - Our Voice
Doh Athan - Our Voice
0
Doh Athan (Our Voice) is a podcast from Frontier Myanmar, focusing on human rights issues affecting people across Myanmar. It features in-depth reporting and interviews to bring unheard and moderate voices into the national dialogue. The podcast is available weekly on Saturdays on Frontier Myanmar's website and Facebook page.
Episodi
-
အညာမြေ ပြာပုံထက်မှ ဖီးနစ်ဌက်တို့ မောလှပြီ Episode: 395 02.06.2026 14min"စိတ်မကောင်းဘူးပေါ့ဗျာ။ ဟိုပြာပုံထဲက ဖီးနစ်ငှက်တို့ ဘာတို့ ကျွန်တော်တို့ တင်စားတာပေါ့။တကယ်တော့ ကျွန်တော်တို့ဖီးနစ်ငှက်ကလည်း တော်တော်ပင်ပန်းနေပြီလို့တောင် ပြောလို့ရပါတယ်။ အဲဒီလို အခင်းအကျင်းပေါ့နော်။" ၂၀၂၆ ဧပြီလလယ်မှာ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေ ပြန်လည်စိုးမိုးရေး အတွက် စစ်တပ်က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်ရာမှာ အညာဒေသက ကျေးရွာပေါင်း ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ NUG က ထုတ်ပြန်ပါတယ်။ Data for Myanmar က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ အိမ်ခြေ ၈၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီး နှစ်ရှည်လများ တည်ဆောက်ထားခဲ့ရတဲ့ ဘဝတွေ ပျက်ဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တော်လှန်ရေးအပေါ် ထောက်ခံစိတ်ကို စနစ်တကျ ဖြိုခွဲဖို့ ရည်ရွယ်နေတယ်လို့ ဒီဆောင်းပါးအတွက် ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ပွဲနှစ်ကြာလာချိန်မှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရပြီး ကျပ်တည်းမှုတွေကြားက ဒေသခံတွေရဲ့ တော်လှန်ရေးနဲ့ ရှင်သန်ရေးအကြား လွန်ဆွဲနေရတဲ့ အခြေအနေကို ဒီတပတ်မှာ ဒို့အသံအစီအစဉ်မှာ နားဆင်ရမှာပါ။
-
Growing crisis: Few alternatives for Shan opium farmers 23.05.2026 16minAs demand for opium drops, farmers in Shan State are finding the harvests to be less profitable than they once were, but they also face challenges growing and selling alternative crops.
-
နည်းပညာဖိနှိပ်မှုများကြားက တော်လှန်ပြည်သူများ 19.05.2026 17minမြန်မာစစ်အာဏာရှင်ဟာ လူထုကို အင်အားသုံးပြီး ဖိနှိပ်ရုံသာမက နည်းပညာစောင်ကြည့်မှုနဲ့ ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင် လာနေပါတယ်။ SIM ကဒ်ကို အသုံးပြုပြီးစောင်ကြည့်တာ၊ CCTVတွေမှာ မျက်နှာကိုမှတ်မိတဲ့စနစ်တွေကို အသုံးပြုတာ ၊ အင်တာနက်ပိတ်ဆို့တာ အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး ပြည်သူတွေကို အသံတိတ်အောင်လုပ်နေပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့ ကြားကပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေဟာ နည်းလမ်းပေါင်းစုံ ရှာဖွေပြီး တွန်းလှန်နေကြဆဲပါ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။
-
Surveillance State: Myanmar's Digital War Episode :393 16.05.2026 13minA brutal digital crackdown is underway in Myanmar. The junta tracks SIMs, scans faces, and bans VPNs—turning technology into a weapon of total control. Yet resistance persists in the shadows. Welcome to Doh Athan. This week: surveillance, fear, and defiance in Myanmar's digital war.
-
ရှမ်းတောင်က ဘိန်းစိုက်တောင်သူတွေရဲ့ အကျပ်အတည်း 08.05.2026 16min“အခုနောက်ပိုင်းမှာကျ ဘိန်းတွေက ဈေးမရှိတာက တစ်မျိုး၊ သွင်းအား (ဓာတ်မြေဩဇာ)က ဈေး တအားကြီးတာကတစ်မျိုး၊ နောက်ပြီးတော့ ဘိန်းကတရားမဝင်ဘူးလေ။ တရားမဝင်တော့ ရောင်းရတဲ့အချိန်ကျတော့ အခက်အခဲတွေ့တယ်။” ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ရှိနေပေမဲ့ အရင်ကလောက် ဝင်ငွေမကောင်းတော့ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ဘိန်းတောင်သူတွေက အစားထိုးသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံလုံးဆိုင်ရာ ဘိန်းပပျောက်ရေးမူဝါဒ အားနည်းမှုတွေအပြင် နိုင်ငံတကာရဲ့ အကူအညီတွေကလည်း ကင်းမဲ့တာမို့ သူတို့ကြိုးစားမှုတွေက အရာမထင်နေပါဘူး။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်တောင်ပိုင်း တောင်ကြားလွင်ပြင်ထဲက ဘိန်းစိုက်ခင်းတွေဆီကို ခေါ်ဆောင်သွားမှာပါ။
-
ပတ်စ်ပို့ဥပဒေသစ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ 07.04.2026 14minမြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဥပဒေသစ်မှာ အခန်း ၈ ခန်း ပါဝင်ပြီး ဒီဥပဒေသစ်မှာ အီလက်ထရောနစ်ပတ်စ်ပို့စနစ်သစ်အပါအဝင် ပတ်စ်ပို့အသစ် ပြုလုပ်တာနဲ့ သက်တမ်းတိုးတာတွေ လုပ်ဆောင်ရာမှာ တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။ ဥပဒေသစ်ရဲ့ဆိုလိုရင်းက ဘာတွေလဲ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင်၊ ရွေ့ပြောင်းမြန်မာလုပ်သား တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူနဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ် တို့ရဲ့ ပြောပြချက်တွေကို ဒီတစ်ပတ်ရဲ့ ဒို့အသံပေါ့ကတ်မှာ တင်ဆက်ထားပါတယ်။
-
Women targeted in Myanmar: Gender-based violence in the digital age 27.03.2026 8minHave you ever felt uncomfortable because of a message or comment on your phone? While criticism and insults are common on social media—through platforms or messaging apps—when they are used to threaten, taunt, or harm, it goes further. This is a form of technology-based violence that is both intimidating and psychologically damaging.
-
ဒီဂျစ်တယ်အမှောင်ရိပ်အောက် အကြမ်းဖက်ခြောက်လှန့်ခံ အမျိုးသမီးများ 18.03.2026 10minဖုန်းစခရင်ပေါ်က စာတို ဒါမှမဟုတ် ကွန်မန့်တခုက ကိုယ့်ကို စိတ်အဆင်မပြေစေအောင် ခြောက်လှန့်ခံရတာမျိုး ကြုံခဲ့ကြဖူးလား? ဝေဖန်မှုနဲ့ ဆဲဆိုမှုတွေက လူပေါင်းစုံ ရှိကြတဲ့ ဆိုရှယ်မီဒီယာရဲ့ ပုံမှန် သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်း၊ စာပေးပို့တဲ့ apps တစ်ခုခုကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ထိခိုက်စေအောင် ပြုမူတာ စတာတွေက ဝေဖန်မှုတခုထက် ပိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်ပေါ်စေတဲ့ နည်းပညာအခြေပြု အကြမ်းဖက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ podcast မှာ ဒီအကြမ်းဖက်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးဦးဆောင်သူတွေအကြောင်း တင်ဆက်ထားပါတယ်။
-
မရှောင်လွှဲနိုင်တဲ့ စစ်ဘေးရှောင်စခန်းတွေက အရေပြားဝေဒနာ 11.03.2026 12min“နောက်ဆုံးကျတော်တောင်မှ ဖြစ်ခဲ့ဖူးတာဆိုတော့လေ။ ဗုံးကြဲခံရတော့ တောထဲမှာပဲနေရတော့ ရွှံ့ရောင်ရေလည်း မျက်စိမှိတ်ပြီးတော့ သုံးရတယ်။ ချိုးရတယ်။ ကျတော်ကိုယ်တိုင်လည်း ပွေးရော၊ ဝဲရော ညှင်းလည်း ပေါက်တယ်” စစ်မီးတောက်လောင်နေတဲ့ ပဋိပက္ခဇုန်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေး၊ အငတ်ဘေးက စလို့ ဒုက္ခများစွာ ရှိပါတယ်။ ဒီလို ဒုက္ခများစွာထဲကမှ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားရောဂါဟာ တစ်ခုအပါအဝင်ပါ။ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်ကိုယ်တိုင်တောင် ဒီဝေဒနာကို ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ နေ့စဥ် အသက်ရှင်သန်နိုင်ဖို့၊ စားစရာ ရရှိနိုင်ဖို့ ကြိုးစားနေရတဲ့ အပြင် ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ စစ်ဘေးရှောင်ပြည်သူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိနေပါသလဲ။ Podcastအပြည့်စုံကို နားဆင်နိုင်ပါပြီ။ #အရေပြားရောဂါ #စစ်ဘေးရှောင်စခန်း #စစ်ကိုင်းတိုင်း #ကရင်နီ #ရခိုင် #dohathan #frontier
-
“စေတနာ့ဝန်ထမ်းဆေးတပ်သား နှင်းယုလှိုင်” အာဏာရှင်ကို ဆေးအိတ်ကိုင်၍ တော်လှန်သည်။ 08.03.2026 10min“ဖြစ်ချင်တဲ့ဆန္ဒဆိုရင် ညီမက ကျောင်းသူ ဖြစ်လို့ ကျောင်းလေးပြီးအောင် တက်ချင်တယ်။ မိဘတွေကိုလည်း ဘွဲ့လေးတစ်ခုလောက်ရအောင် ယူပေးချင်တယ်။ နောက်ဖြစ်နိုင်မယ်ဆိုရင် တကယ်လို့များ တော်လှန်ရေးများပြီးသွားခဲ့သည်ရှိသော် ဒီဆေးရုံက ဆက်လက်တည်တံ့နေမယ်ဆိုရင် ဒီဆေးရုံလေးမှာပဲ ဆက်လက်ပြီးတော့ ကိုယ်တတ်နိုင်သလောက်လုပ်ပေးချင်ပါသေးတယ်” မတ်လ ၈ နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းရဲ့စစ်မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးဆေးတပ်သားတစ်ဦးရဲ့ အတွေ့အကြုံတွေနဲ့ မျှော်လင့်ချက်အကြောင်းကို တင်ဆက်ပေးသွားပါမယ်။
-
'လူမျိုးတုန်းသတ်ဖြတ်မှု' တရားကြားနာပွဲ 11.02.2026 19min“ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ဒီလိုမျိုး နိုင်ငံတကာဥပဒေ၊ ဆုံးဖြတ်ချက်တွေကို လိုက်နာတဲ့သဘောသဘာ၀လည်း မရှိဘူး" (ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူဒေါ်ဝေဝေနု) ဒီတစ်ပတ်မှာတော့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကြားနာပွဲကနေ ထွက်ပေါ်လာတဲ့ အဓိက အချက်အလက်တွေနဲ့ ထူးခြားချက်တွေကို လေ့လာတင်ဆက်သွားမှာပါ။ Podcast အပြည့်အစုံကိုနားဆင်နိုင်ပါပြီ။ #ဒို့အသံ #လူ့အခွင့်အရေး #ICJ #တရားမျှတမှု #ရိုဟင်ဂျာ #လူမျိုးတုန်းသတ်ဖြတ်မှု
-
ကျန်းမာရေးဝန်ဆောင်မှု ဆုတ်ယုတ်လာသော ပြည်သူ့ဆေးရုံများ Episode :389 18.12.2025 12min“ဆေးတွေ ဝယ်ခိုင်းတော့ အိမ်ကသမီးက ခွဲခန်းရှေ့မှာပဲ ထိုင်ငိုနေရတယ်။ မရှိလို့ ဆေးရုံလာတက်ပါတယ်ဆိုမှ အပ်က အစဝယ်ခိုင်းတယ်’’ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံတွေဟာ အသက်တမျှအရေးကြီးတဲ့ ဆေးဝါးနဲ့ ဆေးရုံသုံး ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဝန်ထမ်းအင်အားပြတ်လပ်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီအကျိုးဆက်ဟာ ကျန်းမာရေးပြဿနာကို ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ ဖြေရှင်းဖို့လိုအပ်နေတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။ Podcast အပြည့်အစုံကို ဝင်ရောက်နားဆင်နိုင်ပါတယ်။ #ပြည်သူ့ဆေးရုံ #ဆေး၀ါးပြတ်လတ်မှု #CDM #ကျန်းမာရေး #လူ့အခွင့်အရေး #ဒို့အသံ
-
Myanmar Junta takes autocratic approach to its ‘free and fair ‘ election Episode :388 11.12.2025 9minMyanmar’s military regime claims its upcoming election, starting on December 28, will be free and fair, and will lead to peace and democracy, but it is contradicting these assurances by arresting people who criticise the poll. This episode commemorates Human Rights Day on December 10. Article 19 of the Universal Declaration of Human Rights guarantees everyone the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
-
စစ်အာဏာရှင်ရွေးကောက်ပွဲအောက် စောင့်ကြည့် ဖိနှိပ်ခံ ပြည်သူများ Episode :388 09.12.2025 10min“အခုလုပ်မယ့် ရွေးကောက်ပွဲက ဒီမိုကရေစီရွေးကောက်ပွဲဆိုပြီး သူတို့ ပြောနေတာတွေ ရှိတယ်။ အခုက ဒီမိုကရေစီကို ချီတက်တဲ့ပုံစံ မဟုတ်ဘူး။ အဲဒီအခြေအနေကိုလည်း မရောက်နိုင်ဘူး” ဒီတစ်ပတ်မှာတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတဲ့ ဒီမိုကရေစီရွေးကောက်ပွဲလို့ စစ်ကော်မရှင်ကပြောနေပေမဲ့ တစ်ဖက်မှာလည်း ပြောကြားချက်တွေနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေကို စောင့်ကြည့်ဖမ်းဆီးနေပါတယ်။ ဒီဆောင်းပါးမှာဖမ်းဆီးခံရသူရဲ့ ခံစားချက်တွေကိုလည်း နားထောင်ရမှာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နဲ့ လွတ်လပ်စွာ ဖွင့်ဟပြောပြနိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးတွေထဲမှာ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆခွင့်ရှိတယ်လို့ ပါပါတယ်။ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဆောင်းပါးကို ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ #ရွေးကောက်ပွဲ #လွတ်လပ်စွာပြောဆိုခွင့် #လူ့အခွင့်အရေး #ဒို့အသံ
-
War, deforestation increase impact of heavy rains Episode :387 09.12.2025 10minUnusually heavy monsoon rains have hit Myanmar’s central Dry Zone for the past two years, causing crop-damaging floods that have been made worse by deforestation and effects of the post-coup civil war. This episode commemorates World Soil Day on December 5.
-
ရေကြီးရေလျှံခြင်းရဲ့နောက်ကွယ်က ပြည်တွင်းစစ်နဲ့ တောပြုန်းမှုပြဿနာ Episode :387 05.12.2025 11min“တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ဝိသမလောဘသမားတွေ အတွက် တံခါးမရှိ ဓားမရှိ ဖြစ်နေတာပါ။" ဒီတစ်ပတ်မှာတော့ ရေကြီးရေလျှံမှု နောက်ကွယ်က သဘာ၀ပတ်ဝန်းကျင်ပြဿနာ အကြောင်းတွေကို တင်ဆက်ပေးမှာပါ။ ဒီ podcast ဟာ ယနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့မြေဆီလွှာနေ့ အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်တင်ဆက်တာ ဖြစ်ပါတယ်။
-
Military raids cause cycles of displacement 18.11.2025 11minVillages in some areas of Magway and Sagaing regions are subject to repeated raids by junta troops, forcing residents to flee at a moment’s notice or face death, while belongings and homes that are left behind are looted and burned to the ground. This story is covered by freelancer esther J.
-
ဘဝပုံစံသစ်နဲ့စစ်တွင်းကာလအညာဒေသ Episode :386 15.11.2025 12min“စစ်ကြောင်းလာပြီဆို အများကြီးပဲ တစ်ကျွန်းလုံး ပတ်ပြေးနေရတာ။ ဒီရွာဝင်ပြီဆို ဒီရွာကလူတွေ ဟိုဘက်ပြေး အဲလို တစ်ကျွန်းလုံး ပတ်ချာလှည့်ပြီး ပြေးရတာ” ဒီတစ်ပတ်မှာတော့ အာဏာသိမ်းပြီးနောက် အညာဒေသကစစ်ဘေးရှောင်တွေနေထိုင်နေရတဲ့ ဘ၀နေထိုင်နည်းသစ်တွေဆီကို ခေါ်ဆောင်သွားမှာပါ။
-
Conscription threat drives rise in early marriages Episode :385 27.10.2025 10minWith reports spreading the women’s names are now being collected for conscription in Myanmar, increasing numbers of young girls are getting married, with their parent’s blessing, as a means to shield themselves from the draft.
-
စစ်မှုထမ်းရှောင်ဖို့ အရွယ်မတိုင်မီ လက်ထပ်မှုများလာ Episode :385 25.10.2025 11minမြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူဖို့ အမည်စာရင်းကောက်ယူနေကြတယ်လို့ သတင်းတွေပြန့်နှံ့လာတာနဲ့အမျှ ဒီကိစ္စကိုရှောင်ရှားဖို့ အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်အများစုက မိဘခွင့်ပြုချက်နဲ့ လက်ထက်ထိမ်းမြားခြင်းကို ဒိုင်းသဖွယ်ပြုလုပ်လာကြပါတယ်။ ဒီလိုနည်းလမ်းကိုလုပ်ဆောင်နေတဲ့ အမျိုးသမီးငယ်အရေအတွက်ဟာလည်းမြင့်တက်လာနေပါတယ်။ ဒီဆောင်းပါးကို ဒို့အသံအလွတ်တန်းသတင်းထောက်ခင်နှင်းဖြူစိုးကရေးသားထားပါတယ်။
Popolare in
Questo podcast compare anche nelle classifiche dei podcast di questi paesi.