The Irrawaddy Newscast - Burmese Edition
The Irrawaddy
<div>The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။</div>
Episoade
-
လူသိရှင်ကြား ထုတ်ဖော်ဂုဏ်ပြုကြမယ် 30.05.2026 26minဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၇ နှစ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်း တည်ထောင်သူတဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက အသင်းဖွဲ့စည်းတည်ထောင်ဖြစ်ပုံ၊ အသင်းရဲ့ နှစ်စဉ်ဆု ရွေးချယ်ရေး စံနှုန်းတွေနဲ့ အသင်းရန်ပုံငွေအကြောင်းတွေကို ပြောပြထားပါတယ်။
-
Editorial Talk : " မြန်မာအာဆီယံက ထွက်မှာလား" 25.05.2026 18minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာအာဆီယံကထွက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မင်းအောင်လှိုင် အကောင်အထည်ဖော်နိုင်မလား 23.05.2026 29minဒီအပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရပ်သားအသွင်ယူ သမ္မတ ဦးမင်းအောင်လှိုင် တကယ်အကောင်အထည်ဖော်နိုင်မလား ဆိုတဲ့အပေါ် စာရေးဆရာ၊ အယ်ဒီတာ တင်မောင်သန်း (သင့်ဘဝ) ရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။
-
Editorial Talk : "ထရမ့်နဲ့ ရှီတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မြန်မာအတွက် ဘာထူးသလဲ " 18.05.2026 18minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထရမ့်နဲ့ရှီတို့ရဲ့ထိပ်သီးဆွေးနွေးပွဲမြန်မာအတွက်ဘာထူးသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
-
တရုတ်စင်္ကြံလမ်း ရှမ်းမြောက်ကို ဝင်လာတဲ့အခါ 16.05.2026 32minရှမ်းပြည်မြောက်ပိုင်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဝင်လာတော့မှာဖြစ်ပြီး အဲဒီအကြို တရုတ်ဦးစီးတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှောင်လွှဲမရဘူးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ဒီတပတ်စနေသတင်းစကားဝိုင်းမှာ သတိပေးလိုက်ပါတယ်။
-
Editorial Talk : " အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား" 10.05.2026 16minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ဒေါ်အောင်ဆန်းစုကြည် 09.05.2026 20minဒီတပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
-
Editorial Talk : " မင်းအောင်လှိုင်က သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး" 04.05.2026 25minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ကသူ့ကိုယ်သူယုံကြည်မှုမရှိဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ ရေဒီယို သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
-
ဦးနေဝင်းနဲ့ မင်းအောင်လှိုင် ဘာတွေတူလဲ 02.05.2026 25minဒီတပတ် စနေသတင်းစကားဝိုင်းမှာ အညာစစ်မျက်နှာက အခုထိ လက်နက်ကိုင်နွေဦးတော်လှန်ရေးမှာ အရေးပါတုန်းလား၊ အာရက္ခတပ်တော်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီမှာ ဘာလို့ မပါလဲ၊ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ အာဏာရှင်လက်သစ် ဦးမင်းအောင်လှိုင် ဘာတွေတူလဲ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မှာလားစတဲ့အကြောင်းအရာတွေအပေါ် ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံရေးသုတေသီ ကိုရဲမျိုးဟိန်းရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
-
Editorial Talk : " အာဃာတနဲ့ ဖိတ်ခေါ်တဲ့ အာဏာသိမ်းသမ္မတရဲ့ ရက် ၁၀၀ အစီအစဉ်" 27.04.2026 20minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဃာတနဲ့ဖိတ်ခေါ်တဲ့အာဏာသိမ်းသမ္မတရဲ့ရက်၁၀၀အစီအစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် 25.04.2026 28minဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့် လွတ်လာအပြီး မြန်မာ့နိုင်ငံရေး ဘယ်ဆီဦးတည်နေလဲ၊ တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ စတဲ့အကြောင်းတွေ စာရေးဆရာတင်မောင်သန်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။ #ဧရာဝတီ #စနေသတင်းစကားဝိုင်း #သမ္မတ #ဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #တင်မောင်သန်း
-
Editorial Talk : " ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်မလဲ" 20.04.2026 15minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်ဘယ်တော့လွတ်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
-
အတ္ထုပ္ပတ္တိ ဇာတ်လမ်းတွေ ရိုက်ချင်တဲ့ ဒေါင်း 18.04.2026 19minဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်သံစီးရီး၊ ထိုင်းနိုင်ငံရောက် သရုပ်ဆောင်ဘဝနဲ့ မြန်မာရုပ်ရှင်အပေါ် သူ့အမြင်တွေအကြောင်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။
-
Editorial Talk : " လူထုထောက်ခံမှုမရှိတဲ့ သမ္မတ" 13.04.2026 17minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လူထုထောက်ခံမှုမရှိတဲ့သမ္မတ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
ဆိုရှယ်မီဒီယာက သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး 12.04.2026 22minရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ အေအိုင်တို့ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ၊ ဒီနေ့ခေတ်လူငယ်တွေက လူကြီးတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးပြောဆိုထားကြတာ နားဆင်နိုင်ပါတယ်။
-
ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ထူထောင်ထားတဲ့ ပညာရေးဖောင်ဒေးရှင်း 11.04.2026 23minဒီတပတ် စနေသတင်းစကားဝိုင်းမှာ နွေဦးတော်လှန်ရေးထဲ ထင်ရှားသူ ၂ ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ပူးတွဲတည်ထောင်ထားတဲ့ Our Trees Education Foundation တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်းအကြောင်း ဧရာဝတီကို ပြောပြထားတာ နားဆင်နိုင်ပါတယ်။ ပဋိပက္ခဒေသတွင်းက ပညာရှာလိုသူ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်တည်ထောင်ထားတာလို့ သူတို့က ပြောပါတယ်။
-
Editorial Talk : " စစ်ခေါင်းဆောင် သမ္မတဖြစ်တော့ နိုင်ငံတကာက ဘယ်လိုတုန့်ပြန်မလဲ" 06.04.2026 18minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်သမ္မတဖြစ်တော့နိုင်ငံတကာကဘယ်လိုတုန့်ပြန်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစာရေးဆရာတဦးက ရှုမြင်သုံးသပ်ခြင်း 04.04.2026 23minဒီတပတ်စနေသတင်းစကားဝိုင်းအစီအစဉ်မှာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ အင်္ဂလိပ်ဘာသာနဲ့ ထွက်လာတော့မယ့် Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်ကို ရေးသားသူ ဒေါ်မွန်မွန်မြတ်နဲ့ ဆွေးနွေးပြောဆိုထားတာ နားဆင်နိုင်ပါတယ်။
-
Editorial Talk : " တပ်ချုပ်ပဲဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် အာဏာဆက်ယူထားမယ်ဆိုတာ မြင်နေရပြီ " 30.03.2026 19minဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်ပဲဖြစ်ဖြစ်၊သမ္မတဖြစ်ဖြစ်အာဏာဆက်ယူထားမယ်ဆိုတာမြင်နေရပြီ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
-
အားလုံးပါရင်ပါ မပါရင် ဆွေးနွေးပွဲ မထိုင်ဘူးလို့ တသံတည်း ထွက်ဖို့ လိုတယ် 28.03.2026 19minဒီတပတ်စနေသတင်းစကားဝိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုမူတွေနဲ့ ငြိမ်းချမ်းရေးစကားပြောမလဲ ဆိုတာ စာရေးဆရာ တင်မောင်သန်း သင့်ဘဝရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။
Popular în
Acest podcast apare și în topurile de podcasturi din aceste țări.