SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်
SBS
0
ဤပေါ့ဒ်ကတ်စ်သည် သင့်အား ဩစတြေးလျနိုင်ငံရှိ ဘဝနှင့် မြန်မာစကားပြော ဩစတြေးလျလူမျိုးများနှင့် ချိတ်ဆက်ပေးသည့် လွတ်လပ်သော သတင်းများနှင့် ဇာတ်လမ်းများကို တင်ဆက်ပေးပါသည်။
Епізоди
-
အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း။ 17.09.2026 10хвမြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ဆယ်စုနှစ်များစွာကြာအောင် အမျိုးသမီးအလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အဓိကအရင်းအမြစ် ဖြစ်ခဲ့ပါတယ်။ -
သြစတြေးလျ ယာဉ်မောင်းတိုင်း သိထားသင့်သည့်၊ လူသိနည်းသော ယာဉ်စည်းကမ်းများ။ 17.09.2026 12хвTasmania ပြည်နယ်မှာ ကားမောင်းနေစဉ် ဖုန်းထဲက GPS လမ်းညွှန်အက်ပ်တွေကို အသုံးပြုရင် ဒါမှမဟုတ် ကားပြတင်းပေါက်အပြင်ဘက်ကို လက်တင်ထားရင် ဒဏ်ငွေရိုက်ခံရနိုင်တယ်ဆိုတာကို သင်သိပါသလား။ -
သြစတြေးလျတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ။ 17.09.2026 12хв၁၉၀၁ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဩစတြေးလျ၌ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်မူဝါဒ (secularism) ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။ -
သင်ဟာစနစ်အတွင်းမှာ ရှိနေပါပြီ၊ ဩစတြေးလျ ဘယ်လို လည်ပတ်သလဲ။ 16.09.2026 5хвဩစတြေးလျရဲ့ အစိုးရ၊ ဥပဒေတွေနဲ့ ဝန်ဆောင်မှုတင်မှုတွေက သင့်ရဲ့ နေ့စဥ်ဘဝကို ဘယ်လို သက်ရောက်နိုင်သလဲ။ ဥပဒကို ဘယ်လို ပြဋ္ဌာန်းသလဲ၊ ပြီးတော့ အဲဒီဥပဒေတွေကို ဘယ်လို ပြင်ဆင်ပြောင်းလဲသလဲ ဆိုတာကို သင် လေ့လာသိရှိရမှာပါ။ အဲဒီ ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သင် ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝန်ဆောင်မှုကို ရှာဖွေဖို့ ကြိုးစားခဲ့တဲ့လူ၊ ဆုံးဖြတ်ချက်တစ်ခုကို မေးခွန်းထုတ်ဖူးသူ၊ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ နားလည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေရဲ့ အဖြစ်မှန် ဇာတ်လမ်းတွေကို ကြားသိရပါမယ်။How Australia Works ပေါ့ဒ်ကတ်စ် အစီအစဉ်ဟာ ဩစတြေးလျနိုင်ငံမှာ အစိုးရ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ဖြစ်ရပ်မှန် ဥပမာတွေနဲ့ ရှင်းပြထားတဲ့ အစီအစဥ်ဖြစ်ပါတယ်။ ဥပဒေကို ဘယ်သူတွေ ပြဌာန်းပြီး ဘယ်လို အပြောင်းအလဲ လုပ်နိုင်သလဲ၊ ဒီလို လုပ်ငန်းစဥ်မှာ သင့်အနေနဲ့ ဘယ်လို ပါဝင်နိုင်သလဲ ဆိုတဲ့အကြောင်းကို ဘာသာစကား ၆၀ နဲ့ လေလေ့လာနိုင်သလို How Australia Works ရဲ့ မူလစမျက်နှာမှာ လေ့လာနိုင်ပါတယ်။ -
ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works 16.09.2026 9хвစီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသလဲဆိုတာနဲ့ အကူအညီအတွက် ဘယ်သူ့ထံ ဆက်သွယ်ရမလဲဆိုတာကို ရှာဖွေလေ့လာလိုက်ပါ။"How Australia Works" ဆိုတာ ဩစတြေးလျမှာ အစိုးရ ဘယ်လိုလည်ပတ်သလဲ၊ ဥပဒေတွေကို ဘယ်လိုပြုလုပ်ပြီး ပြောင်းလဲသလဲ၊ ပြီးတော့ သင့်အနေနဲ့ ကိုယ့်သဘောထားဆန္ဒကို ဘယ်လိုထုတ်ဖော်နိုင်မလဲဆိုတာကို နားလည်အောင် ကူညီပေးဖို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို အသုံးပြုထားတဲ့ SBS ရဲ့ ပေါ့ဒ်ကတ်စ် (Podcast) တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နားဆင်ပါ၊ How Australia Works ရဲ့ မူလစာမျက်နှာမှာ ဘာသာစကား ၆၀ နဲ့ ထုတ်လွှင့်ထားတာကို ရှာဖွေနားဆင်နိုင်ပါတယ်။ -
မြန်မာနိုင်ငံတွင် မတော်တဆမှုများနှင့် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်တက်လာနေပါသည်။ 15.09.2026 8хвမြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။ -
သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။ 15.09.2026 9хвပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။ -
မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။ 14.09.2026 11хвဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ -
ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။ 14.09.2026 4хвသောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။ -
One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ 11.09.2026 14хвဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။ -
၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ 11.09.2026 19хв၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။ -
ရန်ကုန်မှာမတော်တဆမှုကြောင့် ကလေးငယ်တွေအသက်ဆုံးရှုံးရတာတွေ ပိုများလာ 11.09.2026 8хвမြန်မာနိုင်ငံမှာ မတော်တဆမှုတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုတွေ များလာနေပါတယ်။ -
ရန်ကုန်နဲ့မန္တလေးမှာ အဓ္ဓမ စစ်မှုထမ်းစုဆောင်းခံရလို့ လူငယ်တွေ ထိတ်လန့်နေ 09.09.2026 10хвရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။ -
သင်နေထိုင်တဲ့ နေရာနဲ့ Motor Neurone ရောဂါ MND ဖြစ်နိုင်ခြေက ဩစီနိုင်ငံသားတွေ အံ့အားသင့်နိုင် 09.09.2026 12хв"မော်တာ ညူရွန် ရောဂါ" (Motor Neurone Disease - MND) နဲ့ ပတ်သက်တဲ့ သုတေသနတွေအရ ဩစတြေးလျမှာ ဒီရောဂါ ပိုအဖြစ်များတဲ့ နေရာတချို့ကို ဖော်ထုတ်နိုင်ခဲ့လို့၊ ပြည်နယ်တစ်ခုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အရေးယူဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်လိုက်တဲ့အကြောင်း တင်ပြထားတဲ့Camille Bianchi ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ -
Together for Tomorrow ရံပုံငွေပွဲနဲ့ ဆက်စပ်ပြီး မင်းမော်ကွန်းကို မေးမြန်းထား 09.09.2026 8хвပြီးခဲ့တဲ့ စနေည စက်တင်ဘာလ ရက်တုန်းက မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံ စစ်ဘေးရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် Together for Tomorrow ရံပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကို Support for Myanmar from Australia and Singapore နဲ့ မနက်ခင်းတို့ ဦးစီးကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး ရံပုံငွေပွဲအနေနဲ့ အဆိုတော် ယုဇနနဲ့ တေးရေးတေးဆို မောင်မောင်ဇော်လတ်အပြင် အထူးဧည့်သည်အနေနဲ့ မင်းမော်ကွန်းနဲ့ အဆိုတော် နောင်ရိုးတို့လည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ -
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘာဖြစ်ဆက်ထားသင့်လဲ၊ မထားရင် ဘာဖြစ်နိုင်သလဲ။ 09.09.2026 14хвကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခင် မစတင်ခင်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆိုမှုတွေ စတင်နေကြပါတယ်။ -
Prostate cancer in Australia: Testing, treatment and support - ဆီးကျိတ်ကင်ဆာ - စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကူညီပံ့ပိုးမှုများ 09.09.2026 14хвAbout one in five Australian men will be diagnosed with prostate cancer in their lifetime. Understanding the prostate, your risk and the options for testing can help with early detection and treatment. In this episode of Australia Explained, learn about prostate cancer, PSA testing, treatment and support. - ဩစတြေးလျ အမျိုးသား ငါးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သက်တမ်းအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိရနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒါကြောင့်မို့လို့ သင့်မှာ ရောဂါဖြစ်နိုင်ခြေ ရှိမရှိ သဘောပေါက်ဖို့အပြင်၊ ဘယ်အချိန်မှာ စစ်ဆေးမှုပြုလုပ်သင့်တယ်ဆိုတာနဲ့ သင့်ရဲ့ ရွေးချယ်စရာတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစီးစွာ ရှာဖွေတွေ့ရှိရေးနဲ့ ကုသထိန်းချုပ်ရေးအတွက် သင်သိထားသင့်တဲ့အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ -
နွေဦးရာသီ တောမီးအန္တရာယ် ကြီးမားနိုင်ကြောင်း အာဏာပိုင်များ သတိပေး 03.09.2026 9хвဩစတြေးလျနိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနိုင်ခြေ မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။ -
စက်တင်ဘာ ၃ ရက် သတင်းအတိုအထွာများ 03.09.2026 10хв၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ အတွက် သတင်းအတိုအထွာတွေ ဖြစ်ပါတယ်။ -
အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေကြောင့် အမျိုးသမီးတွေ ပိုမိုထိခိုက်နေ 01.09.2026 15хвသံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။
Популярний у
Цей подкаст також потрапляв у чарти подкастів у цих країнах.