ရေးခွင့်မရခဲ့တဲ့သတင်းများ
Beyond the bars & Lens: Podcast By Min Nyo
0
သတင်းထောက်တစ်ယောက်ဘဝမှာ သတင်းတစ်ပုဒ်လုံးရေးခွင့်ရခဲ့ပေမဲ့၊ ကိုယ့်သတင်းကြောင့် လူတွေထိခိုက်မှာ၊ နိုင်ငံနဲ့ နိုင်ငံသားတွေထိခိုက်နစ်နာမှာစိုးတာကြောင့် အဲ့ဒီသတင်းကို မရေးဖြစ်ခဲ့ရတာပါ။ ဤပေါ့ဒ်ကတ်စ်သည် မြန်မာနိုင်ငံမှ သတင်းထောက်တစ်ဦး၏ အတွေ့အကြုံများကို မျှဝေထားပြီး သတင်းရေးသားခြင်းဆိုင်ရာ ကျင့်ဝတ်နှင့် စိန်ခေါ်မှုများကို ဆွေးနွေးထားသည်။
Епізоди
-
လူ ၃၀ ကျော်ကျွန်ပြုခံရခြင်း-ခေတ် ၃ ခေတ် — သတင်းထောက်ဘဝ-EPISODE 09 23.09.2026 30хвဒီအပိုင်းမှာ—• ပင်လယ်ထဲ ကျားဖေါင်တွေက ကျွန်ပြုခံရသူများ• ကယ်တင်ရေးအဖွဲ့နဲ့ သတင်းထောက်တွေ• လူကုန်ကူးမှုအမှု စစ်ဆေးမှု• မော်လမြိုင်တရားရုံးအထိ ဖြစ်စဉ်Weekly Podcast by MinNyo #MyanmarPodcast #MinNyo #DocumentaryPodcast -
ညီနောင် ၃ ဖွဲ့ တကျော့ပြန်စစ်ပြင်နေပြီလား-သတင်းစာဆရာတွေပြောတဲ့မြန်မာ့အရေး၊Episode 01 19.09.2026 28хвEpisode 01 — ညီနောင် ၃ ဖွဲ့ တကျော့ပြန်စစ်ပြင်နေပြီလား?သတင်းစာဆရာတွေက မြန်မာ့အရေးအကြောင်း ဘယ်လိုမြင်ကြသလဲ?ဒီအပိုင်းမှာ—မီဒီယာလောကက သတင်းစာဆရာတွေကြားထဲမှာ ပြန်လည်ပေါ်လာနေတဲ့“ညီနောင် ၃ ဖွဲ့” ဆိုတဲ့ political movement,အကြောင်းအရာတွေကို တိတိကျကျ ပြန်လည်သုံးသပ်ထားပါတယ်။မြန်မာနိုင်ငံရဲ့ ယနေ့ခေတ် နိုင်ငံရေး၊ လူမှုရေး၊ သတင်းမီဒီယာအခြေအနေတွေကိုDocumentary Podcast style နဲ့ တစ်ချက်တည်းနားလည်လောက်အောင်Min Nyo က သုံးသပ်ဖော်ပြပေးထားပါတယ်။🎧 Podcast Series: ခေတ် ၃ ခေတ် — သတင်းထောက်ဘဝ 🎙 Host: Min Nyo 📍 Real Story • Media Analysis • Myanmar Podcast#MyanmarPodcast #MinNyo #Documentary #Episode01 #MyanmarPolitics #MediaAnalysis -
သူတောင်းစားတွေကိုဖမ်းပြီး ရခိုင်ရိုးမထဲသွားပြစ်၊ ခေတ် ၃ ခေတ် — သတင်းထောက်ဘဝ EPISODE 08 16.09.2026 32хвEpisode 08 — သူတောင်းစားတွေကိုဖမ်းပြီး ရခိုင်ရိုးမထဲသွားပြစ်၊လမ်းဘေးကလေးတွေ၊ လူမှုရေးပြဿနာတွေ၊ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ဖြစ်ရပ်တွေကိုခေတ် ၃ ခေတ် သတင်းထောက်ဘဝ Podcast မှာ တစ်ပိုင်းချင်းစီ တင်ပြပေးနေပါတယ်။ဒီအပိုင်းမှာ—အမှိုက်ကားနဲ့ ဖမ်းဆွဲခံရတဲ့သူတောင်းစားတွေ,တောထဲမှာ ချထားခံရတဲ့ ဖြစ်စဉ်,အကြမ်းဖျဉ်းမဟုတ်ပေမယ့် လူမှုရေးအရေးကြီးတဲ့အကြောင်းအရာတွေကိုDocumentary style နဲ့ တိတိကျကျ ပြန်လည်ဖော်ပြထားပါတယ်။🎧 Podcast Series: ခေတ် ၃ ခေတ် သတင်းထောက်ဘဝ 🎙 Host: Min Nyo 📍 Real Story • Documentary • Myanmar Podcast#MyanmarPodcast #TrueStoryMyanmar #Documentary #MinNyo #Episode08 #SocialIssue -
သူတောင်းစားတွေဆီ ငွေ ၁၀၀၀၀ နဲ့ ရောင်းစားခံရတဲ့ မိန်းကလေး” (ခေတ် ၃ ခေတ် သတင်းထောက်ဘဝ — Episode 7) 09.09.2026 39хвဒီအပိုင်းမှာ—• ဘူတာဝင်းထဲက ပျံကျအသိုင်းအဝိုင်း • ခလေးငှါးပြီး တောင်းစားတဲ့ စီးပွားရေး • စိတ်မနှံသူတွေ၊ အရူးနှင်ရေး ပရောဂျက် • မိန်းကလေးငယ်တစ်ယောက် ဘယ်လို ရောင်းစားခံရသွားသလဲ • သတင်းထောက်ဘဝထဲက အမှန်တကယ် ဖြစ်စဉ်ဒီဇာတ်လမ်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ အမှန်တကယ် ဖြစ်ရပ်တစ်ခုပါ။ ခလေးငယ်တစ်ယောက် ဘဝတစ်ခုကို ကယ်တင်ဖို့ သတင်းထောက်တွေ၊ လူ့အခွင့်အရေးလုပ်သူတွေ၊ နိုင်ငံရေးတက်ကြွသူတွေ ဘယ်လို ပူးပေါင်းခဲ့ကြသလဲ ဆိုတာကို ဒီအပိုင်းမှာ ပြန်လည်ဖော်ပြထားပါတယ်။Weekly Podcast by Min Nyo #MinNyo #PodcastMyanmar #DocumentaryPodcast #ChildRights #HumanRights -
အမေသေလို့လိုက်သေပေးရတဲ့ အထုံကိုဘယ်လိုဖြတ်မလဲ။ ေခတ်စံနစ်နဲ့ လူများ | Episode‑6 19.08.2026 43хв⚠️ Warning အသဲငယ်သူတွေ၊ အရမ်းရွံတတ်သူတွေ လုံးဝ နားမထောင်ဖို့ မေတ္တာရပ်ခံပါတယ်။ စားသောက်နေချိန်၊ လူများနေရာတွေမှာလည်း အသံတိုးတိုးလေးနဲ့ နားထောင်ဖို့ အကြံပြုပါတယ်။ဒီအပိုင်းမှာ— • အမေသေလို့ လိုက်သေပေးရတဲ့ ခလေးငယ်• ခေတ်စံနစ်နဲ့ လူမှုယုံကြည်ချက် • သေဆုံးသူ နဲ့ အထုံအယူအဆ • မြန်မာ့ယုံကြည်မှုနဲ့ လူမှုစံနစ်၊ဓလေ့Podcast by MinNyo #MinNyoPodcast #MyanmarPodcast #DocumentaryPodcast -
သံလမ်းပေါ်က ဖြစ်ရပ်ဆိုး — မြန်မာ့ဓလေ့နှင့် အထုံဖြတ်ခြင်း -ခေတ်စံနစ်နဲ့ လူများ | Episode‑5 12.08.2026 45хвမြန်န်မာ့ဓလေ့၊ ယုံကြည်မှုနဲ့ အထုံဖြတ်ခြင်းအကြောင်းကို ကိုယ်တွေ့ဖြစ်ရပ်အနေနဲ့ ပြန်လည်သုံးသပ်တဲ့ Documentary Podcast။အဲ့ဒီလို အလောင်းကို ဆန်မသယ်ရဘူးဆိုတာ ကိုယ်တွေကို အခုခေတ်လူငယ်တွေက လာမေးရင် ကိုယ်တွေကို လူကြီးတွေ ပြောပြသလိုပဲ၊ လူကြီးတွေ ပြောပြသလောက်ပဲ ပြန်ပြောပြနိုင်တယ်။ ဘယ်လမ်းက အဆန်လဲ၊ အဆုံလဲ ဆိုပြီး လာမေးရင် တော်တော်တိုင်ပတ်တယ်။)))ဟိုးအရင်ကတည်းက သွားတဲ့ လမ်းကြောင်းပုံစံအတိုင်းပဲ အဿုဘကို ချရမယ်။ ဒါကို အဆုံ လို့ခေါ်တယ်။ အဲ့ဒီ အဿုဘချနေတဲ့ လမ်းအတိုင်း မဟုတ်ဘဲ ပြောင်းပြန်သွားရင် အဆန် လို့ ခေါ်တယ်လို့ပဲ ပြန်ပြောပြရမှာပဲ။(((ဒါပေမဲ့ များသောအားဖြင့် အဿုဘအိမ်ကနေ အနောက်ဘက်ကို အရင်ထွက်ပြီးတော့မှ သုဿန်ရှိတဲ့ဘက်ကို ချိုးသွားရတာ။)🎧 Series: Beyond the Bars & Lens 🎙 Host: Min Nyo 📌 Real stories. Real people. Real truth.#MyanmarPodcast #MinNyo #Documentary #Tradition #Culture -
ICRC နဲ့ ယုံကြည်ချက်အကျဉ်းသား – ထောင်တွင်းမှတ်စုများ | Episode 9 05.08.2026 42хвဒီအပိုင်းမှာ ICRC ရဲ့ ထောင်တွေ့ဆုံမှု၊ ယုံကြည်ချက်အကျဉ်းသားတွေ အကြောင်း၊ထောင်တွင်းမှတ်စုတွေ၊ မပြောနိုင်တဲ့အမှန်တရားတွေကို documentary style နဲ့ မင်းညိုကဖော်ပြထားပါတယ်။Topics:ICRC visit proceduresPrisoner protectionFaith‑based detaineesHidden realities inside detentionHumanitarian access challenges#ICRC #PoliticalPrisoners #Myanmar #Podcast #Documentary -
အသက်တွေနဲ့ ရင်းခဲ့တဲ့ တိုက်ပွဲတွေ (ကျွန်း တိုက်ပွဲ ၅၃ နှစ်ပြည့်အမှတ်တရ) ထောင်တွင်းမှတ်စုများ EP.8 29.07.2026 55хв53 နှစ်တင်းတင်း ပြည့်တဲ့ တကျွန်းအစာအငတ်ခံ တိုက်ပွဲ…အသက်တွေ ပေးစပ်ပြီး တိုက်ခဲ့တဲ့ အာဇာနည်တွေကို အောက်မေ့ဂုဏ်ပြု Episode 8.ဒီအပိုင်းမှာ—• တကျွန်းဖျက်သိမ်းရေး အစာအငတ်ခံ တိုက်ပွဲ• သာယာဝတီထောင် အစာမစားပဲ ဆန္ဒပြခဲ့တဲ့ သမိုင်း• ဦးအောင်မေသု၊ ဦးချစ်ဆွေ တို့ ပြန်ပြောပြခဲ့တဲ့ တိုက်ပွဲအကြောင်း• ထောင်တွင်းမှာ လူ့အသက်တွေ ဘယ်လိုပျက်စီးခဲ့သလဲ• နောက်မျိုးဆက်တွေ ဘာကြောင့် ဒီသမိုင်းကို မအောက်မေ့သင့်သလဲBeyond the Bars & Lens PodcastMyanmar documentary podcast seriesHuman stories • Prison history • Emotional truthအဆုံးထိ နားထောင်ပေးပါ…ဒီဇာတ်လမ်းတွေက တကယ့် လူ့အသက်တွေပါ။ -
ထောင်ထဲမှာညီလေးပျောက်သွားသူ၊ ထောင်တွင်းမှတ်စု EP7 | 22.07.2026 39хвထောင်ထဲမှာညီလေးပျောက်သွားသူ၊ ထောင်တွင်းမှတ်စုများ Episode 7(မှတ်ချက်-အမျိုးသမီးတွေနားမထောင်သင့်ပါ)(အမြည်း)ထောင်ထဲကထောင်ထဲက အမျိုးသားတွေမှာပဲဖြစ်တပ်တဲ့ တိုနာ ရောဂါဆိုတာ ကြားဘူးလား၊ တိုနာဖြစ်ရင်သေတပ်တယ်ဆိုလို ယောက်ကျားသားတွေအရမ်းကြောက်ကြတယ်၊ အဲ့ဒိရောဂါအတွက် တခုတည်းသောဆေးက ဘာလဲ၊ဘယ်ကရတာလဲ ဒါမျိုးဇာတ်လမ်းတွေ -
EP.5 – သစ်ခိုးမှုနဲ့ သတင်းထောက်ဘဝ 15.07.2026 47хвသတင်းထောက် ၁၀ ယောက်ကို သစ်ခိုးဂိုဏ်းက ဖမ်းဆီးပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ကြားဖူးပါသလား။ဒီ Podcast Episode မှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်မျှဝေထားပါတယ်။တစ်ချိန်က မြန်မာနိုင်ငံမှာ သတင်းစာကျင့်ဝတ်ကို တန်ဖိုးထားပြီး ပြည်သူအတွက် သတင်းအမှန်ကို ရေးသားခဲ့တဲ့ သတင်းထောက်တွေ အများအပြား ပေါ်ထွက်ခဲ့တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ပါတယ်။ဒါပေမယ့် အဲဒီခေတ်မှာပဲ သတင်းရေးသားမှုကြောင့် အဖမ်းခံရတာတွေ၊ စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေ၊ လူမိုက်၊ လူဆိုးတွေရဲ့ သတ်ဖြတ်ဖို့ ကြံစည်ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ သတင်းထောက်အစစ်တွေ ရှိခဲ့သလို၊ သတင်းမရေးဘဲ သတင်းထောက်အယောင်ဆောင်ပြီး ကိုယ်ကျိုးရှာခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ဒီ Episode ထဲမှာတော့ စစ်ယူနီဖောင်းဝတ်ပြီး သစ်ခိုးထုတ်နေတဲ့ အဖွဲ့တွေ၊ ရခိုင်ရိုးမဒေသက သစ်ခိုးဂိုဏ်းတွေရဲ့ နောက်ကွယ်အခြေအနေတွေနဲ့ သတင်းထောက် ၁၀ ယောက်ကို ဖမ်းဆီးထားပြီး သတ်ဖြတ်တော့မယ့်အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို အသေးစိတ် ပြောပြထားပါတယ်။ဒီဖြစ်ရပ်ဟာ သတင်းစာလွတ်လပ်ခွင့်၊ သတင်းသမားတွေရဲ့ ဘေးအန္တရာယ်နဲ့ သတင်းစာကျင့်ဝတ်ရဲ့ အရေးပါမှုကို ပြန်လည်စဉ်းစားစေမယ့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။📌 Podcast အပြည့်အစုံကို အဆုံးအထိ နားထောင်ပြီး သင့်ရဲ့ အမြင်ကို Comment မှာ မျှဝေပေးခဲ့ပါ။🔔 Channel ကို Subscribe လုပ်ထားပြီး နောက်လာမယ့် Episode တွေကိုလည်း ဆက်လက်စောင့်မျှော်အားပေးပါ။Myanmar Investigative Documentary Podcast Illegal logging, military involvement, and real field journalism.Podcast by MinNyo EP.5 explores hidden forest operations, illegal timber routes, and the real experiences of a field journalist uncovering the truth. -
ခေတ် ၃ ခေတ် – သတင်းထောက်ဘဝ | Episode‑04 တရုတ်မြေကျူးကျော်မှု & နယ်နမိတ်အမှန်တရား 08.07.2026 30хвတရုတ်ကကျူးကျော်မြေခိုးရုံပဲလားခေတ် ၃ ခေတ် – သတင်းထောက်ဘဝ | Episode-04အခုလည်း အာဏာသိမ်း စစ်အုပ်စုလက်ထက်မှာ ဒီဇာတ်လမ်းတွေ ပေါ်လာပြီ။ပိုပြီးခံစားရတာက တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မျဉ်းနားမှာ နေထိုင်ကြတဲ့ မြန်မာတွေ အနိုင်ကျင့်ခံနေရပြီ။ လက်ရှိမှာတော့ ကိုယ့်မြေထဲကို ပေါ်တင်ကြီး ကျူးကျော်ဝင်ရောက်ပြီး တရုတ်အလံစိုက်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အချိုးမျိုးနဲ့ လာရောက်စော်ကားတာကို ခံနေရပြီ။ဘယ်သူ့ကိုမှလည်း မတိုင်ရဲဘူး။ အနားမှာရှိတဲ့ ဒေသအာဏာပိုင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း တရုတ်က လက်နက်တပ်ဆင်ပေးထားတဲ့ တရုတ်လိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေပဲ။ နိုင်ငံအဆင့်အထိ တိုင်ရအောင်ဆိုတော့လည်း နိုင်ငံတော်အဆင့်က ပုဂ္ဂိုလ်ကြီးကိုယ်တိုင် မကြာသေးခင်ကပဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ရဲ့ အစောင့်အရှောက်အောက်မှာ ရှိခဲ့သူ။ ပြီးတော့ အဲဒီပုဂ္ဂိုလ်ကိုယ်တိုင် မြန်မာပြည်သူအားလုံးပိုင်ဆိုင်တဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ တရုတ်-ကျောက်ဖြူ လမ်းကြောင်းစီမံကိန်းတွေကို သူခိုးဈေးနဲ့ ထိုးပေးခဲ့တယ်လို့ ဝေဖန်ခံထားရတဲ့အတွက် သူ့ကိုလည်း မတိုင်ရဲဘူး။တိုင်ရဲတဲ့သူ ရှိတယ်ဆိုရင်တောင် အဲဒီပုဂ္ဂိုလ်က ဒီကိစ္စကို ဖြေရှင်းပေးဖို့နေနေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောရဘူးဆိုတဲ့ အမိန့်တွေ ထုတ်ထားတော့ အခြေအနေက ဒီလိုပဲ ဖြစ်သွားပြီ။တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံက တရုတ်လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်လာနေသလားလို့တောင် ခံစားနေရတယ်။#China#Land thief#Podcast#Minnyo -
ခေတ် ၃ ခေတ် ။သတင်းထောက်ဘဝ ၊Episode 3 ဧရာဝတီကို ဒုတိယမိ သူခိုးစျေးနဲ့ရောင်းစားခြင်း 01.07.2026 28хвဒီ Episode မှာ “ဝမ်းအောင်” ရဲ့ အကြောင်းအရာတွေကို နက်နက်ရှိုင်းရှိုင်း ပြန်လည်သုံးသပ်ထားပါတယ်။ သူ့ရဲ့ ရှုမြင်မှု၊ အတွေ့အကြုံတွေ၊ ပြန်လည်သုံးသပ်ချက်တွေက ယနေ့ခေတ် လူမှုရေး၊ နိုင်ငံရေး၊ မီဒီယာပတ်ဝန်းကျင်အထိ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲဆိုတာကို တစ်ချက်တည်းနဲ့ ကြည့်ရှုနိုင်ပါတယ်။နောက်ပိုင်းမှာတော့ အကြံပြုချက်တွေ၊ သင်ခန်းစာတွေ၊ မီဒီယာလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်လိုအချက်တွေကို သတိထားသင့်လဲဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။Beyond the Bars & Lens Podcast က အကြမ်းဖက်မှု၊ အမှန်တရား၊ လူမှုအကျိုးသက်ရောက်မှုတွေကို နက်ရှိုင်းအောင် ဆွေးနွေးပေးဖို့ ရည်ရွယ်ထားပါတယ်။ -
တရုတ်ပြည်ကရလာတဲ့ လူသတ်နည်းပညာသစ်၊(သို့)တရုတ်က ကောက်စားလိုက်တဲ့ မြန်မာပွန်းတကောင် 24.06.2026 34хвတရုတ်ပြည်ကရလာတဲ့ လူသတ်နည်းပညာသစ်၊(သို့)တရုတ်က ကောက်စားလိုက်တဲ့ မြန်မာပွန်းတကောင်၁။ မအလက တရုတ်ကို ဘာလို့အတင်းကပ်နေတာလဲနဲ့ ၂။ တရုတ်ကကောမြန်မာကို ဘာလို့ ပတ်သတ်ရတာလဲဆိုတာ ကို တဖြည်းဖြည်း နဲ့ ပေါ်လာတဲ့ ဖြစ်စဉ်တွေကနေ လိုက်ကြည့်ရအောင်ခုနကပြောသလို မအလက တရုတ်ကို ဘာလို့အတင်းကပ်နေတာလဲ ကိုအရင်ပြောကြည့်မယ်)))တကယ်က တရုတ်က တကမ္ဘာလံုး Hiper Power နိုင်ငံကြီး လုပ်ဖို့ ကြံနေတဲ့ ပိုးလမ်းမစီမံကိန်း ထဲက ပွန်းလေးတကောင်ထပ်စားလိုက်တဲ့အဆင့်လောက်ပဲအဲ့ဒိအတွက် အနဲအပါး တော့ အရိုးအကြွင်းအကျန်လေးတွေလောက်တော့ချကြွေးရတာပေါ့အဲ့ဒိအရိုးအကြွင်းအကျန်လေးတွေဆိုတာကလဲ ၊အရပ်ထဲမှာပြောသလိုပြောရရင်၊အဲ့ဒိ စာချုပ်တွေမှာ မင်းလက်မှတ် ထိုးသွားလိုက် ငါအကုန်လုပ်ပေးမယ်ဆိုတော့ မအလ ကလဲထိုးတာပေါ့အဲ့ဒိ ၁၈ ခုထဲမှာ တခြားဟာတွေ ကိုသိပ်စိတ်မဝင်စားဘူးသူစိတ်ဝင်စားတာကGlobal Development Initiative (ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှု)Global Security Initiative (ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစပျိုးမှု)Global Civilization Initiative (ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အစပျိုးမှု)Global Governance Initiative (ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု အစပျိုးမှု)အဲ့ဒိအထဲမှာမှလံုခြံုရေး နဲ့ပတ်သတ်တဲ့အစီအစဉ်ခေါင်းစဥ◌်နဲ့ နိုင်ငံတကာစင်မြင့်မှာ နိုင်ငံရေးအရ အကာအကွယ်ပေးတာမျိုး တရုတ်က လုပ်ပေးမှာဆိုပြီး စိတ်ချရပြီ (ဥပမာအနေနဲ့ပြောရရင်)ကုလသမဂ္ဂတွင် မအလ အတွက် ဗီတိုအာဏာသုံးပေးတာမျိုးတွေအထိ လုပ်ပေးလာနိုင်တယ် -
ခေတ်စံနစ်နဲ့ လူများ Episode-3 : သောင်ဦးပွဲ (သို့)ကိုင်းစိုက်ပွဲ 17.06.2026 40хвဒီအပိုင်းမှာ—• သောင်လုပွဲနဲ့ မြေနုကျွန်းလုပွဲ အကြောင်း• ဧရာဝတီမြစ်ရိုးတလျောက် တောင်သူဘဝ• မြေနုကျွန်းလုကြတဲ့အကြောင်းအရင်း• Documentary-style သုံးသပ်ချက်Weekly Podcast by MinNyo #MyanmarPodcast #Irrawaddy #MinNyo -
ဂေါ်စကွန်နယ်ကခြင်္သေ့ ကြီး ၄ ကောင် ဂေါ်စကွန်နယ်သား လူထူးဆန်းများ (Episode 2 10.06.2026 47хвဒီ Podcast မှာ အဓိကပြောချင်တာက —ပြည်ရွှေဆံတော်ဘုရားကို မကြာသေးခင်က သွားရောက်ဖူးကြလား။အဲ့ဒီမှာ ခြင်္သေ့ ဘယ်နှစ်ကောင်ရှိလဲ၊အဲ့ဒီ ခြင်္သေ့တွေက ဘာလုပ်နေကြလဲ သိကြလား။အဲ့ဒီ ခြင်္သေ့တွေ အပြင် “လူခြင်္သေ့” ၄ ကောင်လည်း အဲ့ဒီမှာ ရှိတယ်ဆိုတာ သိကြမလား။အခု Podcast မှာ အဲ့ဒီ ခြင်္သေ့ကြီး ၄ ကောင်က ဘယ်သူတွေလဲဆိုတာအသေးစိတ် ပြောပြထားပါတယ်။သူတို့ ၄ ယောက်က —မော်ဒန်ကဗျာလောကရဲ့ လျှမ်းလျှမ်းတောက် ဩဇာကြီးမားတဲ့ ကဗျာဆရာကြီးတစ်ဦးအဖွဲ့အစည်းကောင်းမွန်ပြီး ထင်ရှားတဲ့ ခေတ်ပေါ် ဝတ္ထုတိုဆရာ/ကဗျာဆရာတစ်ဦးကဗျာဆရာ၊ ပန်းချည်ဆရာ၊ တေးရေးတေးဆို အဆိုတော်တစ်ဦးသီချင်းစာသားတွေ၊ ကဗျာတွေ များစွာရေးနေဆဲ၊ လူငယ်ထုအပေါ် လွှမ်းမိုးမှုရှိနေဆဲ သက်ရှိထင်ရှား ကဗျာဆရာ/တေးရေးဆရာတစ်ဦးPodcast ထဲမှာArt for People’s Sake,Art for Art’s Sake,Art for No Sake ခေတ်ဦးက ဇာတ်လမ်းတွေကိုပါစနစ်ကျ ပြန်လည်တင်ပြထားပါတယ်။#ပြည်ရွှေဆံတော်ဘုရား #ခြင်္သေ့ကြီး၄ကောင် #ဂေါ်စကွန်နယ်သား #PodcastMyanmar -
ခေတ် ၃ ခေတ် ။သတင်းထောက်ဘဝ ၊Episode 1 စစ်တပ်ကခိုးဆောက်ခဲ့တဲ့ လေယာဉ်ကွင်း 03.06.2026 42хвခေတ် ၃ ခေတ် — သတင်းထောက်ဘဝ Episode 1 — ပြည်သူ့အစိုးရလက်ထက် ခိုးဆောက်ခဲ့တဲ့ တိုက်လေယာဉ်ကွင်းဒီအပိုင်းမှာတော့…✔ လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ လေယာဉ်ကွင်း ✔ ဘယ်သူတွေက ဘာအတွက် တည်ဆောက်ခဲ့တာလဲ ✔ အခုကျေးရွာတွေကို ဗုံးကျဲနေတဲ့ တိုက်လေယဥ◌်တွေဘယ်ကနေလာသလဲ✔ သတင်းထောက်ဘဝကနေ မြင်ရတဲ့ အမှန်တရားတွေဒီ Series က မြန်မာနိုင်ငံရဲ့ သမိုင်း၊ အာဏာ၊ လူထုနဲ့ သတင်းထောက်ဘဝကို ၃ ခေတ်အထိ ခွဲခြမ်းစိတ်ဖြာပြသသွားမယ့် Documentary ဖြစ်ပါတယ်။#Myanmar #Documentary #Investigation #Truth #historyofindia -
ဆန်လုပွဲတွေဖြစ်လာတော့မှာလား။ ခေတ်စံနစ်နဲ့လူများ Episode(2) 27.05.2026 38хв၂၀၂၃ ခုနှစ် မေလထဲမှာ မိုချာဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ကတည်းက စိုးရိမ်နေတာ။ အဲ့ဒီမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက စိုက်ပျိုးမြေဧကပေါင်း ၈ သိန်းကျော် ပျက်စီးသွားပြီး ဆန်စျေး စတက်လာတယ်လို့ စပြောရမှာပေါ့။ အဲ့လို ဖြစ်နေတာတောင် စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဇူလိုင်လထဲမှာ ၂၀၀၀၀ တန် ငွေစက္ကူအသစ်တွေကို ရိုက်ထုတ်လိုက်ပြန်ရော။ ထုံးစံအတိုင်း ငွေစက္ကူအသစ် ထုတ်ပြီဆိုရင် ကုန်စျေးနှုန်းက တက်နေကျဆိုတော့ ဒုတိယအကြိမ် ထပ်တက်တာပေါ့။တက်ရှိန်ရနေတဲ့ ကုန်စျေးနှုန်းက အရှိန်လေး ရလာနေတုန်းမှာပဲ စစ်အုပ်စုက နိုင်ငံခြားငွေ မရှိလို့ဆိုပြီး နိုင်ငံခြားကို ဆန်တွေ အတင်းပို့ပြန်ရော။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းမှာတင် မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သန်းကျော်အထိ စံချိန်တင် တင်ပို့ပစ်တာ။ အဲ့ဒီ အကျိုးဆက်အနေနဲ့ ဆန်စျေးက လန့်ဖြန့်ပြီး ဇွတ်တက်လာပြန်ရော။အဲ့ဒီတော့မှ ပြည်တွင်းဆန်ဖူလုံဖို့အတွက်ဆိုပြီး ပြည်ပကို ဆန်တင်ပို့မှုအားလုံးကို ရက်ပေါင်း ၄၅ ရက်ကြာ လုံးဝပိတ်ပင်လိုက်ရတဲ့အထိ အရေးပေါ် ကိုင်တွယ်လိုက်ရရော။ အဲ့လို အိုးနင်းခွက်နင်းတွေ လုပ်လို့ ရပ်လိုက်ပေမဲ့လည်း ဆန်စျေးက ပြန်ကျမလာဘူး။ အဲ့လို ဆန်စျေး အဆမတန် တက်လာတာက အုပ်ချုပ်သူရဲ့ ညံ့ဖျင်းမှု၊ သုံးစားမရမှုကြောင့်ဆိုတာကို တဖက်လှည့်ဗျူဟာ၊ အာရုံပြောင်းဗျူဟာနည်းနဲ့ "ဆန်ကုန်သည်တွေကြောင့် ဆန်စျေးတက်တာ" ဆိုပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေထဲက ဆန်ကုန်သည် ၅၀ ကျော်ကို အဖမ်းပြပြီး ပြည်သူနဲ့ ကုန်သည်ကို တစ်ခါလှည့်တိုက်ပြန်ရော။သဘောက စစ်အုပ်စုဘက်ကို လှည့်လာမယ့် ပြည်သူ့ရဲ့ ပေါက်ကွဲမှုကို ကုန်သည်တွေဘက် လှည့်ပြီး တိုက်ပေးလိုက်တာ၊ ကုန်သည်တွေအပေါ် အပြစ်ပုံချလိုက်တာပေါ့။ အဲ့လိုလုပ်ပြပြီး ကယ်တင်ရှင်ကြီးစတိုင်နဲ့ သဘာဝဘေးနဲ့ အရေးပေါ်ကိစ္စအတွက် Reserved အဖြစ် သိမ်းထားတဲ့ အရံဆန်တွေကို ထုတ်ရောင်းစားပစ်တယ်။ အဲ့ဒီမှာ အရံဆန်အိတ်ပေါင်း ၅၀၀၀၀ ထုတ်ရောင်းပစ်လိုက်ရောပေါ့။တကယ်က အရံဆန်ဆိုတာ တိုင်းပြည်တစ်ပြည်မှာ အရေးပေါ် သဘာဝဘေးကပ်ကြီးတွေ ဖြစ်ပေါ်လာခဲ့ရင် သုံးဖို့ဆိုပြီး ထားရတာ။ အခုလိုမျိုး (စျေးကွက်ထဲ) ထုတ်ရောင်းချခွင့်မရှိပါဘူး။ တကယ်လို့ အခုလိုမျိုး လိုအပ်လို့ သုံးဖြစ်ခဲ့ရင်လည်း ပြန်လည်ဖြည့်တင်းရမှာ။ ဒါပေမဲ့ စစ်အုပ်စုက အဲ့ဒီအရံဆန်တွေကို ပြန်ဝယ်မထည့်ခဲ့ပါဘူး။#minnyo#podcast#rice#paddys#crisis -
ထောင်ထဲက ပရော်ဖက်ဆာများ၊ (သို့) စစ်တပ်ကိုရောင်းစားသူ 20.05.2026 42хв"ထောင်တွေထဲမှာ ပါရဂူတွေအများကြီးရှိတယ်လို့ ပြောရင် မိတ်ဆွေတို့ မအံ့ဩကြပါနဲ့..."အခု ဒီ Podcast ထဲမှာ ပြောပြသွားမယ့် ဘိုးတော်ကတော့ လိမ်ညာတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လွန်းပြီး၊ စစ်တပ်တစ်ခုလုံးကိုပါ လက်ညှိုးထိုးရောင်းစားနိုင်ခဲ့တဲ့အထိ အစွမ်းထက်သူတစ်ဦးပါ။သူ့ကို ထောင်ထဲမှာ ထူးထူးခြားခြား သတိထားမိခဲ့တာကတော့... အခုလို နှစ်ကြီးအကျဉ်းသားတွေထဲမှာမှ သူ့ရဲ့မျက်နှာက ထင်းနေပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသလိုမျိုး ရှိနေလို့ပါပဲ။ ခေတ်စကားနဲ့ပြောရရင် မင်းသားကြီးကျော်ဟိန်း လူကြီးဘဝမှာ သူဌေးကြီးနေရာက သရုပ်ဆောင်ရင် ရှိမယ့် စတိုင်မျိုးပေါ့။ ငယ်ငယ်ကလည်း တော်တော်လေးချောမယ့်ပုံပဲ၊ အခုလို အရွယ်မျိုးနဲ့ ထောင်ထဲရောက်နေတာတောင် ကြည့်လို့ကောင်းတုန်း ရုပ်မျိုးပါ။နောက်တစ်ခုက သူက ထောင်ကပေးတဲ့ ပုံစံအင်္ကျီတွေကို ဝတ်လေ့မရှိဘဲ အင်္ကျီလက်ရှည်အဖြူကို အမြဲဝတ်တယ်၊ လည်ပင်းမှာ မာဖလာတစ်ထည် အမြဲတင်ထားပြီး လက်ထဲမှာ ပုတီးတစ်ကုန်းနဲ့ အဆောင်ကော်ရစ်တာမှာ လမ်းလျှောက်ရင်း ပုတီးစိပ်နေလေ့ရှိတယ်။ သူ့ပုံစံကိုကြည့်ရတာ အင်မတန် အေးချမ်းလွန်းလှပါတယ်။အဲဒီလို အကြည်ဓာတ်ရှိပြီး အေးချမ်းတည်ငြိမ်နေတဲ့ ဘိုးတော်က ဘာကြောင့်များ ထောင်ထဲရောက်လာရတာလဲ? တစ်ယောက်ယောက်က ဂျောက်ချလို့လား၊ ဒါမှမဟုတ် လီဆည်လုပ်ကြံတာ ခံလိုက်ရတာလား... ဆိုတာကို ဒီနေ့ Podcast မှာ စိတ်ဝင်စားဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်။#MyanmarPodcast #Documentary #Justice #TrueCrimeMyanmar #ထောင်တွင်းဖြစ်ရပ်မှန် -
စစ်ေဒါက်တိုင်ပျူဘုန်းကြီးများနဲ့ သင်ခမ်းအဖြူဝတ်တဲ့ရဟန်းများ။ 13.05.2026 32хвဒီ Podcast မှာတော့ ထောင်ထဲက ရဟန်းတစ်ပါး၏ မပြတ်မပျက် စိတ်ဓာတ်နဲ့ အမှန်တရားတွေကို Documentary-style နဲ့ ပြန်လည်တင်ပြထားပါတယ်။ Real stories. Real people. Real truth.မြန်မာ့အရေးအခင်းအကျင်းထဲမှာ သံဃာတော်များရဲ့ စိတ်ဓာတ်၊ သီလ၊ အမှန်တရားကို မျက်မြင်သက်သေများအနေနဲ့ ပြန်လည်ဖော်ပြထားပါတယ်။ ထောင်ဘဝအတွင်း ခံကြုံရတဲ့ အခက်အခဲတွေ၊ မပြတ်မပျက် စိတ်ဓာတ်တွေကိုလည်း တင်ပြထားပါတယ်။#MyanmarDocumentary #MinNyoDocumentary #RealStories #PoliticalPrisoners #FaithInDarkness #SpiritualStrength #MyanmarHistory #BeyondTheBarsAndLens #Documentary #MonkStories #HumanRights #UntoldTruth -
ကိုဒါသတွေနဲ့တွေ့သွားတဲ့ဒေါက်တာကြီး 06.05.2026 45хвနေမကောင်း တာတို တခုခု ကျန်းမာရေးပြသနာ တခုခုဖြစ်ပြီ ဆိုရင် တပတ် ကို ၂ ရက် ဆေးခန်းပြခွင့်ရဖိုကို ပေးရကန်းရတာပေါ့ ဆေးခန်း ပြခွင့်ရပြီဆိုရင် တဆောင်ခြင်းစီ လူစုပြီး ဆေးခန်းဘာယာ တယောက်က ဦးဆောင် ပြီး ဆေးခန်းကို တန်းစီပြီးပံုစံ နဲ့ခေါ်သွားရတာ ဆေးရုံ မှာ ထောင်ဆရာဝန် လုပ်သူ က သာမန် အဖျားရှိသူတွေ ကို ဘာမှစမ်းသပ်တာတွေဘာတွေ လုပ်လေ့မရှိဘူး ၊အကျဉ်းသားကနေ ခန့်ထားတဲ့ဆေးမှုး ဆိုသူတွေက ပဲ မှတ်တန်းအနေနဲ့ နာမယ်မေး ဘာဖြစ်လဲမေးပြီး လူခွဲစု ပြီးတန်းစည်ခိုင်းထားပြီး မတ်တပ်ရပ်ခိုင်းထားပြီး ခုနကပြောတဲ့ ၁၅ CC ဆေးထိုးအပ်ကြီးထဲမှာ ဆေးအပြည့်စုပ်ပြီး တယောက် နောက်တယောက် နောက်တယောက် ဆိုပြီး မတ်တပ်အနေအထား နဲ့ ဘာဖင်မှမလှန်ပဲ ပုဆိုးအပေါ်ကနေပဲ တယောက်ပြီးတယောက် ထိုးသွားတာ ဘယ်ကုတင် ပေါ်မှာမှ လှဲမအိပ်ရသလို သွေးလဲမခြိမ် သွေးလဲမစမ်းပဲ တယောက်ပြီးတယောက် ထိုးတာ တယောက်ပြီးတော့တခါ အပ်ကို ရေနွေးနဲ့ပြုတ်တာလဲ မရှိ အရက်ပျံ လဲမသံုး အဲ့ဒိခေတ်တံုးက တခါသံုးအပ်တွေလဲမပေါ်သေးဘူး ဒါကြောင့်ထောင်တွေက HIV ရောဂါ ပြန့်ပွါးရေး စင်တာတွေဖြစ် နေတာ
Популярний у
Цей подкаст також потрапляв у чарти подкастів у цих країнах.