SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်
SBS
0
ဤပေါ့ဒ်ကတ်စ်သည် သင့်အား ဩစတြေးလျနိုင်ငံရှိ ဘဝနှင့် မြန်မာစကားပြော ဩစတြေးလျလူမျိုးများနှင့် ချိတ်ဆက်ပေးသည့် လွတ်လပ်သော သတင်းများနှင့် ဇာတ်လမ်းများကို တင်ဆက်ပေးပါသည်။
Episodes
-
ဩစတြေးလျရှိ ကျူရှင်ပေးခြင်း အချက်အလက်များ။ 29.09.2026 16mရွှေ့ပြောင်းအခြေချ မိသားစုများသည် ကျူရှင်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲလေ့ ရှိကြသည်။ -
သြစတြေးလျရှိ ဌာနေတိုင်းရင်းသားများ၏ ကာကွယ်ထိန်းသိမ်းထားသော နယ်မြေများဆိုသည်မှာ အဘယ်နည်း။ 29.09.2026 12mဩစတြေးလျရဲ့ သဘာဝအပင်တွေနဲ့ တိရစ္ဆာန်တွေရဲ့ အလှအပကို ခံစားဖို့ ခရီးစဉ်တစ်ခု သင် စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။ -
ထားဝယ်မှာ ရေကြီးတောင်ပြိုမှုတွေကြောင့် ဒေသခံ ၁၃ဦးသေဆုံး။ 29.09.2026 11mတနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တောင်ပြိုကျမှုများ ဖြစ်ပွားခဲ့ပါတယ်။ -
You are already inside the system | How Australia Works - သင်ဟာစနစ်အတွင်းမှာ ရှိနေပါပြီ၊ ဩစတြေးလျ ဘယ်လို လည်ပတ်သလဲ။ 29.09.2026 5mHow do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - ဩစတြေးလျရဲ့ အစိုးရ၊ ဥပဒေတွေနဲ့ ဝန်ဆောင်မှုတင်မှုတွေက သင့်ရဲ့ နေ့စဥ်ဘဝကို ဘယ်လို သက်ရောက်နိုင်သလဲ။ ဥပဒကို ဘယ်လို ပြဋ္ဌာန်းသလဲ၊ ပြီးတော့ အဲဒီဥပဒေတွေကို ဘယ်လို ပြင်ဆင်ပြောင်းလဲသလဲ ဆိုတာကို သင် လေ့လာသိရှိရမှာပါ။ အဲဒီ ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သင် ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း သိရှိရမှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ဝန်ဆောင်မှုကို ရှာဖွေဖို့ ကြိုးစားခဲ့တဲ့လူ၊ ဆုံးဖြတ်ချက်တစ်ခုကို မေးခွန်းထုတ်ဖူးသူ၊ ဒါမှမဟုတ် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာ နားလည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေရဲ့ အဖြစ်မှန် ဇာတ်လမ်းတွေကို ကြားသိရပါမယ်။How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Australia, how laws are made and changed, and how you can have a say. Listen to the series and find shorter versions in 60 languages on the How Australia Works main page. - How Australia Works ပေါ့ဒ်ကတ်စ် အစီအစဉ်ဟာ ဩစတြေးလျနိုင်ငံမှာ အစိုးရ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို ဖြစ်ရပ်မှန် ဥပမာတွေနဲ့ ရှင်းပြထားတဲ့ အစီအစဥ်ဖြစ်ပါတယ်။ ဥပဒေကို ဘယ်သူတွေ ပြဌာန်းပြီး ဘယ်လို အပြောင်းအလဲ လုပ်နိုင်သလဲ၊ ဒီလို လုပ်ငန်းစဥ်မှာ သင့်အနေနဲ့ ဘယ်လို ပါဝင်နိုင်သလဲ ဆိုတဲ့အကြောင်းကို ဘာသာစကား ၆၀ နဲ့ လေလေ့လာနိုင်သလို How Australia Works ရဲ့ မူလစမျက်နှာမှာ လေ့လာနိုင်ပါတယ်။ -
SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ တနင်္လာနေ့။ 28.09.2026 3m၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။ -
အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ အဘယ်နည်း၊ မည်သို့ အကူအညီရယူနိုင်မည်နည်း။ 24.09.2026 18mလူတစ်ဦးချင်းစီ သို့မဟုတ် နှစ်ဦးစလုံးက မိမိတို့သဘောဆန္ဒအလျောက် သဘောတူညီမှုမရှိဘဲ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်းမျိုးကို အတင်းအကျပ်ပြုလုပ်သော အိမ်ထောင်ရေး (forced marriage) ဟု ခေါ်ဆိုပါသည်။ -
အင်အားထောင်ချီသုံးပြီး ရခိုင်ကို စစ်တပ်ထိုးစစ်ဆင်နေ 24.09.2026 8m၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင် ပြည်နယ်တွင်းကို စစ်အာဏာရှင်က ပြန်လည်သိမ်းပိုက်ဖို့ အင်အားထောင်ချီအသုံးပြုကာ ထိုးစစ် ဆင်နေပါတယ်။ -
SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၃ ရက် News Flash သတင်းများ။ 23.09.2026 3mသောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။ -
သြစတြေးလျ၏ ကျေးလက်နှင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဘေးကင်း လုံခြုံစွာ ခရီးသွားလာခြင်း။ 22.09.2026 14mဩစတြေးလျရဲ့ ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေကို ကားနဲ့ ခရီးထွက်တာဟာ ပုံမှန်အနေအထားမှာ သင် မရောက်ဖူးနိုင်တဲ့ နေရာတွေကို ရောက်ရှိသွားစေနိုင်ပါတယ်။ -
ခင်ရီ USDP ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရ။ 22.09.2026 11mစက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီညီလာခံအပြီး၊ ဦးခင်ရီကို ပါတီဥက္ကဌအဖြစ် ထပ်မံရွေးချယ်လိုက်ကြသလို ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ -
SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် News Flash သတင်းများ။ 21.09.2026 4mသောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။ -
အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း။ 17.09.2026 10mမြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ဆယ်စုနှစ်များစွာကြာအောင် အမျိုးသမီးအလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အဓိကအရင်းအမြစ် ဖြစ်ခဲ့ပါတယ်။ -
သြစတြေးလျ ယာဉ်မောင်းတိုင်း သိထားသင့်သည့်၊ လူသိနည်းသော ယာဉ်စည်းကမ်းများ။ 17.09.2026 12mTasmania ပြည်နယ်မှာ ကားမောင်းနေစဉ် ဖုန်းထဲက GPS လမ်းညွှန်အက်ပ်တွေကို အသုံးပြုရင် ဒါမှမဟုတ် ကားပြတင်းပေါက်အပြင်ဘက်ကို လက်တင်ထားရင် ဒဏ်ငွေရိုက်ခံရနိုင်တယ်ဆိုတာကို သင်သိပါသလား။ -
သြစတြေးလျတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ။ 17.09.2026 12m၁၉၀၁ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဩစတြေးလျ၌ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်မူဝါဒ (secularism) ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။ -
ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works 16.09.2026 9mစီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသလဲဆိုတာနဲ့ အကူအညီအတွက် ဘယ်သူ့ထံ ဆက်သွယ်ရမလဲဆိုတာကို ရှာဖွေလေ့လာလိုက်ပါ။"How Australia Works" ဆိုတာ ဩစတြေးလျမှာ အစိုးရ ဘယ်လိုလည်ပတ်သလဲ၊ ဥပဒေတွေကို ဘယ်လိုပြုလုပ်ပြီး ပြောင်းလဲသလဲ၊ ပြီးတော့ သင့်အနေနဲ့ ကိုယ့်သဘောထားဆန္ဒကို ဘယ်လိုထုတ်ဖော်နိုင်မလဲဆိုတာကို နားလည်အောင် ကူညီပေးဖို့ ဖြစ်ရပ်မှန် ဇာတ်လမ်းတွေနဲ့ ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို အသုံးပြုထားတဲ့ SBS ရဲ့ ပေါ့ဒ်ကတ်စ် (Podcast) တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို နားဆင်ပါ၊ How Australia Works ရဲ့ မူလစာမျက်နှာမှာ ဘာသာစကား ၆၀ နဲ့ ထုတ်လွှင့်ထားတာကို ရှာဖွေနားဆင်နိုင်ပါတယ်။ -
မြန်မာနိုင်ငံတွင် မတော်တဆမှုများနှင့် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်တက်လာနေပါသည်။ 15.09.2026 8mမြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။ -
သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။ 15.09.2026 9mပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။ -
မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။ 14.09.2026 11mဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ -
ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။ 14.09.2026 4mသောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။ -
One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ 11.09.2026 14mဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။
Popular in
The podcast also appears in the podcast charts of these countries.