Doh Athan - Our Voice
Doh Athan - Our Voice
0
Doh Athan (Our Voice) is a podcast from Frontier Myanmar, focusing on human rights issues affecting people across Myanmar. It features in-depth reporting and interviews to bring unheard and moderate voices into the national dialogue. The podcast is available weekly on Saturdays on Frontier Myanmar's website and Facebook page.
Episodes
-
အခက်အခဲများကြားက ကရင်ဒေသ ပညာရေး Episode :406 05.11.2026 13mပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အမေရိကန်အစိုးရရဲ့ USAID ရန်ပုံငွေ ဖြတ်တောက်ခဲ့တာကြောင့် ကရင်ပြည်နယ်က ပညာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်သူအားလုံးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့ပါသလဲ။ တစ်နှစ်ခွဲကျော် ကြာလာတဲ့အချိန်မှာ ဘယ်လို အခြေအနေတွေ ရှိနေသလဲဆိုတာကို ဒီတစ်ပတ် ဒို့အသံအစီအစဥ်ကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ -
Double jeopardy: Sagaing IDPs devastated by flooding Episode: 405 30.10.2026 12mResidents of Sagaing Region who had already fled their homes because of Myanmar’s civil war have faced additional hardship since August, when flooding swept away their temporary shelters and forced them to once again struggle to rebuild their lives. -
မိုင်းဒဏ်သင့် ဖခင်တယောက်ရဲ့ ပူပင်သောက - Profile Vodcast 22.10.2026 12m“သူတို့ ပညာရေးက ဘယ်လို လာမလဲတော့ ကိုယ်က မမှန်းနိုင်သေးဘူး။ ဘဝ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာလည်း မပြောတတ်သေးဘူးပေါ့နော်။” စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်နဲ့အတူ အခြားပဋိပက္ခဒေသတွေလိုပဲ ကရင်နီပြည်နယ် တစ်ဝန်းမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံတွေကို ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် အရပ်သားတွေ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ် မိသားစု စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒီတစ်ပတ် ပေါ့ကတ်စ် အစီအစဉ်မှာတော့ စစ်ဘေးရှောင်ဘဝနဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း မိုင်းထိခဲ့ရလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ သားသမီးတွေ ပညာရေးအတွက် စိုးရိမ်ပူပန်နေရတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ -
ရေဘေးအလွန် အညာဒေသစစ်ရှောင်တို့ဘဝ Episode :405 16.10.2026 14m“လူပြည်မှာ မနေချင်လောက်အောင်ကို အခက်အခဲတွေ ကြုံရတာ၊ ကြာလာတော့ သေသွားတဲ့သူတွေကမှ အေးတာပဲဆိုပြီး သေတဲ့လူတွေနောက်သာ လိုက်သွားချင်တော့တယ် ဆိုတဲ့ အတွေးတွေချည်းပါပဲ” “ဒါက တစ်ပူပေါ် နှစ်ပူဆင့်ရုံတင်မကဘဲ၊ နှစ်ပူ သုံးပူလောက်ကို ဆင့်သွားတဲ့ အခက်အခဲဒုက္ခမျိုးလို့ ပြောလို့ရပါတယ်။ ရေကျသွားပြီဟေ့၊ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီဟေ့ ဆိုတာမျိုးက ရွာတိုင်းအတွက် မဖြစ်နိုင်တော့ဘူးလေ” ပြီးခဲ့တဲ့ ဩဂုတ်လက အထက်မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်အာဏာပိုင်တွေက သဖန်းဆိပ်ဆည်ကနေ ကြိုတင်အသိမပေးဘဲ ရေလွှတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ် သင့်ခဲ့ရပြန်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရေဘေးကြုံပြီးနောက် အညာမြေက တောထဲနဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေအကြောင်းကို တင်ဆက်ပေးမှာပါ။ -
အမေ့လျော့ခံ ကလေးငယ်များပညာရေး ကွက်လပ်ဖြည့်ကြသူများ Episode: 404 07.10.2026 12mစစ်ဘေးနဲ့ စီးပွားပျက်ကပ်ကြား အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် သန်းနဲ့ချီပြီး ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒီလို စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း မိမိရင်သွေးတွေကို ပညာအမွေ ပေးနိုင်ဖို့ အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် လူငယ်တွေ ဦးစီးတဲ့ စာသင်ဝိုင်းလေးတွေ ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလို မိသားစုတွေရဲ့ ရုန်းကန်ရမှုတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးနေတဲ့ ရန်ကုန်မြို့က ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းတွေအကြောင်း တင်ဆက်ပေးသွားမှာပါ။ -
From city to jungle: Yangon nurse opens clinic in war-torn Karenni State 28.09.2026 11mIn the remote mountains of Karenni State, a small clinic called the Guest Karenni Dispensary provides essential healthcare to people who are unable to access bigger hospitals. One of its founders, CDM nurse Ko Nway Oo Marn, spoke with Doh Athan about his five-year journey to establish the clinic and bring medical care to hard-to-reach areas. -
စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ် 23.09.2026 13mကရင်နီပြည်နယ်ရဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီဧည့်သည် ဆေးခန်းဆိုတဲ့ ဆေးပေးခန်းလေးရှိပါတယ်။ ဒီဆေးခန်းကို CDM သူနာပြု ကိုနွေဦးမာန်နဲ့ သူ့ရဲ့ပါတနာဖြစ်သူက စတင်တည်ထောင်ခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ လေကြောင်းအန္တရာယ်တွေကြားကနေ ပြည်သူတွေကိုဆေးကုသမှု လက်လှမ်းမှီစေဖို့ ကြိုးစားနေတဲ့ သူနာပြု ကိုနွေဦးမာန်ရဲ့ ငါးနှစ်တာ ဘဝဖြတ်သန်းရမှုတွေနဲ့ ကရင်နီတောတွင်းဆေးခန်း အကြောင်းကို ဒီတပတ်မှာ တင်ဆက်ပေးသွားမှာပါ။ -
သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ Episode: 403 23.09.2026 12mရှမ်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး အတွက်အဓိကကျတဲ့ တံတားတစ်စင်းဖြစ်တဲ့ သီပေါတံတားကို စစ်တပ်ဘက်က ပိတ်ထားတာ အခုဆို ၁ နှစ်နီးပါး ရှိလာပါပြီ။ တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီတံတားကို ပိတ်ထားတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ထိခိုက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ သီပေါတံတားပိတ်ထားတာကြောင့် ကြုံတွေ့နေရတဲ့ ရှမ်းမြောက်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကိုတော့ ဒို့အသံနဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေတို့ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရှမ်းမြောက် #သီပေါတံတား -
Freedom restored? Readjusting to life after prison Episode: 401 12.09.2026 11mFemale political prisoners in Myanmar suffer many difficulties while incarcerated, but being released also means facing new challenges, including readjusting to society, finding employment, and dealing with feelings of insecurity. -
မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402 09.09.2026 10m"အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..." အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ -
ထောင်တံခါးအလွန် - အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ Episode:401 02.09.2026 12m“ညဘက်အိပ်တဲ့အချိန်မှာ ထောင်ထဲကသူတွေကို အိပ်မက်မက်နေတုန်း။ မျက်လုံးပွင့်လာတဲ့အချိန် အိမ်က နံရံကိုမြင်မှ ထောင်မဟုတ်ပါလား ဆိုပြီး ပြန်သတိရရတဲ့ အချိန်ပေါ့။” အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်ပြီးခံစားနေကြရသလို တဆက်ထဲမှာလည်း ပြင်ပကမ္ဘာမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေဖို့အရေး ရုန်းကန်နေကြရပါတယ်။ -
အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400 19.08.2026 10mဒီတစ်ပတ်မှာတော့ 'ဒို့အသံ' ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။ 'ဒို့အသံ' အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။ စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။ -
Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက 06.08.2026 10m"အသိ မရှိတော့ဘူး။ နားတွေပင်း၊ မျက်စိတွေရဲသွားတယ်။ ကြောင်သွားတယ်။ ဘာကိုင်လို့ ကိုင်ရမယ်မှန်းမသိ။ အစက ကိုယ့်မိန်းမသေသွားတာတောင် မသိသေးဘူး။ နောက်တစ်ခေါက် နောက်ထပ်တစ်လုံးချဖို့ လာတော့ ပြေးရတာပဲ။ မဟုတ်ရင် ကျွန်တော်လဲ အဲ့နားမှာ သေမှာပဲ" ပြီးခဲ့တဲ့ ဇွန်လတတိယပတ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ(၈)ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပထမအကြိမ် ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ လမ်းမတော်ရွာအနီးတဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄)လုံး၊ ပေါင် (၃၀၀) ဗုံး (၁)လုံးနဲ့ Rocket သီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် လူနေအိမ်နဲ့ စျေးဆိုင်ခန်းအဆောက်အအုံ (၃၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် ဒို့အသံ ပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကနေတဆင့် တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရခိုင် #ကျောက်တော် #လေကြောင်းတိုက်ခိုက်မှု -
ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399 29.07.2026 10m“သုံးခါဖောရင် ရှောတယ်” ဒီစကားက ထောင်ထဲမှာ မကြာခဏကြားနေကြ စကားဖြစ်ပါတယ်။ ထောင်တွင်းအကျဉ်းသားအများစုဖြစ်လေ့ရှိတဲ့ ဖောချိရောဂါနဲ့ ပတ်သက်ပြီး ပြောကြတာပါ။ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဖောချိရောဂါဟာ အစာအဟာရလုံလောက်စွာ မစားရတဲ့အခါ ဗစ်တာမင် B1 ချို့တဲ့ပြီးဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။ ဒီရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမယ့် အချိန်မီမကုသရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ Podcast မှာတော့ ဖောချိရောဂါကြုံတွေခဲ့ရတဲ့ အကျဉ်းသားတွေရှိခဲ့တဲ့ အကျဉ်းထောင်ဆီခေါ်ဆောင်သွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ဖောချိရောဂါ #အကျဥ်းသား #beriberi -
ဘန်ကောက်မြို့လယ်က မောင့်မျက်ရည်ဝိုင်း 28.07.2026 11m🎶 ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ်...🎵 ဒီစာသားလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က တိုက်ခန်းတစ်ခုရဲ့ ကက်ဆက်ကနေ လွင့်ပျံထွက်လာပါတယ်။ တိုက်ခန်းထဲမှာတော့ နာမည်ကျော် လူကြိုက်များတဲ့အခွေတွေအပြင် ရှားပါးအခွေတွေနဲ့အပြည့်ပါပဲ။ ဒီစုဆောင်းမှုရဲ့နောက်ကွယ်က မြန်မာလူငယ် တိတ်ခွေဝါသနာရှင် ကိုရှိန်မင်းကိုထံကို ဒီ podcast ကနေတစ်ဆင့် ခေါ်ဆောင်သွားမှာပါ။ -
တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ Episode: 398 24.07.2026 15m“အရင်တုန်းကပျော်စရာကောင်းတဲ့ ဒီပတ်ဝန်းကျင်တွေပေါ့။ အရင်လိုပျော်ပျော်ရွှင်ရွှင်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ တချို့ကလည်းမနေချင်တော့ဘူးတဲ့၊ရွာပြောင်းမယ်၊ အဲဒီလိုမျိုးကြားရတာပေါ့နော်။” မေလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ရွာလုံးကို ရွာပျက်တစ်ခုသဖွယ် ပျက်စီးစေခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒါပေမယ့် ဆုံးရှုံးမှုကြီးမားခဲ့တဲ့ ကျန်ရစ်သူဒေသခံတွေအတွက် အိမ်အသစ်၊ ခေါင်မိုးအသစ်တွေဟာ ပျက်စီးသွားတဲ့ လူမှုအသိုက်အဝန်းနဲ့ စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်ပါ့မလားဆိုတာ မသေချာနေပါဘူး။ ဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ ကောင်းတပ်ရွာအကြောင်း ဒီတစ်ပတ်ဒို့အသံအစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ -
ခေတ်ဆိုးထဲက မိဘတို့ရဲ့ ပညာရေးအမွေပေးရေး သောက Episode :397 06.07.2026 13mကလေးတစ်ယောက်က သူပညာတတ်ရင် သူ့ရွေးချယ်ခွင့် မြို့ပြ ကျောင်းမှာပဲနေနေ၊ NUG အစိုးရရဲ့ ပညာသင်ဌာနမှာသင်သင်၊ နိုင်ငံတကာ ကျောင်းတွေမှာ အင်တာနက်တွေက တဆင့် သင်သင်၊ဒါက သူ့ရဲ့ ရွေးချယ်ခွင့်လို့ ကျွန်တော်တို့က ရှုမြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေကြတဲ့ ကျောင်သားတွေကို အထူးအစီအစဉ်နဲ့ ကျောင်းပြန်တက်ရောက်နိုင်တယ်လို့ ဒီနှစ်စာသင်နှစ်မှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် NUG ပညာရေးအောက်မှာ သင်ကြားနေကြတဲ့ အညာဒေသက ကျောင်းသားတချို့ စစ်ကော်မရှင်လက်အောက်ခံ စာသင်ကျောင်းတွေဆီကို ပြောင်းရွှေ့တက်ရောက်သွားကြတာတွေလည်း ရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းပြောင်းရွှေ့ကြတာကလည်း အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား ကျောင်းပြောင်းရွှေ့ရေး မရွှေ့ရေး သဘောထားအမျိုးမျိုးကွဲပြားမှုတွေရှိလာပါတယ်။ ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာ ကလေးပညာရေးအတွက် ကျောင်းသားမိဘတွေရဲ့ ရွေးချယ်မှု၊ စိုးရိမ်မှု စိတ်ခံစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။ -
Sagaing ground situation 26.06.2026 14mကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲအပြီးမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ စစ်ကိုင်း-ကချင်အစပ်က ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်ထဲက မြို့တွေကိုလည်း လေကြောင်းက တစ်ဖုံ၊ မြေပြင်က တစ်မျိုး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။ တော်လှန်ရေးတပ်တွေ သိမ်းယူထားခဲ့တဲ့အင်းတော်၊ မော်လူးမြို့တွေကို ဧပြီနဲ့မေလတွေမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း အတွင်းပိုင်းဒေသတွေဖြစ်တဲ့ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့ရွာတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းဒေသ၊ ကလေးကဘော် ချိုင့်ဝှမ်းဒေသ၊ ခမ်းပတ်၊ တမူးမြို့တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကိုင်းတိုင်းတွင်းက တရုတ်စီမံကိန်းတွေနဲ့ဆက်စပ်ဒေသတွေနဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းပိုင်းတွေကို အဓိက ထိုးစစ်တွေလုပ်ဆောင်နေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့နဲ့ ခြေကုပ်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမယ်လို့ ယူဆကြပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်သစ်လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဗျူဟာ အလှည့်အပြောင်းတွေက ဘာလဲ။ စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #စစ်ကိုင်းထိုးစစ် #အင်းတော် #မော်လူး #စစ်ကိုင်း-ကချင်စစ်ရေး #စစ်ဗျူဟာ #ကာကွယ်ရေးဦးစီးချုပ်သစ် -
တရားဝင်လုပ်သားတွေရဲ့ ပြည်ဝင်ထွက်ခွင့်အခက်အခဲ: (သို့) OWIC ပေးတဲ့ သောက Episode: 396 13.06.2026 19m“ဒီက ဂျပန်တွေကို ငါတို့နိုင်ငံပြန်ဖို့အတွက် ငါ့ကို ခွင့်စာပေးပါလို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်နိုင်ငံပြန်တာကို ဒီခွင့်စာ လိုအပ်လားလို့မေးတယ်။” အထောက်အထားအပြည့်အစုံနဲ့ ကိုယ်မွေးဖွားရာတိုင်းပြည်ကိုပြန်ဖို့ အခက်ကြုံဖူးပါသလား။ ပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လက်ရှိမှာ မြန်မာပြည်ပြန်ဖို့ရာ အခက်ကြုံနေရပါတယ်။ ပြည်ပရောက်လုပ်သားတွေ လုပ်ငန်းခွင်က ခွင့်ရရှိတဲ့အခါ အလည်အပတ် ဒါမှမဟုတ် အရေးပေါ် မိသားစုကိစ္စ စတာတွေအတွက် မြန်မာပြည်ကို ခေတ္တ ပြန်လာလေ့ ရှိပါတယ်။ အဲဒီလို ပြန်လာကြသူတွေ ခွင့်ရက်စေ့တဲ့အခါ မြန်မာပြည်က ပြန်လည် ထွက်ခွါခွင့် မရလို့ လနဲ့ ချီ ပိတ်မိနေကြပြီး အလုပ်အကိုင် ဆုံးရှုံးရသူတွေတောင် ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေရဲ့ ပြည်ဝင်ထွက်ခွင့် အခက်အခဲတွေနဲ့ OWIC ကတ်က ပေးတဲ့ သူတို့သောကတွေကို တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #OWICကတ် #ရွှေ့ပြောင်းမြန်မာအလုပ်သမားများ #အလုပ်သမားအခွင့်အရေး -
Anyar’s ashes: Victims of village burnings grow weary of displacement Episode: 395 06.06.2026 13mMyanmar’s central Dry Zone, also known as Anyar, has borne the brunt of the military regime’s widespread practice of burning villages and destroying food sources, a campaign that locals in Sagaing Region say is aimed at weakening people’s resilience and reducing support for the resistance. #DohAthan #FrontierMyanmar #Sagaing #Anyar #burninghome #military #ArmedResistance
Popular in
The podcast also appears in the podcast charts of these countries.