Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန

Insight Myanmar
Country Myanmar
Language MY
Episodes 38
Latest 22.04.2026

ဤ podcast သည် မြန်မာနိုင်ငံ၏ တော်လှန်ရေးများနှင့် ခေတ်သစ်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးသည်။ ဘာသာရေး၊ လူမျိုးစုများ၊ ပြည်တွင်းစစ်များနှင့် ရှေးရိုးစွဲအစဉ်အလာများကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုများကို လေ့လာသည်။ အမျိုးမျိုးသော အမြင်များကို စုစည်း၍ ငြိမ်းချမ်းသော ခေတ်မီမြန်မာနိုင်ငံတည်ဆောက်ရေး လမ်းကြောင်းကို ပံ့ပိုးရန် ရည်ရွယ်သည်။

Episodes

  • Episode #38: နိုင်ငံတစ်ခု၏ ပြောင်းလဲမှုအလယ်မှာ
    Episode #38: နိုင်ငံတစ်ခု၏ ပြောင်းလဲမှုအလယ်မှာ 22.04.2026 1h 6m
    ဤအပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်ပြောင်းလဲနေသော အကျပ်အတည်းကို လေ့လာတင်ပြထားပြီး၊ စစ်ပွဲ၏ ဖွဲ့စည်းပုံဆိုင်ရာ လှုပ်ရှားမှုများနှင့် လူသားဘဝအပေါ် သက်ရောက်မှုများကိုပါ အလေးပေး ဆွေးနွေးထားပါသည်။ တစ်နိုင်ငံလုံးအနှံ့ ဆက်လက်တည်ရှိနေသော မတည်ငြိမ်မှုများကို ဆန်းစစ်လေ့လာထားပြီး၊ အထူးသဖြင့် တောင်ပိုင်းရှမ်းပြည်နယ်တွင် ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှေ့တန်းအပြောင်းအလဲများနှင့် အာဏာထိန်းချုပ်မှု ကွဲပြားမှုများအကြား၊ ရေရှည် မလုံခြုံသည့် ပတ်ဝန်းကျင်တစ်ခု ပေါ်ပေါက်လာနေသည်ကို ဖော်ပြထားပါသည်။ထို့အပြင် စစ်ကောင်စီမှ အစီအစဉ်ထားသော ရွေးကောက်ပွဲကိုလည်း ဝေဖန်သုံးသပ်ထားပြီး၊...
  • Episode #37: မရေရာမှုများကြားက နိုင်ငံ
    Episode #37: မရေရာမှုများကြားက နိုင်ငံ 11.04.2026 1h 7m
    မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု ၅ နှစ်ကြာမြင့်လာသည်အထိ အခြေအနေတည်ငြိမ်ခြင်းမရှိသေးဘဲ ပြည်သူများ၏ နေထိုင်မှုဘဝ၊ လုံခြုံရေးနှင့် အနာဂတ်အလားအလာတို့မှာ မရေရာနေဆဲဖြစ်သည်။မန္တလေးတိုင်းအပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ၊ လှုပ်ရှားမှုများနှင့် လူရွှေ့ပြောင်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး ယင်းအခြေအနေများကြောင့် လူမှုအသိုင်းအဝိုင်းများသည် နေရပ် ပြောင်းရွှေ့ရခြင်း၊ လုံခြုံရေးအတွက် ကိုယ်တိုင်ဖြေရှင်းရခြင်းများကို လုပ်ဆောင်နေရသည်။ ဒေသခံများအတွက် နေ့စဉ်ဘဝသည် အန္တရာယ်နှင့် မသေချာမှုတို့ကြားတွင် တည်ရှိနေသည်။တစ်ဖက်တွင်လည်း လူငယ်များနှင့် ပြည်သူများသည် အမျိုးမျိုးသော လှုပ်ရှားမှုများမှတစ်ဆင့် မိမိတို့၏အသံကို ဖော...
  • Episode #36: အာဏာရှင်ရွေးကောက်ပွဲနှင့် ပြည်သူ့မျက်ရည်
    Episode #36: အာဏာရှင်ရွေးကောက်ပွဲနှင့် ပြည်သူ့မျက်ရည် 05.04.2026 1h 25m
    လူဦးရေ သန်း ၅၀ ကျော်တဲ့ မြန်မာပြည်သူတွေဟာ ကမ္ဘာ့ကပ်ရောဂါရဲ့ နောက်ဆက်တွဲဒဏ်ကိုသာမက၊ မတရားစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးမှုတွေကိုပါ ခါးစည်းခံစားနေကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေကြားက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ" ကို အတင်းအကျပ် ဖန်တီးပုံဖော်လာခဲ့ကြပါတယ်။ဒီနေ့ Podcast အပိုင်းမှာကတော့...စစ်အာဏာရှင်တို့ရဲ့ ရွေးကောက်ပွဲကို အများပြည်သူက ဘာကြောင့် တရားမဝင်တဲ့ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်နေကြပါသလဲ?လက်ရှိ မြန်မာပြည်အနှံ့မှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို ဖိနှိပ်ခြိမ်းခြောက်မှုတွေ ဖြစ်ပွားနေပါသလဲ?ပြည်သူတွေရဲ့ ရင်ထဲမှာ အမှန်တကယ် မ...
  • Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ
    Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ 10.01.2024 50m
    မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန်များကြောင့် ကဏ္ဍပေါင်းစုံများစွာ ဆုတ်ယုတ်ခဲ့ရသည်။ နိုင်ငံအ‌တော်များများကို စိုက်ပျိုးရေးကဏ္ဍဖြင့် လေ့လာဆည်းပူးခဲ့သော သူမသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အခွင့်အလမ်းများစွာကို ဖန်တီးချင်ခဲ့သည...
  • Episode #34: ခိုင်မာသော နှလုံးသားနှင့် လေးစားထိုက်သော မိခင်
    Episode #34: ခိုင်မာသော နှလုံးသားနှင့် လေးစားထိုက်သော မိခင် 25.11.2023 51m
    သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု စတင်ချိန်တွင် သူမ၏ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်တော့သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာများကို သူမ ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့် ဆန္ဒပြပွဲများကို အားသွန်ခွန်စိုက်ပါ၀င်ရင်း သူမ ရှာဖွေစုဆောင်းထားသမျှကို နွေဦး တော်လှန်ရေးအတွက် ပုံအောခဲ့တော့သည်။ ဆရာမသော်ဟာ လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးကို အားသွန်ခွန်စိုက...
  • Episode #33: စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါမှ
    Episode #33: စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါမှ 06.09.2023 45m
    လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက လူငယ်တစ်ဦး။ သူ့အိပ်မက်တွေအကောင်အထည်ဖော်နေသော်လည်း အာဏာသိမ်းမှုဖြစ်လာသည့်အချိန်တွင် တုံ့ဆိုင်းမနေ။ ရသည့်နည်းဖြင့် ဆန္ဒပြသည်။ သို့သော် စစ်ကောင်စီက အလွတ်မပေး၊ အင်းစိန်ထောင်နန်း စံရတော့သည်။ ထောင်တွင်းနေ့ရက်တွေကို စိတ်အားမငယ်၊ ပညာပင် ရသေးသည်ဟု သူဆိုသည်။ ငါးလကြာ၊ ပြန်လွတ်လာပြီး ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေအတွက် စာအုပ်၊ရိက္ခာ၊ လိုအပ်ရာရာတွေ သူပို့သည်။ ရည်ရှည်ရပ်တည်န...
  • Episode #32: လူထဲက လူ
    Episode #32: လူထဲက လူ 24.07.2023 1h 1m
    LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ။ သူမ ပေးတဲ့ သင်တန်းတွေကနေ တဆင့် မိမိကိုယ်မိမိ လက်ခံသွားနိုင်တဲ့သူတွေ၊ ကိုယ့်ဘ၀ကိုယ် ယုံကြည်တတ်သွားသူတွေ မနည်း။ သူ့အမည်ကား ပိုင်။ အမျိုးသမီးချင်း စိတ်၀င်စားသူတစ်ယောက်အဖြစ် မိမိကိုယ် မိမိ လက်ခံခဲ့သူ၊ ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးလုနီးပါးအထိ ဆန္ဒပြခဲ့သူ၊ ပုံမှန်လမ်းပြန်လျှောက်ဖို့ တစ်နှစ်ကျော်ကြာ ကြိုးစားခဲ့ရသူ အခက်အခဲများစွာကို မေတ္တာဖြင့် ကျော်ဖြတ်ခဲ့သူတစ်ယောက်၏ ဘ၀အကြောင်း။တော်လှန်ရေးအပေါ် မျှော်လင့်ချက်ကြီးသော လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ပြည်သူ တစ်ယောက်ချင်းစီတိုင်းကို ရသင့်ရထိုက်သော အခွင့်အရေးတိုင်း ရစေချင်သော သူမ။ ဘ၀ရည်မှန်းချက်ကို နည်းပြကောင်းတစ်ယောက်...
  • Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး
    Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး 02.06.2023 48m
    ၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။ ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ။ ဘာသာ သာသနာကို ခုတုံးလုပ်တတ်သော စစ်အာဏာရှင်၏ ကြောင်သူတော်မျက်နှာဖုံးကို ခွါချပေးနိုင်ခဲ့သောသူ။ပြည်သူလူထု၏ အခက်အခဲနှင့် ဆင်းရဲမွဲတေမှု မြစ်ဖျားခံရာသည် စစ်အာဏာရှင်စနစ်ဖြစ်သည်ကို ပိုမိုထင်ရှားအောင် ထောက်ပြပေးနိုင်ခဲ့သော ရွှေဝါရောင် အရေးအခင်း၏ ဦးဆောင်သူ ဥူးဂမ်ဘီရ။လက်ရှိ နွေဦးတော်လှန်ရေးအပေါ် နိုင်သမျှ ၀န်ထမ်းရင်း သူ၏အတွေ့အကြုံ၊ သုံးသ...
  • Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍
    Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍ 11.05.2023 1h 10m
    ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍ ရှေ့ဆက်ရဲသူ။ တော်လှန်ရေးဆိုသည်မှာ ကိုဗစ်တာနဲ့ မစိမ်း။ ငယ်ငယ်ကတည်းက တော်လှန်ခြင်းနှင့် ရင်းနီးခဲ့ရပြီး ရပ်တည်ချက်ခိုင်မာသူ။ ထိုသို့သော ဆရာ၀န်တစ်ယောက်၏ တော်လှန်ရေးခရီးကြမ်းကား မချော။ ဆေးရုံက လှည့်မကြည့်၊ Blacklist အသွင်းခံရသော်လည်း သူမမှု။ ရသမျှအားနှင့် ရှေ့ဆက်သည်။ သူ့ပါတနာနှင့်အတူ ကယား(ကရင်နီ) ဖက်ကို တော်လှန်ရေး ခရီးရှည် ဆက်ခဲ့ရသည်။ သူ၏ တောတွင်းအတွေ့အကြုံများကား အိမ်မက်ဆ...
  • Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော်
    Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော် 18.03.2023 39m
    ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ ရသမျှရှေ့ဆက်ရင်း နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရသည်။ သို့သော် သူရသမျှ အိမ်နှင့်အတိုက်အခံလုပ်ကာ ရှေ့သို့ပို့သည်။ ရှာသမျှ မလောက်၊ စိတ်၀င်တစား မေးမိသည်။ သူ့အဖြေကား မိမိအနာဂါတ်အပါအ၀င် အနာဂါတ်ပေါင်း များစွာအတွက် ရင်းနှီးမြုပ်နှံမှုလုပ်သည်ဟု ဆိုသည်။ ဆီရဆီ၊ဆန်ရဆန်၊ ရသမျှ အကုန်ပို့ပေးသည်။ လက်တွဲဖော်ကောင်းနှင့်လည်း ဆုံ၍ စိတ်တူကိုယ်တူ အပြိုင်အဆိုင် ပံ့ပိုးကူညီကြသည်။...
  • Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂)
    Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂) 16.02.2023 54m
    ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။ Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။ ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကောက်သူတွေ ရှိခဲ့ပါတယ်။ ယခုကာလမှာဆိုရင် ပိုလို့တောင် များပါသေးတယ်။ အဲ့လို လူတွေဟာ အခုဆို ကောင်းကင်မှာ တရှိန်ထိုးတောက်ပနေတဲ့ ကြယ်တွေ မကြွေစေဖို့အရေး နိုင်ရာတာ၀န်ကို မျှထမ်းနေကြပါတယ်။ ရှိသမျှ ရှာထားသမျှတွ...
  • Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁)
    Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁) 29.01.2023 1h 4m
    ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သူတဦး။ ဆရာဇင်ဇေလွင်ဟာ တချိန်က စစ်ကောင်စီကို ဆွေးနွေးညှိုနှိုင်းပြီး တရားမ၀င် အာဏာသိမ်းမှုကို အဆုံးသတ်နိုင်သည်ဟု ယုံကြည်ဖူးသည်။ ကိုယ့်ဘ၀ကိုယ် ပြောင်းလဲနိုင်စွမ်းသည် အစိုးရတွင် မရှိဘဲ မိမိကိုယ်တိုင်တွင်သာ ရှိသည်ဟု လက်ခံပြီး ဘ၀ကို ရုန်းကန်တည်ဆောက်ခဲ့သူမို့ ကိုယ့်စိတ်ဖြင့် စစ်တပ်ကို နှိုင်းပေးခဲ့သည်။ သို့သော် သူမျှော်လင့်ထားသလောက် မြန်မာစစ်တပ်တွင် အတွေးအခေါ် အမျ...
  • Episode #26: အနုပညာသမားတစ်ယောက်၏ အမုန်း
    Episode #26: အနုပညာသမားတစ်ယောက်၏ အမုန်း 17.01.2023 54m
    သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရှက်တတ်ပြီ။ ကိုနစ်ကီ စစ်သင်တန်းတက်သည်။ စစ်လက်နက်တပ်ဆင်ရေးလုပ်သည်။ နည်းပညာသမားပီပီ နည်းပညာအကူအညီပေးသည်။ လက်ရှိအချိန်တွင် နိုင်သမျှ အကုန် ကြုံးလုပ်ရင်း စစ်အာဏာရှင် အမြစ်ဖြတ်ပွဲကို ပါ၀င်နေသည်။ ရေပေါ်ဆီသူငယ်...
  • Episode #24: မျိုးစေ့မှန်၊ အပင်သန်ချင်သော်လည်း
    Episode #24: မျိုးစေ့မှန်၊ အပင်သန်ချင်သော်လည်း 25.12.2022 48m
    ကိုထက်၊ စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက်။ ထိုဘွဲ့ကို လွယ်လွယ်နဲ့ ရသည်မဟုတ်။ ကျန်းမာရေးမကောင်းတဲ့ အဖေ ကားထွက်ပြီး အမကြီး အလုပ်လုပ်၊ အမေက ချွေချွေတာတာဖြင့် ပံ့ပိုးပြီး သူရခဲ့သော အင်ဂျင်နီယာဘွဲ့။ နည်းပညာကို စိတ်၀င်စားပြီး စာဖတ်ခြင်းနဲ့ ဂီတကို ခုံမင်သော ကိုထက်။ ဦးသိန်းစိန်၊ အမေစု ဒီမိုကရေစီ အစိုးရလက်ထက်များတွင် ၀င်ရောက်လာသော နိုင်ငံခြား telecom company တခုတွင် မဆိုးလှသော လစာနှင့် လုပ်ငန်းအတွေ့အကြုံရသည်။ သို့သော် သူအိပ်မက်တွေ ကြာကြာမက်ခွင့်မရှိ။ COVID နှင့် အာဏာသိမ်းမှုက အကုန် ဖျက်ဆီးသွားသည်။ ကင်ဆာသည် မိခင်က မကောင်းတဲ့ခေတ်ကာလကို မရောက်ခင် အားလုံးကို နှုတ်ဆက်ထွက်ခွါသွားသည်။ ထို့နောက် စစ်အာဏာရှင်၏ အာဏ...
  • Episode #25: စကားပြောသော ဓာတ်ပုံများနှင့် ဖန်တီးပုံဖော်သူ
    Episode #25: စကားပြောသော ဓာတ်ပုံများနှင့် ဖန်တီးပုံဖော်သူ 23.12.2022 56m
    သူမအမည်ကား ငြိမ်း။ အမည်နာမက ငြိမ်းဆိုပေမယ့် သူမကား တဇွတ်ထိုးသမား။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူ၊ ရည်ရွယ်ချက်ကို လက်မလျော့တတ်သူ။ သူမ၏ စိတ်ပိုင်းဖြတ်မှုဖြင့် မိဘပြောသော ဆရာ၀န် အင်ဂျင်နီယာဆိုသော ဘ၀တွေကို မျက်ကွယ်ပြုပြီး photo Journalist ဘ၀ထဲကို ခုန်၀င်ခဲ့သည်။ သူမ ဘ၀ကို ပုံမှန်ဖြတ်သန်းနေရသော်လည်း သူမခုံမင်သည်။ မငြိမ်း မမြင်သည်ကား သူမကို စောင့်ကြိုနေသော ဘ၀လှည့်ကွက်များ သမိုင်းဓာတ်ပုံများ။ သူမပြောပြသည်ကား " ကျမကိုယ်ကျမ စစ်ထဲမှာ သတင်းယူရသလို ဓာတ်ပုံတွေရိုက်ရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပါဘူး၊ အခုက တကယ့် စစ်ပွဲထဲရောက်နေသလိုပဲ။ ပြဿနာက တဖက်က လက်နက်နဲ့၊တဖက်က လက်နက်မဲ့"။ အမှတ်တရမဖြစ်ချင်သော အမှတ်တရ...
  • Episode #23: အလှတရားများပေါင်းစုရာ၊ သို့မဟုတ် ဒုက္ခ ပင်လယ်ဝေရာ နေရာ
    Episode #23: အလှတရားများပေါင်းစုရာ၊ သို့မဟုတ် ဒုက္ခ ပင်လယ်ဝေရာ နေရာ 13.12.2022 1h 16m
    ကိုဒေးဗစ်၏ မွေးရပ်မြေကား ချင်းပြည်နယ်။ အလွန်လှသော ပတ်၀န်းကျင်နှင့်အလွန်ရိုးသားကြိုးစားသော လူများရှိရာနေရာ။ စား၀တ်နေရေးအတွက် မွေးမြူရေး၊စိုက်ပျိုးရေးကို တစိုက်မတ်မတ် အားကြိုးမာန်တက် လုပ်ကိုင်ကြပြီး ပညာရေး၊ ကျန်းမာရေးကို ခက်ခက်ခဲခဲ ကြိုးစားကြရသော နေရာ။ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနိုပ်မှုကို ခါးစီးခံပြီး ဘ၀ကို ခက်ခက်ခဲခဲ အသက်မွေးရသော နေရာ။ ကိုဒေးဗစ်ဟာ သူ့ဘ၀ကို အရှုံးမပေး၊ ဆရာ၀န်တစ်ယောက်ဖြစ်လာသည်အထိ ရုံးကန်ခဲ့သည်။ ထို့နောက် မွေးရပ်မြေကို ပြန်ပြီးအလုပ်အကျွေးပြုသည်။ ကျန်းမာရေး ပညာရေး ချို့တဲ့သော သူ့လူမျိုးတိုးတက်ရေးအတွက် အလွန်ကြိုးပမ်းအားထုတ်နေသူလည်း ဖြစ်ပါတယ်။လက်ရှိတော်လှန်ရေးမှာ ချင်းတောင်တန်းဒေသဟာ စစ်...
  • Episode #22: အရိုးရှင်းဆုံးသော အဖြေနှင့် ရှုပ်ထွေးသော ‌တော်လှန်ရေးပုစ္ဆာ
    Episode #22: အရိုးရှင်းဆုံးသော အဖြေနှင့် ရှုပ်ထွေးသော ‌တော်လှန်ရေးပုစ္ဆာ 09.12.2022 55m
    ပြည်သူ့၀န်ထမ်းဘ၀ကို နှစ်ချိုက်သူ၊ မြန်မာပြည်၏ ၀န်ထမ်းများ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်ကြိုးပမ်းခဲ့သော သူမ၊ စစ်အာဏာသိမ်းမှုနှင့်အတူ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသော သူမ။ သူမအကြောင်းကို နားထောင်ရင်း အားလျော့ အားပျော့သံမကြားရ၊ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုသာ ပေးသော သူမ။ မကြာဖြူဟူသော အမည်ဖြင့်လိုက်ဖက်အောင် ကြိုးစားရင်း CDM ၀န်ထမ်းဘ၀ကို ကျေကျေနပ်နပ်ခံယူထားရင်း တော်လှန်ရေးခရီးကို တရွေ့ရွေ့ဆက်နေသည်။ သူမပြောသည် " ထောင်ထဲမှာ မျှော်လင့်ချက် တပွေ့တပိုက်ဖြင့် ‌စောင့်နေသူတွေ လူမျိုးစုံ၊ ပြည်သူမျိုးစုံ။ ကျမတို့နိုင်မှ ဖြစ်မည်" ဟုဆိုသည်။ စစ်ကိုင်း၊ကရင်နီ၊ ချင်းတို့ဌာနီမှစလို့ အဝေးရောက် CDM များ ခံစား...
  • Episode #21: နိုင်ငံ့အရေးနှင့် စာပေယဉ်ကျေးမှု
    Episode #21: နိုင်ငံ့အရေးနှင့် စာပေယဉ်ကျေးမှု 27.11.2022 51m
    သူ့အမည်က Kenneth Wong။ မြန်မာစာ‌ပေ လေ့လာနေကြသော နိုင်ငံခြားသားများ ကျောင်းသားများအတွက် မစိမ်းသော အမည်ဖြစ်ပေမယ့် မြန်မာပြည်ထဲက မြန်မာပြည်သားများအတွက် စိမ်းနေသေးသည်။ ကျတော်တို့အများစုက စစ်အာဏာရှင်တော်လှန်ရေးကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်ကို ခပ်စိတ်စိတ် တွေးမိ စဉ်းစားမိဖြစ်လာတတ်ပါတယ်။ ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပြည်သူများစွာက အတွင်းရော အပြင်မှာပါ အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာကို သတိရဖို့အရေးကြီးပါတယ်။ ဆရာကန်နပ်ဝေါင်ဟာ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေးအတွက် တဖက်တလမ်းကနေ ကြိုးစားနေတဲ့ ဘာကလေတက္ကသိုလ်က မြန်မာစာဆရာတစ်ယောက်ဖြစ်ပါတယ်။ ၈၈ ကာလမှာ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံ၌ ခိုလ...
  • မြို့ပြစစ်ဘေး သက်မရွေး
    မြို့ပြစစ်ဘေး သက်မရွေး 22.11.2022 38m
    Episode #20: ကရင်တိုင်းရင်းသူ အမိုးဖေါ။ သူမကား ပညာတတ်တစ်ယောက်။ ၈၈ မတိုင်ခင်က ပညာတတ်ရှားသည်။ တော်ရုံသူ ဆယ်တန်းမအောင်။ သို့သော် သူမ မိဘကံကောင်းသည်။ ငယ်စဉ်ကပင် ရန်ကုန်ရောက်ပြီး ပညာရေးကို ကြိုးစားခဲ့သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီး သာယာသော မိသားစုနှင့်သူမ။ မင်းအောင်လှိုင် အာဏာမသိမ်းခင်အထိ အကုန် အဆင်ပြေသည်။ သို့သော် စစ်အာဏာရှင်၏ စနက်ကို မည်မှ ပြေးမလွတ်၊ အကုန် ခါးစည်းခံကြရသည်။ သူမ၏ သားတစ်ယောက် သမီးနှစ်ယောက် သုံးယောက်လုံး ဆန္ဒပြပွဲတွင် ရှေ့ဆုံးက ပါသည်။ သမီးကြီးက ပိုဆိုးသည်။ သမဂ္ဂဥက္ကဌဖြစ်သင့်အပြင် စစ်သင်တန်းပါ သွားတက်သေးသည်။ ဤသို့ဖြင့် အိမ်၊ကား၊နေရာ အကုန်စွန့်ပြေးရတော့သည်။ သားသမီးများအတွက် အကုန် ပြင်ဆင်ပေ...
  • Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ
    Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ 22.10.2022 21m
    ကိုတေဇာဆန်းဟု ဆိုလျှင် တန်းမြင်ရမည်ကား သူ့အပြုံး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အရာရာကို နှိုင်းယှဉ်သုံးသပ်တတ်သူ။ အမှန်တရားအတွက်နှင့် အများအကျိုးရှိမည်ဆိုလျှင် သူ့ပညာရေး စီးပွားရေးက ဒုတိယ။ ထို့သို့သော စိတ်စေတနာတွေကြောင့် စစ်ကောင်စီ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းမှ ခဏခဏ လွတ်သူ။ မြန်မာပြည်အနှံ ခြေဆန့်ပြီး ဘ၀များစွာနဲ့ ထိတွေ့နေသူ။ သူ၏ ခံယူချက်၊ အတွေးအမြင်များနှင့် လုပ်ဆောင်ချက်များက လေးစားစရာကောင်းသည်။ ပိုမိုလေးစားရသည့်အကြောင်းကား သူ၏ နိမ့်ချတတ်မှု။ စကားပြောယဉ်ကျေးသည်။ ပွင့်လင်းသည်။ သူ့၏စိတ်ဓာတ်ကို စကားပြောကြည့်လျှင် သိနိုင်သည်။ ပြည်သူအများ စိတ်၀င်စားလျက်ရှိသော NUCC ၏လုပ်ဆောင်ချက်များကို တစေ့တစော...

Popular in

The podcast also appears in the podcast charts of these countries.