Mattzolic
Matthias Zo Hlun
0
Mattzolic သည် Matthias Zo Hlun နှင့် Catholic ကို ပေါင်းစပ်ထားသော ပါဒ်ကတ်စ်ဖြစ်သည်။ ကက်သလစ်အသင်းတော်၏ ဝိညာဉ်ရေးရာနှင့် ဗဟုသုတများကို မျှဝေပေးသည်။ "ယုံကြည်ပြီးနားလည်၊ နားလည်ပြီးယုံကြည်" ဆိုသော အတွေးအခေါ်ကို အခြေခံထားသည်။ Mattz ကို God's Influencer အဖြစ် ဖော်ပြထားပြီး စိန့်အစ်နေးရှပ်၊ စိန့်မာသီးယပ်စ်၊ စိန့်မာသာထရီဇာနှင့် စိန့်ကားလိုအာကူးတစ်တို့ကို ဆုတောင်းပေးရန် ဖိတ်ခေါ်ထားသည်။
Episodes
-
မစ္ဆားတရားကသမ္မာကျမ်းစာထဲမှာပါသလား 28.01.2026 34mအားလုံးပဲ မင်္ဂလာပါ ဒီတစ်ပတ် အွန်လိုင်း လူငယ် အစီစဉ်မှာတော့ ယေဇူးအသင်း (ဂျက်ဇွစ်)ဘုန်းတော်ကြီး ဖြစ်တဲ့ Fr. P. V. Joseph Buan Sing, SJ ကနေ '' Is the Holy Mass in the Bible?'' - မစ္ဆားတရားကသမ္မာကျမ်းစာထဲမှာပါသလားဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်လေးနဲ့ လူငယ်တွေကို မျှဝေ ပို့ချပေးသွားတာ ဖြစ်ပါတယ်.... ကက်သလစ် လူငယ် မောင်မယ်များရဲ့အသိပညာ၊ ဗဟုသုတများ ကြွယ်ဝလာဖို့အတွက် ရည်ရွယ်ပြီး အထူး အစီအစဉ်တွေကို RCY Online Mission( RC Youth), Salesian Youth Movement, နှင့် Jesuit Youth Ministry ( Magis Myanmar )အဖွဲ့တို့ကနေ ဦးဆောင်ပြီးတော့ သောကြာနေ့ ညတိုင်း ပြုလုပ်ပေးလေ့ ရှိပါတယ်.... ဒါကြောင့်မို့ လူငယ်မောင်မယ်များအားလုံးနှင့် စိတ်ဝင်စားသည့်မည်သူမဆို ပါဝင်တက်ရောက်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ် အပ်ပါတယ်....မိမိကိုယ်တိုင် မပါဝင်နိုင်ရင်လည်းဘဲ မိမိရဲ့ အသိမိတ်ဆွေသူငယ်ချင်းများအတွက် ဒီပိုစ့်လေးကို မျှဝေပေး သွားပါဦးနော်.. -
အာဒ်ဝင်းတူး ဆိုတာဘာလဲ || Advent 02.12.2025 9mအာဒ်ဝင်းတူး ဆိုတာဘာလဲ|| Advent ဒီတစ်ခါမှာ အာဒ်ဝင်တူးအကြောင်းလေးကို ဝေမျှပေးခြင်းဖြစ်ပါသည်။အာဒ်ဝင်တူးဆိုတာဘာလဲ။ဘာအတွက်လဲ။#podcastmyanmar #ကက်သလစ်ဘာသာ #ဘာသာရေး #myanmar #burmese #အာဒ်ဝင်တူး#အာဒ်ဝင်တူးကာလVisit me @: https://linktr.ee/hesa2024 -
လူဖြစ်လာရခြင်း|| ဝိညာဥ်ရေးရှုထောင့်မှဝေမျှခြင်း || Principle & Foundation 16.11.2025 7mလူဖြစ်လာရခြင်း|| ဝိညာဥ်ရေးရှုထောင့်မှဝေမျှခြင်းဘုရားသခင်လူသားတွေဖန်ဆင်းတာ ရည်မှန်ချက်နှင့် ပန်းတိုင်ရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ မိမိကိုယ်ကိုမေးရဖို့ မေ့တတ်ကြတယ်။ St. Ignatius of Loyolaရဲ့ Principle and Foundation လေးကို ပြန်လည်ထောက်ရှုဝေမျှတာဖြစ်ပါတယ်။ #ကက်သလစ်ဘာသာ #ကက်သလစ်အသင်းတော် #podcastmyanmar #ဘာသာရေး #podcast#အသိပညာပေး #podcast #ယုံကြည်ခြင်း -
အမြင်မှားနေကြသော ဟာလိုဝင်း (Halloween)အကြောင်း 29.10.2025 6mအမြင်မှားနေကြသော ဟာလိုဝင်း (Halloween)အကြောင်းကို ကက်သလစ်ယုံခြင်းရှုထောင့်မှဝေမျှပေးသွားတာဖြစ်ပါတယ်။ အာလုံးကိုကျေးဇူးတင်ပါတယ်။ #halloween#halloween2025#ဟာလိုဝင်း#မြန်မာဘာသာ#ဘာသာရေး -
နိုဗီနာမေတ္တာ(Novena) ဆိုတာဘာလဲ။ 27.10.2025 9mနိုဗီနာမေတ္တာဆိုတာ ဘာလဲ နိုဗီနာအကြောင်းလေးကို ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။ လာရောက်အားပေးလို့ အထူးကျေးဇူးတင်ပါတယ်။ အကြံညံလေးတွေလည်းပေးခဲ့ပါအုံး။ God bless you all #ကက်သလစ်ဘာသာ #podcast #ကက်သလစ်အသင်းတော် #နိုဗီနာမေတ္တာ #နိုဗီနာ#ဆုတောင်းခြင်း#ဘာသာရေးExplore th -
သြတ္တပ္ပစိတ် ဆန်းစစ်ဆုတောင်းခြင်း (Examen) 05.10.2025 17mမိမိအသက်သာမှာ ဘုရားရှင်း၏အမြဲတည်ရှိခြင်းနှင့်သူ့ကျေးဇူးတော်တွေအမြဲရရှိခြင်းသိရှိနိုင်အောင် ဝိညာဥ်ရေးဖခင်ရဟန်သာအိကနေရှပ်က သြတ္တပ္ပစိတ်ကို ဆန်းစစ်ခြင်းဆုတောင်းမေတ္တာသင်ပေးထားပါတယ်။ နက်စဥ်ဘဝအသက်သာ၌လူတိုင်းအသုံးပြုသင့်တဲ့ ဆုတောင်းခြင်းနည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ခရစ်ယာန်ဘာသာမှပဲတောင်းလို့ရတာမဟုတ်ဘူး လူတိုင်းက ကိုယ်စီကိုယ်းကွယ်တဲ့ဘုရားထံဒီနည်းလမ်းလေးကို အသုံးပြုပြီးသြတ္တပ္ပစိတ်ကို ဆန်းစစ် ဆုတောင်းနိုင်ပါတယ်။ဒီဆုတောင်းခြင်းက ကြာချိန်၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ အချိန်ယူပြီး မိမိအအတွက်သက်တောင်းသက်သာရှိသော အခန်း၊ ဘုရားရှိးခိုးခန်း၊ ပန်ခြံ၊ တောင်ပေါ်၊ စရှိသောနေရာတွေမှာ သက်တောင်းသက်ထိုင်ပြီး ပြုလုပ်နိုင်ပါတယ်။ -
ခရူစူးအမှတ် မှတ်သားခြင်း၏အဓိပ္ပါယ်။ 08.09.2025 14mခရူစူးမှတ်သားခြင်းဧဝံဂေလိကျမ်းစာကို မဖတ်ခင်လေးမှာ ရဟန်း (သို့) ဦးပဥ္စင်းကြီးက - “ (န) ရေးထားသော သန့်ရှင်းသော ဧဝံဂေလိကျမ်းတည်း” ဆိုပြီး ရွတ်ဆိုပါတယ်။ ပြီးတော့ ဘာသာသူတွေအားလုံးက “အိုဘုရားသခင် ကိုယ်တော်ရှင်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ” ဆိုပြီးပြန်လည် တုန့်ပြန်ရပါတယ်။ လိုက်ရွတ်ဆိုရုံသာမကဘဲ ညာဘက်လက်မဖြင့် ခရူစူးအမှတ်ကို နဖူး၊နှုတ်နှင့် ရင်ဘတ်ပေါ်တို့မှာ သားကြပါတယ်။ မိတ်ဆွေ၊ ကျွန်တော်တို့ ကက်သလစ်အသင်းတော်ကြီးက နှစ်ပေါင်းနှစ်ထောင်ကျော်လာခဲ့ပြီး ဒါပေမယ်. ယနေ့အချိန်ထိ ကျွန်တော်တို့ အသင်းတော်အတွင်းလုပ်ဆောင်ရသော ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အမှတ်အသားနှင့် ဘဏ္ခာတွေ အကြောင်းကို ဘာသာသူ အနည်းငယ်သာ နာလည်းပြီး အများစုဟာ အမှတ်အသားတစ်ခု၊ လဏ္ခာတစ်ခုအဖြစ်သာ လုပ်ဆောင်ကြပါတယ်။ တကယ် ဒီခရူစူးအမှတ်သားခြင်းဟာ လေးနက်ပြီး နေစဥ်အသက်သာ၌မရှိမဖြစ်လိုအပ်သော အချက်လည်းဖြစ်ပါတယ်။ #ကက်သလစ်အသင်းတော် #ခရူစူးအမှတ်အသား#podcast #podcastmyanmar #ကက်သလစ်ဘာသာ#brmattzsj#education -
ခရစ္စတူးအမှတ်အသားလဏ္ခာ အကြောင်း 28.08.2025 23mခရစ္စတူးအမှတ်အသားလုပ်ခြင်းက.. ဘာအဓိပ္ပာယ်ရှိလို့လဲ....?ဆိုတဲ့ခေါင်းစဥ်လေးကို သေချာဆွေးနွေးဝေမျှထားပါတယ် မိတ်ဆွေ။လာရောက်ကြည့်ရှုအားပေးလို့အင်မတန်ဝမ်းသာမိပါတယ်။ အချိန်ပိုင်းများ0:00 Intro0:45 အစပြုခြင်း။ 02:05 ခရစ္စတူးအမှတ်အသား ဆိုတာဘာလဲ။04:16 ခရစ္စတူးအမှတ်အသားလုပ်ဖို့ လက်ဘယ်နှစ်ချောင်းသုံးရသလဲ။06:35 ကျမ်းစာအားဖြင့်အနည်းငယ်ရှင်းပြခြင်း။09:45 သမိုင်းအနည်းငယ်ပြောပြခြင်း။12:10 ခရစ္စတူးအမှတ်အသား၏အနက်ဖွင့်ဆိုချက် ပထမအချက်။13:30 ဒုတိယအချက်။15:08 တတိယအချက်။17:08 စတုတ္ထအချက်။18:57 ပဉ္စမအချက်။20:00 ဒသာနအတွေးအခေါ်။ 21:30 Outro#ကက်သလစ်အသင်းတော် #podcast #themattzshow #podcastmyanmar #ခရစ္စတူးအမှတ်အသား#မြန်မာ #မြန်မာသီချင်းကောင်းများ#ကက်သလစ်ဘာသာ#ဘာသာရေးအသိပညာ#ကက်သလစ်ဘုရားစကား#ကက်သလစ်လူငယ် -
ကိုတော်မြတ်ပွဲနေ့ ထောက်ရှုချက်။ Corpus Christi 21.06.2025 16mကိုတော်မြတ်ပွဲနေ့ ထောက်ရှုချက်လေးဖြစ်ပါတယ်။ Corpus Christi -
ဆင်းတု၊ရုပ်တုတွေ ကိုးကွယ်တာဆိုတော့ ငရဲကြမှာ....? 16.06.2025 24mဆင်းတု၊ရုပ်တု ကိုးကွယ်ကြတာဆို.....ငရဲကြမှာ..? ဒီဗီဒီယိုလေးမှာ ကက်သလစ်တွေ ဆင်းတုကို ကိုးကွယ်သလားဆိုတဲ့ မေးခွန်းလေးနဲ့ သုံးသပ်ဆွေးနွေးသွားတာဖြစ်ပါတယ်။ အားလုံးလာအားပေးကြလို့ ကျေးဇူးတင်ပါတယ်။ -
ကျွန်တော်တို့ ကက်သလစ်တွေ မယ်တော်သခင်မကို ကိုးကွယ်တာလား 04.06.2025 20mကျွန်တော်တို့ မယ်တော်သခင်မကို ကိုးကွယ်တာလားဒီတစ်ခါ ကျွန်တော် ဆွေးနွေးတာက ကျွန်တော်တို့ ကက်သလစ်တွေက မယ်တော်သခင်မကို မကိုးကွယ်ဘဲ အရိုအသေပြု၊ ဝိညာဥ်ရေးမိခင်အဖြစ်လက်ခံယုံကြည် ထားကြောင်းကို ပြောပြတာဖြစ်ပါတယ်။ -
ကက်သလစ်ရဟန်း\ ဘုန်းကြီးတွေ ... ကျမ်းစာထဲမှာရှိလာ? 01.06.2025 18mဒီထဲမှာ ကျွန်ုတော်တို့ ကက်သလစ်ဘုန်းတော်ကြီးတွေ ကျမ်းစာထဲမှာရှိကြောင့် သက်သေပြဖို့ ကျွန်တော် ဒီဗီဒီယိုကို လုပ်ခြင်းဖြစ်ပါတယ်။ ကျွန်တော့်လို အသိပညာအားနည်းသူတွေ အတွက် အကျိုးရှိလိမ့်မယ်လိုယုံကြည်ပါတယ်။ အားလုံးကိုလည်း ကြိုဆိုပါတယ်။ #catholicchurch #myanmarpreistkilled#myanmarcardinalcharlesbo#Charlesbo#Myanmarcatholicchurch#priests#priesthood -
ရဟန်းဖြစ်ကျောင်းက..ကျောင်းသားများအကြောင်း 31.05.2025 24mကက်သလစ်ရဟန်းဖြစ်ကျောင်းက ရဟန်းဖြစ်ကျောင်းသားများအကြောင်း formation အကြောင်း -
ရဟန်းတစ်ပါးဖြစ်ဖို့ဆိုတာ... 29.05.2025 10mရဟန်တစ်ပါးဖြစ်ဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး။ ဘာကြောင်းလဲဆက်နားထောာင်းပါ။ -
လူတိုင်းကို ဘုန်းကြီး၊ သီလရှင်ဖြစ်ဖို့ ဘုရားမခေါ်ဘူးလား . 25.05.2025 15mလူတိုင်းလူတိုင်းကို ဘုရားသခင်က သူ့ဘုန်းကုန်တော်အတွက်တစ်ယောက်တစ်မျိုးစီခေါ်ထာပါတယ်။ Myanmar Podcast,Burmese Podcast,Vlog,Daily Vlog,Vlogger,YouTuber,Myanmar YouTube Channel,ခေါ်တော်မှုခြင်း,ဘုရားအတွက်,ဘုန်းကြီး,ရဟန်း,ကက်သလစ်,သီလရှင်,မြန်မာ,viral,viral myanmar -
ရှင်သန်ကြပါစို့ (Let's be ALIVE!) 24.02.2025 39mရှင်သန်ကြပါစို့ (Let's be ALIVE!)ဒီခေါင်းစဥ်ဖြင့်Sr. L Marie Aye, SPS မှ ဝေမျှပေးသွားတာ ဖြစ်ပါတယ်။ ( ဝိညာဏ်ရေး၊ စိတ်ခွန်အား၊ ပျော်ရွှင်ခြင်း၊ ဒုက္ခဝေဒနာ ကိစ္စ စသဖြင့်ပါဝင်ပါတယ်။) -
ချစ်သူများနေ့ ဖြစ်ပေါ်လာပုံ || Valentine's Day 03.02.2025 16mValentine’s Day ဆိုတာ……. “လူတိုင်းလုပ်လို့ လိုက်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဉာဏ်မရှိတာဘဲဖြစ်လိမ့်မယ်” (((ဘာကြောင့် ဖေဖော်ဝါရီလ ၁၄ရက်ကို ချစ်သူများနေ့အဖြစ်လူသိများလာတာလဲ။))) Valentine’s Day လို့ကြားလိုက်တိုင်း လူတော်တော်များများက ချစ်သူများနေ့လို့ သိကြပါတယ်။ အချို့ကြတော့ ချောကလက်၊ ချစ်သူပန်းစည်း (သို့) ချစ်သူလက်ဆောင်တွေ ပေးရသောနေ့လို့သိကြသလို လူငယ်အများစုကလည်း သမီးရည်းစားတွေ ချိန်းတွေ့ရသောနေ့အဖြစ် သိခဲ့ကြတာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ခေတ်အခြေအနေတိုးတက်ပြောင်းလဲမှုနှင့် လွှမ်းမိုးမှုကြောင့် ဖြစ်လာတာဖြစ်ပြီး အပြစ်မတင်လိုပါဘူး။ သို့သော် စစ်မှန်သောValentine’s Day က ဘာလဲဆိုတာကိုတော့ လူငယ်မျိုးဆက်သစ်တွေ အားလုံးကို အမြင်မှန်၊နားလည်မှုမှန် ရစေခြင်ပါတယ်။ Valentine’s Day ဆိုတာ ချစ်သူများကြောင့် ဖြစ်လာတာ မဟုတ်ကြောင့်ကိုလည်းအသိပေးစေချင်ပါတယ်။ Valentine’s Day၏ သမိုင်းနောက်ခံ ................................... Valentine’s Day ဖြစ်ပေါ်လာခြင်း .................................................. ယနေ့ခေတ် ချစ်သူများနေ့ခေါ် “Valentine’s Day” ယနေ့ခေတ်မှာဆိုရင် Valentine’s Dayကို လူတိုင်းက သူချစ်များနေ့အဖြစ်သာ သိလာကြတာဖြစ်ပါတယ်။ မှန်လည်းမှန်ပါတယ်။ ဘာလို့လဲဆိုရင် အနောက်နိုင်ငံများ၏ယဥ်ကျေးမှူနှင့် အနုပညာလွှမ်းမိုးမှုကြောင့်ဖြစ်ပြီး ကျွန်တော်တို့ ၎င်း၏ အရင်းအမြစ်သမိုင်းကို မသိနားမလည်ကြခြင်းကြောင့်ဖြစ်ပါတယ်။ တကယ်ဆိုရင် Valentine’s Day ဟာ ချစ်သူများနေ့သာမကပါဘဲ ကိုယ့်လူမျိုးနှင့်နိုင်ငံအတွက်၊ယုံကြည်ခြင်းတွေအတွက် ပေးစပ်ခဲ့ကြသော ဓမ္မအာဇာနည်တွေ အားလုံးကိုလည်း အရိုသေပြု၊ ဂုဏ်ပြုသင့်သောနေ့တနေ့ဖြစ်ပါတယ်။ မဟုတ်ရင် ကျွန်တော့်တို့ Valentine’s Day ကိုမပါဝင်သင့်ကြောင့်နှင့် လူတိုင်းနှင့် မတိုက်ဆိုင်ကြောင်း ကျွန်တော်အကြံပြုရေးသားချင်ပါတယ်။ ကျွန်တော်ထည့်သွင်းစဥ်းစားစေချင်တာက သမိုင်းအထောက်အထားကို သေချာနားလည်ပြီး၊ Valentine’s Day ကို ထိုက်တန်စွာပါဝင်ကျင်းပဖို့ပဲဖြစ်ပါတယ်။ လူတိုင်းလုပ်တော့ လိုက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ စဥ်းစားဉာဏ်မရှိတာပဲ ဖြစ်ကြလိမ့်မယ်။ ဖေဖဝါရီလ၁၄ရက်နေ့ဟာ ချစ်ခြင်းမေတ္တာတွေကိုအချင်းချင်းဝေမျှကြပြီး ၎င်း၏ချစ်ခြင်းမေတ္တာသုံးမျိုးဖြစ်သော ဘုရားချစ်၊ မိသားစု၊သူငယ်ချင်းချစ်နှင့် သမီးရည်းစားချစ်(Agape/ Philia/ Eros) စတာတွေကို ပြန်လည်အောက်မေ့သတိရသော နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ အယ်ဒီနေ့မှာ လက်ဆောင်ပစ္စည်း၊ ချောကလက်၊ ပန်းစည်းစတာတွေကို ဝေမျှကြပြီး ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။ ကျွ န်တော်တို့ရရှိသော လက်ဆောင်ပစ္စည်းတွေက ချစ်ခြင်းမေတ္တာကိုပြသော လက္ခဏာသင်္ဂကေတတွေသာဖြစ်ပါတယ်။ ဒါကြောင့် Valentine’s Day ၏အနှစ်သာရဟာ လက်ဆောင်ပစ္စည်းတွေမှာပဲ အခြေမခံဘဲ၊ ရင်ထဲမှလာသော ချစ်ခြင်းမေတ္တာတွေသာဖြစ်ပါတယ်။ နောက်ဆုံးအားဖြင့်မှာပါရစေ Valentine’s Day ဆိုတာ စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ စေတနာ၊ပေးစပ်ခြင်းနှင့် အာဇာနည်စိတ်ဓာတ်တွေကို အသိမှတ်ပြုပြီး ပြန်လည်အတုယူရသော နေ့ပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ခံချင်သောအရာများကိုသာလက်ခံပြီး အယ်ဒီပွဲရဲ့အနှစ်သာရကို မေ့ပျောက်ထားကျင်းပမယ်ဆိုရင် အယ်ဒီပွဲဟာ လောကနှင့်ဆိုင်သောပွဲတစ်ခုသာ ဖြစ်စေသလို ငါးရာစုဝန်းကျင်က ဘာသာမဲ့ရောမလူမျိုးတွေကျင်းပသော Lupercaliaပွဲနဲ့သာ အတူတူပင် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်ဆုတောင်းမေတ္တာပို့သချင်ပါတယ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့ Valentine’s Day မှာ ကမ္ဘာပေါ်ရှိ မိသားစုတိုင်း ဘုရား၏ချစ်ခြင်းမေတ္တာကိုခံစားရပြီး ချစ်ရသူတွေနှင့်လည်း ၎င်း၏စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဝေမျှကာ St. Valentine လို လူတကာအတွက် ပေးဆပ်ပြီး စစ်မှန်သောသတ္တိရှိကြပါစေ။ သင်၏မိတ်ဆွေမှ…….. . By Matt,sj. (29January, 2025) ကိုးကားစာဆောင်များ ၁။https://www.catholic.org/saints/saint.php?saint_id=159&utm_source=chatgpt.com ၂။https://aleteia.org/2022/02/09/why-is-st-valentines-feast-day-not-on-the-churchs-calendar?utm_source=chatgpt.com ၃။Valentine’s Day | Definition, History, & Traditions | Britannica -
စိတ်သာအဓိကဆိုရင် 21.01.2025 11m#စိတ်သာအဓိကဆိုရင် ((("အတွင်းမှာ ကြည်တဲ့ရေက ထွက်လာတော့အကြည်ပဲဖြစ်ပါတယ်။ ရေစစ်များများသုံးဖို့မလိုပါဘူး။ အတွင်းထဲမှာမကြည်တဲ့ရေက ရေစစ်ပိုသုံးရပါလိမ့်မယ်။")))လူတော်တော်များများက ဓါတ်ပုံရိုက်တော့မယ့်အချိန်ကြမှ မိမိကိုယ်ကို စသတိပြုမိလာတတ်ကြပါသတဲ့။ အနေအထား၊ အ၀တ်အစား၊သပ်ရပ်မှု၊ ရှုခင်း၊ ဖုန်း စသဖြင့်ပေါ့လေ။ But သတိပြုမိဖို့တော်တော်ခက်ခဲတဲ့အရာတစ်ခုက ဘာလဲဆိုရင် အပြုအမူဟန်ပန်ထက် ပိုအရေးကြီးတဲ့ အတွင်းစိတ်ပဲဖြစ်ပါတယ်။ အတွင်းစိတ်က ပျော်နေမှသာလျှင်၊ ငြိမ်းချမ်းနေမှာသာလျှင်၊ လုံခြုံနေမှသာလျှင် ပိုပြီးတောက်ပ၊လှပနေမှာဖြစ်ပါတယ်။ စိုး, အမြဲတမ်းမိမိကိုမိမိ အသိစိတ်ရှိအောင်လုပ်ပါ။ "အတွင်းမှာ ကြည်တဲ့ရေက ထွက်လာတော့အကြည်ပဲဖြစ်ပါတယ်။ ရေစစ်များများသုံးဖို့မလိုပါဘူး။ အတွင်းထဲမှာမကြည်တဲ့ရေက ရေစစ်ပိုသုံးရပါလိမ့်မယ်။" အခုခေတ်စကားနဲ့ဆို effect သုံးမှဖြစ်ပါတယ်။Effect များများသုံးမှ သတ္တိရှိလာတယ်ဆိုရင်၊ မိမိကိုမိမိ နားမလည်၊လက်မခံသေးလို့ဖြစ်ပါတယ်။ အဆိုမကြည်တဲ့ရေတွင်းတစ်ခုလိုဖြစ်နေတယ်။ ရေကြည်အောင် ရေတွင်းကို ဆေးကြောရမယ်၊ သတိမူရမယ်၊ လိုအပ်တာထည့်ရတယ်၊ကာကွယ်ပေးရတယ်။ ဒီလိုပါပဲ မိမိကိုယ်ကို အားရမှုမရှိရင် အတွင်းစိတ်ကိုဆန်းစစ်ပါ။ ဖယ်သင့်တာရှိရင်ဖယ်ပစ်ပါ။ ပေးစပ်သင့်တာရှိရင် ပေးစပ်လိုက်ပါ။ ငိုသင့်တာရှိရင် ထိန်းမနေနဲ့ ငိုချလိုက်ပါ။ အဓိက မိမိစိတ်တည်ငြိမ်၊ ငြိမ်းချမ်းနေဖို့လိုတယ်။ ဒါမှ ပတ်ဝန်းကျင်မှာ ပိုပြီးနွေးထွေး၊တောက်ပ၊သတ္တိရှိလာမှာဖြစ်ပါတယ်။ငါ့လိုမဖြစ်ရလေအောင် အသိစိတ်ကိုမူပါနော် မိတ်ဆွေ By Matt,sj. A-Myin = linktr.ee/hesa2024 -
ခရစ္စမတ်ဆိုတာ ဘာလဲ 19.12.2024 23mခရစ္စမတ်ဆိုတာ ဘာလဲ? ဘာကြောင့်ခရစ္စမတ်ပွဲကျင်းပရတာလဲ “ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဠိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့်မှည့်ရလတံ့။” (Isaiah 7:14) MBS. ခရစ္စမတ်ပွဲဆိုတာ လူမျိုးတကာတို့ရဲ့ကယ်တင်ရှင် သူငယ်တော်ယေဇူး၏ မွေးနေ့ကို ကြိုဆိုသောအားဖြင့် ကျင်းပသောပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ပြစ်သားအတွက် သခင်ဘုရားက လူ့ဇာတိကိုခံပြီး ကယ်တင်ခြင်းနှင့် မျှော်လင်းခြင်း ကျေးဇူးတော်တွေကို ယူဆောင်လာသော ကာလလည်းဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူထဲ၌ တစ်ပါးတည်းသော ဘုရားသားတော်လည်းဖြစ်ပါတယ်။ ဘုရားသခင် ကျွန်တော်တို့ထံသို့ဆင်းသက်လာခြင်းသည် အဖခမည်းတော်ဘုရား၌ ကျွန်ုပ်တို့ကျူးလွန်းပြီးသော အပြစ်များးကို ပြန်လည်သိမ်းမြတ်ကြေအေးပေးသည့် အထိမ်အမှတ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရစ္စမတ်ပွဲဟာ ဘုရားသခင်၏ ကိတော်ပြည့်သည့်နေ့ ဖြစ်သလို ချစ်ခြင်း၊ နှင့်ငြိမ်ချမ်းခြင်းတို့နှင့် ပြည့်ဝသော နေ့တစ်နေ့လည်းဖြစ်ပါတယ်။ (Zechariah 9:9)ဘာကြောင့်ခရစ္စမတ်ပွဲဟာ ခရစ်ယာန်တို့၏အစဥ်အလာပွဲတစ်ခုဖြစ်လာတာလဲ ခရစ္စမတ်ပွဲဟာ သင်ခင်ယေဇူးမွေးဖွားပြီးပြီးချင်း စတင်ကျင်းပလာတာမဟုတ်ပါ။ သခင်ယေဇူးကြွလာခြင်းကို ကျမ်းစာ၌အတိအကျတွေ့ရသော်လည်း မွေးရက်အတိအကျ ကိုကျမ်းစာထဲ၌ မဖော်ပြသလို ဘယ်ပညာရှင်ကမှ အတိကျအခုချိန်ထိ ဖော်နိုင်ခြင်းမရှိသေးပါ။ (Luke 1:26-35) သို့သော် သခင်ယေးဇူး၏မွေးနေ့ပွဲအဖြစ် ရှေးဦးခရစ်ယာန်များက လေးရာစု ပတ်ဝန်းကျင်တွင်စတင် ကျင်းပလာကြပြီး ဒီဇင်ဘာလ၂၅ရက်နေ့ကို ပွဲနေ့အဖြစ်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ထိုသို့ရွေးချယ်ရခြင်းဟာ ရောမလူမျိုးတို့၏ ရိုးရာပွဲတော်(Sol Invictus) စသောပွဲတွေရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်ပြီး ၎င်းပွဲများကို ဒီဇင်ဘာလ ၂၅ရက်ဝန်းကျင်၌ ကျင်းပလေ့ရှိခဲကြတာဖြစ်ပါတယ်။ ကျမ်းစာ- (Isaiah 7:14, Luke 1:26-35, Matthew 1:18-25, Galatians 4:4-5, John 1:14)ထို့နောက် ခရစ္မမတ်ပွဲကို (liturgical celebration) ဝတ်ပြုကိုးကွယ်ခြင်းတစ်ခုအဖြစ် ဝတ်ပြုခြင်းဆိုင်းရာ ပြက္ခဒိန်ထဲ၌ စတင်ထည့်သွင်းခြင်းခံခဲ့ပြီး အေဒီ ၃၅၂ခုနှစ် ဝန်းကျင်၌ ပုပ်ရဟန်းမင်းကြီး ဂျူလီယပ် ပထမမြှောက်က ခရစ္စမတ်ပွဲ(သူငယ်တော်မွေးနေ့)ကို ဒီဇင်ဘာလ ၂၅ရက်နေ့အဖြစ် အတည်ပြုကြေငြာခဲ့ခြင်းဖြစ်ပါတယ်။ ငါးရာစုဝန်းကျင်၌ ကမ္ဘာတစ်ဝန်းရှိခရစ်ယာန်များကလည်း ထိုသွန်သင်ချက်အသစ်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလာခဲ့ကြပါတယ်။ ကျွန်တော်တို့အတွက် ခရစ္စမတ်ဆိုတာဘာလဲအထူးသဖြင့် ခရစ်ယာန်(ကက်သလစ်)ဘာသာဝင်များအတွက်ဆိုရင် ခရစ္စမတ်ပွဲဟာ ခမည်းတော်ဘုရား၏ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချခြင်းတို့ကို သတိရစေသော နေ့တစ်နေ့ပဲဖြစ်ပါတယ်။ သူငယ်တော်ယေဇူးမွေးဖွားလာပုံရိပ်များကို သုံးသတ်ထောက်ရှုကြည့်ခြင်းအားဖြင့် သခင်ယေဇူး၏ ဆင်းရဲနှိမ့်ချမှုနှင့် ရိုးရှင်းမှုတို့ကို သတိထားမိလာမှာဖြစ်ပါတယ်။ ထိုကြောင့် ခရစ္စမတ်ပွဲဆိုတာ ကျွန်တော်တို့ယုံကြည်သူတွေအတွက် နှိမ့်ချခြင်းနှင့် စာနာသနားခြင်းတို့ကို ပျော်ရွှင်မှုနှင့် ပွေးပိုက်ပြီး ရှင်သန်ကြဖို့ ခွန်အားယူရသောနေ့ပဲ ဖြစ်ပါတယ်။ ဒီလိုခရစ္စမတ်အချိန်ကာလဟာ ကျွန်တော်တို့အတွက်ဝိညာဥ်ရေး၌အသစ်တဖန်ပြောင်းလဲပြီးအချစ်တွေဝေမျှကြဖို့လည်းလိုအပ်လှပါတယ်။ (Psalm 103:11-13, 2 Corinthians 9:15, 1 John 1:5-9, Philippians 2:8-11 …)ခရစ္စမတ်ရဲ့တန်ဖိုးများခရစ္စမတ်ကလာသည် ကျွန်တော်တို့၏ အသက်သာကို ယုံကြည်ခြင်း၌အခြေခံပြီး ချစ်ခြင်း၊ စာနာသနားခြင်းနှင့် ပျော်ရွင်ခြင်းများ၌ရှင်းသန်ကြဖြစ်ဖို့ရန်ဖြစ်ပါတယ်။ ဒီအခိုက်အတန့်သည် ဘုရားသခင်၏သွန်သင်ခြင်းကို သတိရရှိစေပြီး၊ ကျွန်တော်တို့အတွက် ကယ်တင်ခြင်းဆုကျေးဇူးတော်များကို ပြန်လည်ထောက်ရှုရန်ကာလဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရစ္စမတ်ပွဲကျင်းပခြင်းဟာ ကျန်တော်တို့ချစ်ရသော မိသားစု၊ အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအတွက် စည်းရှံးခြင်းခွန်အား၊ ပြန်လည်သိမ်းမြတ်ခြင်းခွန်အားစသဖြင့် ကောင်းကြီးတွေသွန်းလောင်းပေးသောအခါလည်းဖြစ်ပါတယ်။ ခရစ္စမတ်ပွဲကို ဘယ်သူတွေကျင်းပသလဲခရစ္စမတ်ပွဲပာာ လူတိုင်းအတွက်ဖြစ်ပြီး လူတိုင်းပါဝင်ကျင်းပနိုင်သော သန့်ရှင်းသော ပွဲကြီးတစ်ခုဖြစ်ပါတယ်။ သို့သော် အတင်းအဓ္မပါဝင်ကျင်းပဖို့ရန်စည်းမျဥ်းစည်းကမ်းများမရှိသလို မိမိယုံကြည်မှုနှင့် ခံယူချက်အပေါ်မှုတည်ပြီး ပါဝင်ကျင်းပရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကောင်းတစ်ယောက်ဟာဆိုရင်စိတ်အားဖြင့်သော်လည်းကောင်း၊လူအားဖြင့်သော်လည်း ကောင်း သူငယ်တော်ကို ကြိုဆိုနူတ်ဆက်မှာဖြစ်ပါတယ်။ ခရစ္မမတ်ကာလဟာ ယုံကြည်သူခရစ်ယာန်များအတွက် သခင်ခရစ်တော် လောကသို့ ကြွလာသောကာလ၊ မြင့်မြတ်သော နေ့ပဲဖြစ်ပါတယ်။ (Romans 15:13, Romans 6:23, Micah 5:2, Romans 12:10, ….)ခရစ္စမတ်ပွဲနှင့် လက်ရှိရောဂါမည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ သတိထားရှိရမည့်အချက်တွေလည်းရှိပါတယ်။ ခရစ္စမတ်ပွဲ၏ ဝိညာဉ်ရေးဆိုင်ရာ အရေးပါမှုကို ရုပ်ဝါဒအားဖြင့် သို့မဟုတ် လောကီဝါဒအားဖြင့် လွှမ်းမိုးမသွားစေရန် ကျွန်ုပ်တို့ သတိထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အချို့သောနေရာဒေသတွေမှာ ခရစ္စမတ်ကာလကို အလွဲသုံးစားလုပ်ပြီး ပုဂ္ဂိုလ်ရေးကိစ္စအတွက် လိုအပ်သော ငွေကြေး၊ ပျော်ရွှင်မှုနှင့် အသုံးအဆောင်ပစ္စည်း စသဖြင့် ပြိုင်ဆိုင်မှုတွေ၊ မက်မောမှု ရှိနေတာကြောင့် ကျွန်တော်တို့အထူးသတိပြုရမှာဖြစ်ပါတယ်။ ခရစ္စမတ်ပွဲဆိုတာ အပေါ်ယံဟန်ပန်တွေထက် ကျွန်တော်တို့စိတ်ထဲ သူငယ်တော်မွေးဖွားပြီး ငြိမ်းချမ်းခြင်း၊ ပျော်ရွင်ခြင်းနှင့် နှိမ့်ချခြင်းကျေးဇူးတော်တို့ကို ခံစားနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်ရရှိသော ကောင်းကြီးများ၊ ကျေးဇူးတော်များကို သူတစ်ပါးထံ၊ မိသားစု၊ အသိုင်းအဝိုင်းများထံ ပြန်လည်ပြန့်ပွားနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင်ကြွရောက်လာတော့မည့် သူငယ်တော်ယေဇူးကို ထိုက်တန်စွာ ကြိုဆိုလက်ခံနိုင်ဖို့ရန် မိမိကိုယ်ကို အကောင်းဆုံးပြင်ဆင်ပြီး ခရစ္စမတ်ပွဲကို ရိုသေလေးစားခြင်း၊ ကျေးဇူးတင်ခြင်း၊ ခိုင်မာတဲ့ စိတ်ထားတွေနှင့် ချင်းကပ်ပြီး သူတစ်ပါးထံသို့ သတင်းကောင်းမျှဝေရင်း ကျင်းပကြစို့။ ဆက်လက်လေ့လာရန်..။ ။ 1. Catechism of the Catholic Church (Sections 525-526) discusses the theological significance of Jesus' birth and the celebration of Christmas.2. The History of Christmas* by Michael Alan Anderson explores the origins and evolution of Christmas traditions.1. Christmas: A Candid History* by Bruce David Forbes offers an accessible overview of how Christmas has been celebrated through the ages.2. The Real Reason We Celebrate Christmas" on Christianity.com³ provides insights into the religious significance of the holiday.3. Christmas | Origin, Definition, Traditions, History, & Facts" on Britannica¹ offers a comprehensive look at the history and customs associated with Christmas.4. The First Recorded Celebration of Christmas - Christianity. https://www.christianity.com/.../the-1st-recorded....5. Christmas | Origin, Definition, Traditions, History, & Facts | Britannica. https://www.britannica.com/topic/Christmas.6. How Did Christmas Start? The History Behind the Holiday. https://www.lo vetoknow.com/celebrations/christmas/how-did-christmas-start.7. Christmas | Catholic Answers Encyclopedia. https://www.catholic.com/encyclopedia/christmas.8. What Is the Real Reason We Celebrate Christmas? - Christianity. https://www.christianity.com/.../what-is-the-real-reason....9. Meaning of Christmas: Origin, History, and Traditions - Christianity. https://www.christianity.com/.../what-is-the-meaning-of.... #myanmar #Burmese #podcast #Christmass -
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း - သင့်ရဲ့ နာကြင်မှုထက် လက်တွေ့အပြုအမူကိုလိုလားသော ပြဿနာ 02.12.2024 30mကာကွယ်ခြင်းသည် ကုသခြင်းထက်သာ၍ပိုကောင်း၏။ ၂၁ရာစုခေတ်မှာ လူတိုင်းလိုလို သတိထားမိလာကြတဲ့ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းဟာ တစ်နေရာ၊တစ်ဒေသ တစ်ခုထဲ၌ ဖြစ်နေတာမဟုတ်ပဲ တစ်မ္ဘာလုံးအတိုင်းအတာ၌ တွေ့ကြုံခံစားနေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ သို့သော် သတိထားမိရုံနဲ့ ဖြေရှင်းလို့မရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီတိုင်းရဲ့ လက်တွေ့ဆန်သော တုန့်ပြန်မှု သို့မဟုတ်အပြုသဘောဆောင်သော တာဝန်ယူမှုရှိဖို့ အင်မတန်လိုအပ်လှပါတယ်။ ကမ္ဘာတစ်ဝန်းရှိ မိုလေဝသာပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းတော်တော်များများကလည်း ၎င်းကိစ္စကို အကြိမ်ကြိမ်သတိပေးကြပြီး အမြန်ဆုံးမှန်ကန်သောနည်းဖြင့် ဖြေရှင်းနိုင်ရန် စာအုပ်စာပေများစွာလည်းထုတ်ဝေခဲ့ကြပါတယ်။ သို့သော် ကျွန်တော်တို့ လူတော်တော်များများက ၎င်းကိစ္စကို စိတ်ဝင်မစားကြသလို၊ မိမိစီးပွားရေးအတွက်ထိခိုက်သော စည်းကမ်းများ၊ အသိပညာများကို မထင်မဲ့မြင်ပြုချင်ကြပါတယ်။ ကျွန်တော်တို့ လူသားတွေအားလုံးဟာ ပြဿနာတစ်ခုရဲ့ အကျိုးဆက်ကို လက်တွေ့ခံစားမှ၊ ဘေးပတ်ဝန်းကျင်ကို အပြစ်တင်ရှောက်ချတတ်ကြတာဖြစ်ပါတယ်။ သို့သော် မိမိတာဝန်ဝတ်တရားကို မိမိမကျေလျှင်၊ ဘယ်အရာကမှ ပြောင်းလဲမှာမဟုတ်ကြောင်း ကျွန်တော်တို့ သိထားဖို့တော့လိုပါတယ်။ ဒီမေးခွန်းလေးတွေ မေးဖူးလာမိတ်ဆွေ။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုဆိုတာဘာလဲ။ ဘာကြောင့် ဒီပြဿနာဖြစ်လာရတာလဲ။ မိမိတာဝန်ကဘာများလဲ။ မိမိအစိုးရ၊မိမိဘာသာရေးခေါင်းဆောင်တွေက ဒီကိစ္စကို ဘလိုတုန့်ပြန်သလဲ စသဖြင့် ကျွန်တော်တို့ ထောက်ရှုမေးမြန်းဖို့အချိန်ရောက်နေပြီ မိတ်ဆွေ။ သင်မှမလုပ်ရင် ဒီကမ္ဘာကြီးက သူ့ဟာသူလုပ်မှာမဟုတ်သလို၊ မိမိလုပ်ရပ်တိုင်းသည် မိမိပြန်ခံစားရမှဖြစ်ပါတယ်။ #myanmar #Burmese #burmese #climatechange #climatecrisis
Popular in
The podcast also appears in the podcast charts of these countries.